This is default featured post 1 title

Shwemawkunn Magazine's

This is default featured post 2 title

ရွှေမော်ကွန်း လိုဂိုဒီဇိုင်းကို ကဗျာဆရာ ကိုသက်က မေတ္တာဖြင့် ရေးဆွဲပေးပို့လာတာပါ။

This is default featured post 3 title

blank

This is default featured post 4 title

blank

This is default featured post 5 title

blank

စာပေမိခင်ကြီး လူထုဒေါ်အမာ ကွယ်လွန်ခြင်း (၅ )နှစ်ပြည့်



လူထုဒေါ်အမာ ဒေါ်အမာ၊ ဒေါ်ဒေါ်၊ အမေ၊ မြန်မာစာပေမိခင် ဟု နာမ်စားအမျိုးမျိုးဖြင့်ခေါ်ဝေါ်ကြသည်။ လူထုဒေါ်အမာကို စာပေချစ်သူများနှင့် စာပေအသိုင်းအ၀ိုင်းတစ်ခုလုံးမှ ချစ်ခင်လေးစားကြပြီး မသိသူမရှိ ထင်ရှားခဲ့သည်။ 

လူထုဒေါ်အမာသည် ၂ဝဝ၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ တွင် မန္တလေး ပြည်သူ့ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ်ရှိပြီဖြစ်သည်။ ယနေ့ ၂၀၁၃ခုနှစ် ဧပြီလ၊ ၇ ရက်နေ့ဆိုလျင် မြန်မာစာပေမိခင်ကြီး ဆုံးပါးကွယ်လွန်ခဲ့သည့် ၅ နှစ်မြောက်ပြည့်ပြီဖြစ်သည်။ ဆရာမကြီးသည် ဂျပန်နိုင်ငံတွင် ပုံနှိပ်ထုတ်ဝေခဲ့ဖူးသော ရွှေမော်ကွန်း မဂ္ဂဇင်း တွင်လည်း အဝေးရောက်သားသမီးများသို့ ခေါင်းစဉ်ဖြင့် စဉ်ဆက်မပြတ် ဆောင်းပါးများရေးသားခဲ့ဖူးသည်။ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ စာပေကျေးဇူးကား ကြီးမားလှသည်။ 

ဆရာမကြီး ကွယ်လွန်သွားသော်လည်း ဆရာမကြီး၏ အမည်ကား မြန်မာစာပေလောကတွင် မွှေးပျံ့သင်းကြိုင်သည့် ပန်းသဇင် ကဲ့သို့ တည်ရှိနေမည်ဖြစ်သည်။ မြန်မာစာပေကို ချစ်ခင်ကြသော လူအများ၏ နှလုံးအိမ်တွင်လည်း ဆရာမကြီးသည် အစဉ်နေရာယူတည်ရှိနေမည်ဖြစ်သလို ဆရာမကြီးလူထုဒေါ်အမာ ရေးသားခဲ့သော စာပေများသည်လည်း အလျှံညီးညီးတောက်ပနေသည့် ဆီးမီးတန်ဆောင်ပမာ မြန်မာစာပေလောကတွင် တည်တံ့နေဦးမည်ဖြစ်တော့သည်။ 

အမေမာ ကောင်းသောဘုံဝမှာ အေးစက်စွာအနားယူနိုင်ပါစေအမေ 

 ကမာနီလာ

အမေ့အမွေ တာဝန်ကျေအံ့


အမေ့အပြုံး တို့နှလုံးမှာ
 ကြည်ပြာလ၀န်း အေးရိပ်စမ်းနှင့်
ပန်းပွင့်ပမာ။

 အမေ့စကား တို့ရင်ကြားမှာ
 တရားသစ္စာ ခိုင်မာသတ္တိ
 သံမဏိပမာ။

အမေ့မျက်နှာ မြင်သောခါတွင်
ပမာစမ်းရေ သောက်သုံးလေသို့
 ငွေလကြယ်သွင် အေးသန့်စင်နှင့်
 ကြည်လင်ရွှန်းကာ ဂုဏ်သိက္ခာနှင့်
 မေတ္တာမိခင် ပညာရှင်သို့
တို့ရင်တွင်းမှာ  ချမ်းမြေ့သာခဲ့
 ရှာမှရှားသည့် ငါတို့၏ စာပေမိခင်။

 မြန်မာစာပေ ကမ္ဘာ့အမွေအဖြစ်
ရှင်သန်ရစ်စေ အားသစ်ဖြည့်လောင်း
 ပင်စည်ကောင်းပမာ။

 ကမ္ဘာ့စာပေ မြန်မာ့အမွေအဖြစ်
 ရှင်သန်ရစ်စေ အားသစ်ဖြည့်လောင်း
ပင်စည်ကောင်းပမာ။

 အမေ…. ငါတို့အားလုံးရဲ့ စာပေမိခင်
 ငါတို့ချစ်ခဲ့ကြ ငါတို့လေးစားကြ
ငါတို့ရိုသေကြ။

 အမေ့အမွေ တို့တွေဆက်ခံ
ပန်းကောင်းပန်လျက် နိုင်ငံအနာဂတ်
လှစေအံ့။ ။

ရိုးဝေထက်

( ၇ ရက်၊ ဧပြီလ၊ ၂၀၀၈တွင် ကွယ်လွန်သွားခဲ့သော စာပေမိခင် လူထုဒေါ်အမာ တစ်နှစ်ပြည့် အမှတ်တရ အဖြစ် ကဗျာဆရာ ရိုးဝေထက် ရေးဖွဲ့ခဲ့တဲ့ ကဗျာဖြစ်ပြီး မဟေသီမဂ္ဂဇင်း အမှတ် ၂၉၂၊ ဧပြီလ၊ ၂၀၀၉ခုနှစ်မှာ ပုံနှိပ် ဖော်ပြခဲ့တဲ့ ကဗျာကို ပြန်လည်ကူးယူဖော်ပြသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More