သမီးမေမေ “ မိုးမိုး ”

Photobucket  

သတိရလို့…

ည ... ညလန့်နိုး မျှော်ကိုးလှမ်းပြီး
သမီးရေ … သမီးရေ
သမီးရေလို့
ခေါ်နေသံများ … ကြားလေမလား
ေ၀၀ါးတွေးထင် … သောကရှင်သန်
ပြန်အိပ်မရ စိတ္တဇညတွေ
လတွေနှစ်တွေ
ရှည်ရင်းရှည် ……။

ကစဉ့်ကလျား
အိမ်မက်များစွာ ခြောက်ခြားစွာပေါ့
လွမ်းတာပေါ့ကွယ်
ရင်ဝယ်လောင်မြိုက် … ကျိုက်ကျိုက်လှိုက်ဆူ
အပူငြိမ်းစေ မတတ်နိုင်လေ
မျက်ရည်အိုင်ထွန်း … ပါးမှာစွန်းထင်
ချွေခွန်းနှုတ်ဟ … ပြောပြနေဖို့လိုမလား … ။

တကယ့်ကိုဝေး
ဒီအဝေးမှာ
ဖေးကူကြင်နာ ဖေါ်မပါလည်း
တစ်ယောက်တည်းပေါ့
အံခဲမာန်တင်း ရှေ့ဆက်ရင်းလေ
မျက်ရည်ကြွေ ။       ။

မိုးမိုး
ရွှေမော်ကွန်းမဂ္ဂဇင်း အမှတ် (၂၉ )
၉၉၊ နိုဝင်ဘာ

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More