ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းရှင်သန်နေရသော
လူ့ဘ၀အခန်းကျဉ်းလေးထဲမှ နေ့စဉ် ကြုံတွေ့ဖြတ်သန်းထိတွေ့နေရသော အကြောင်းတရားတို့အား
”ဘ၀”ဟုခေါ်ဆိုကြသည်။
လူသားဖြစ်တည်မူတစ်ခုအေက်မှာ ရှင်သန်ရင်း
ရုန်းကန်နေကြရသည်။ လူခြင်းတူသော်လည်း ကြုံတွေ့ဖြတ်သန်းနေရသော အခြေအနေ၊ အနိမ့်အမြင့်ခြင်းမတူညီနိုင်ကြ။
ဖြတ်သန်းကြုံတွေ့နေရသော အကြောင်းတရားတို့ အလွန် သတိပြုမိသော အကြောင်းတရားတို့ ရှိသလို၊ သတိမမူမိသော
အရာတို့သည်လည်း များစွာရှိကြလိမ့်မည်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြုံတွေ့ဖြစ်ပျက်နေသောအကြောင်းတရား၊
သတိမမူမိသော၊မသိသေးသောအရာတို့အား စာရေးသူတို့က ကွက်ကွက်ကွင်းကွင်း ထင်မြင် သိရှိနားလည်လာစေရန်
ကလောင်ဖြင့် ရေးသားဖော်ထုတ်ပေးကြသည်။
စာရေးဆရာ မောင်မောင်သိန်းလှိုင်ရေးသော
” ဘ၀သင်းကွဲ ဝေဒနာရှင် လူသားတစ်ဦးဖတ်ဖို့ တစ်စစီ ပြန်ကောက်ခဲ့ရသော ပိုးခန်းစီးနောက်ကွယ်မှ
အစိုင်အခဲများ”
စာအုပ်သည်။ စာရေးသူက သူကြုံတွေ့ဖြတ်သန်းရင်း
ကြုံဆုံလာခဲ့ရသော လူ့ဘ၀အခန်းကျဥိးလေးထဲမှ ဖြစ်ပျက်ခံစားနေရမူတွေအား စာဖတ်သူများ ခံစားနိုင်အောင် အခန်းပေါင်း (၁၀)ခန်းဖွဲ့၍ ရေးသားပေးထားခြင်းဖြစ်သည်။
ယခု ထုတ်ဝေဖြန့်ချီသည့် စာအုပ်သည် စာရေးသူ၏ ရှစ်အုပ်မြောက် ကြိုးစားအားထုတ်မူဖြစ်သည်။
မကြာမီ ဖြန့်ချီသွားမည်ဖြစ်ပြီး ၀ယ်ယူ၊ဖတ်ရှုသိမ်းဆည်းထားသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
(၁) ချွေးမအလိမ္မာ၊(၂) ဥစ္စာရင်းမှန်တော့၊
(၃) မုန်းဖို့ကျတော့လွယ်လိုက်တာ၊ (၄) သတ်ရင်လည်း သေပါ့မယ်ဘုရား ထားရင်လည်း ရှင်ပါ့မယ်ဘုရား၊
(၅) ပေးနိုင်တာ အချစ်တွေ အို… အချစ်တွေ ပေးမှာပေါ့၊ (၆) ဆုတောင်းတစ်ခု၊ (၇) အရိုးကွဲတာတောင်၊ (၈) အတက်က၊
(၉ ) ပန်းချီဆရာ၊ (၁၀) ရွေးချယ်ခံလိုက်ရမှု၊ ရသ၀တ္ထုတို ဆယ်ပုဒ်အား စုစည်းတင်ပြပေးထားခြင်းဖြစ်ပြီး လွယ်ကူစွာမမြင်တွေ့နိုင်သော ပိုးခန်းစီး နေက်ကွယ်မှ
လူ့ဘ၀အခန်းကျဉ်းလေး ဆယ်ခန်းကို မြင်တွေ့ခံစားနိုင်မည်ဖြစ်ပြီး တခန်းစီမှ ရရှိလာမည့်
ရသခံစားမူများအား တူညီမူမရှိအောင်လည်း စေတနာထားကြိုးစားပေးထားသည်ကို ခံစားဖတ်ရှုရမည်ဖြစ်သည်။
