အိမ် “ မောင်စွမ်းရည် ”

Photobucket

ကိုယ့်အိမ်ကိုဆောက်
ဆယ်နှစ်လောက်ကြာ။

ကိုယ့်အိမ်ကိုယ်ဖျက်
ဆယ်ရက်လောက်ကြာ ။

ကိုယ့်အိမ်သူဖျက်
တစ်ရက်မကြာ ။
ဓနိယသုတ် ကျွန်ုပ်ဆိုကာ
နေပူမိုးရွာ သူခိုးလာလိုလာ ။

အမိုးမရှိ ၊ မရှိ အကာ
တိုင်လည်းမရှိ ၊ တန်းမရှိပါ ။
ကြမ်းလည်းမရှိ ၊ ငြမ်းမရှိပါ ။
တံခါးလည်းပြုတ် ၊ မင်းတုတ်ဗလာ
မုန်တိုင်းည ဓားပြလာလိုလာ ။

ဓနိယငဲ့ ငါ့ကို ကြည့်ပါ
အိမ်လည်းမရှိ ၊ နွားမရှိပါ
နွားစာမရှိ ၊ မရှိလူစာ
သည်ခဏ သုညငြိမ်းချမ်းစွာ
မရှိမှု ရှိမှုထက်တောင့်သာ ။    ။

မောင်စွမ်းရည်
၁၈ ၊ ၇ ၊ ၉၇
ရွှေမော်ကွန်း အမှတ်( ၂၉ )
၁၉၉၉ နိုဝင်ဘာလထုတ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More