စာမြည်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါသည်။
”အဖေရယ် ခွင့်လွတ်ပါအဖေ။ သမီးစေတနာကို
အဖေအသိဆုံးပါ။ လောကကြီးမှာ လူမိုက်တွေဟာ ဦးနှောက်မသုံးဘူး။ သေစေချင်ရင် တစ်ခါတည်း
ရိုက်သတ်လိုက်တယ်။ ပညာရှိတွေက လူတစ်ယောက်ကို သေစေချင်ရင် လူမသိ သူမသိ ရှင်းပစ်လိုက်သလိုများ သမီးဖြစ်သွားသလားမသိဘူး
အမှန်တော့ သမီး အဖေ့အပေါ် စေတနာကောင်းနဲ့ ပြုစုခဲ့တာပါ။”
ချွေးမအလိမ္မာ( စာမျက်နှာ ၃၅)
”လူတွေကပြောကြတယ်။ Thank You,
Thank You ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။ အဲဒီစကားဟာ စားလို့မရဘူး။ ၀မ်းနည်းပါတယ်၊
ဝမ်းနည်းပါတယ်။ Sorry ဆိုတဲ့စကားဟာ ပြန်လျော်ကြေးပေးလို့မရဘူး။ ဒီလို ပြီးစလွယ်
လွယ်လွယ်ပြောနေကြတော့ အလုပ်မလုပ်ခင် စဉ်းစားပေါ့။ မပြောခင်ကလည်း စဉ်းစားပေါ့။ မှားကြမှာပါ။
လူပဲမှားတတ်တာပဲ။ အမှားကင်းတဲ့လူဆိုတာ မရှိဘူး။ ဒါပေမယ့် ခဲဖျက်နဲ့ ဖျက်လို့မရတဲ့ အမှားမဖြစ်အောင်တော့ ကြိုးစားရမှာပေါ့”
ဥစ္စာရင်းမှန်တော့( စာ-၄၈)
”မဟုတ်ဘူး။ ကျွန်တော်ဖြစ်စဉ်တစ်ခုပဲ
သဘောထားတာ။ဆရာမအနေနဲ့ ကျွန်တော့်ကို သင်းကွဲငှက်တစ်ကောင်လို မြင်ချင်မြင်မယ်။ ဒါဟာလည်းအရေးမကြီးပါဘူး။ ဘာဖြစ်လို့ ဒီစကားပြောနေရသလဲဆိုတာ ကျွန်တော်သိပြီးသားပါ။
ကျွန်တော်မှာ ဘာသာတရားမရှိဘူး။ဗုဒ္ဓဘာသာ၊
ခရစ်ယာန်ဘာသာ၊ မွတ်စလင်ဘာသာ အစရှိသရွေ့ပေါ့။ ဘယ်ဘာသာတရားပဲဖြစ်ဖြစ် လိုက်နာရင် လူသားတွေအတွက်
ကိုယ်ကျင့်တရားကောင်းစေတာပဲ။
ဥပမာ ခရစ်ယာန်ဘာသာမှာ လူကိုဘုရားသခင်က
ဖန်ဆင်းတယ်။ ဘုရားသခင်က လူကိုဖန်ဆင်းတာ။ ဂျာမန်၊ အင်္ဂလိပ်၊တရုတ်၊ ကုလား၊ ပြင်သစ်၊
မြန်မာ ဖန်ဆင်းခဲ့တာ မဟုတ်ဘူး။ ဗုဒ္ဓကလည်း ဟောပြောဖူးတယ်။ လူဆိုတာ ရုပ် နာမ်ဖြစ်စဉ်ပဲ။ ဂျာမန်၊ အင်္ဂလိပ်၊တရုတ်၊
ကုလား၊ ပြင်သစ်၊ မြန်မာ ရုပ်နာမ်ဖြစ်စဉ်လို့ မဟောပြောခဲ့ဘူး။ လူဆိုတဲ့ ဖြစ်စဉ် သဘောကိုပဲ
ဟောပြောခဲ့တာ”
ဘယ်ဘာသာဖြစ်ဖြစ် ကောင်းတာချည်းပဲ။
ဘာသာတရားတစ်ခုမှာ ပြဌာန်းထားတဲ့ လူကိုယ်ကျင့်တရားဆိုတာ ရှိပြီးသားပါ။
ဒီတော့ သပိတ်အိုင်ဆရာတော်ကြီးရေးတဲ့
Buddish is Not Religious စာတန်းမှာအတိအလင်းပြောပြီးသားပဲ။ ဗုဒ္ဓဘာသာသည် ကိုးကွယ်ရမည့်
ဘာသာမဟုတ်။ သံသရာမှ လွတ်ချင်ရင် ရုပ်နာမ်ဖြစ်စဉ်ကို အမှန်မြင်အောင် ကြည့်နိုင်သိနိုင်ဖို့ပေါ့။
ကျွန်တော်မကျင့်ကြံနိုင်ဘူး။ ညံ့လို့၊
ဖျင်းလို့၊ ပါရမီမပါလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီတော့နိဗ္ဗာန်ဆိုတာ ကျွန်တော့်အတွက်
အဝေးကြီးပေါ့။ ငါးပါးသီလဆိုတာကလည်း သိပ်လုံတာ မဟုတ်ဘူး။ တစ်ခုပဲ ကျွန်တော်ကျင့်တယ်။
ကိုယ်ချင်းစာတရား ဆိုတဲ့ တရားပဲ။ လူမျိုးအစွဲ၊ ဘာသာအစွဲ ကျွန်တော့်မှာ မရှိဘူး။
ဒီတော့ ဘာသာတရားတခုကို ထဲထဲဝင်ဝင်
လေ့လာရင် အချို့ အနုပညာရှင်တွေ၊ စာရေးဆရာတွေက အထင်အမြင်နဲ့ရေးတော့ ပြဿနာလေးတွေ ပေါ်တာပေါ့။
ဥစ္စာရင်းမှန်တော့ (စာ
- ၅၁- ၅၂)
” ပခုံးမှာ အပွင့်မရှိဘူး၊ လည်ပင်းမှာလည်း
နားကြပ်မရှိဘူး၊ အိတ်ထဲမှာလည်း ပိုက်ဆံမရှိဘူး၊ လက်ထဲမှာလည်း ဖုန်းမရှိဘူး။ ဖင်အောက်မှာလည်း
ကားမရှိဘူး၊ နေစရာဆိုလို့ အိမ်လည်းမရှိဘူး။
ဒီလိုလူစားမျိုးကများ ငါ့သမီးကို
မှန်းရတယ်လို့
စဉ်းစားပါဦး အန်တီကြီးရယ် ကျွန်တော်ပေးနိုင်တာက
အချစ်တွေပါ။
ပေးနိုင်တာက အချစ်တွေ
အို… အချစ်တွေပဲ ပေးမှာပေါ့ ( စာ- ၁၀၇)
မိန်းမဆိုတာ မိန်းမပါပဲ ညီမောင်ရာ၊
သူတို့ကို ဘယ်လောက်နာကျဉ်အောင်ရိုက်ရိုက် သူတို့က မနာတတ်ဘူး။ သူတို့ရဲ့ သဘာဝအရ
နာကျဉ်ခြင်းကို ခုံမင်နေသူတွေပေါ့( Pain of Pleasure) ပေါ့။ ဒါကမိန်းမ သဘာဝ၊
အရိုးကွဲတာတောင် (စာ-
၁၅၁)
နားနာဘာဝ၊ အခြားဘာဝများ၌
အဖွဲ့အစည်းအသစ်များ ထပ်မံဖွဲ့၍ သူမအားအဖွဲ့ဝင်အဖြစ် ၀င်ရန် စည်းရုံးလို၍
ဝင်ပူးသလား ကျွန်တော်မသိပါ။သိလိုက်သည်က အထက်ဆရာကြီး ကိုသန်းလှ ရေမန်းဖြင့်
အပျိုကြီး ဒေါ်လုံးအား ပက်လိုက်ချိန်၌ တစ်ခါတည်း အပျိုကြီးဒေါ်လုံး
ကြမ်းပြင်ပေါ်သို့ ပုံကနဲ လဲသွားတော့သည်။ ဘေးမှ ရပ်ကွက်ထဲရှိ ပရိတ်သတ်အားလုံး
ဟယ်ကနဲ ဖြစ်သွားချိန်၌
အထက်က (စာ- ၁၅၅ )
ဘ၀ဆိုတာ
အတွေ့အကြုံပေါ် မူတည်တာပါ။ လောကကြီးမှာ စီမံပြဌာန်းခြင်းခံလိုက်ရတဲ့ လူသုံးမျိုး
သုံးစားရှိတယ်။ တစ်ချို့က အသက်အရွယ်နှင့်မမျှတဲ့ အတွေ့အကြုံကို
ရလိုက်သလို၊အချို့ကတေ့ အသက်နှင့် အရွယ်မျှတတဲ့ အတွေ့အကြုံကို ရလိုက်ကြတယ်။
အချို့ကျပြန်တော့ လည်း အတွေ့အကြုံကို အသက်အရွယ်ကြီးမှနောက်ကျစွာ
ရလိုက်ကြပြန်ရော။
ပန်းချီဆရာ( စာ-၁၆၅)
၂၀၁၄ခုနှစ်၊ ဧပြီလ၊ ၂၆ ရက်နေ့ ဖြန့်ချီသွားမည်ဖြစ်သည်။