ပင်လယ်ရဲ့ လှိုင်းလုံးတွေပေါ်မှာ
အဖော်အဖြစ် လမင်းရောက်တော့
ရွှန်းရွှန်းတောက်ပြီး
လွမ်းလောက်တယ်။
လမင်းနဲ့ လှိုင်းလုံး
နပန်းလုံးနေသလို
တရုန်းရုန်း တ၀ုန်းဝုန်း
ရွှေတုံးငွေတုံး
ပြန့်ကြဲနေတယ်။
မြင်းရိုင်းခုန်ပေါက်
ကန်ကျောက်သည့်နှယ်
ပင်လယ်လှိုင်းတို့
မုန်တိုင်းပင့်မြှောက်
ခုန်ပေါက်ကြတယ်။
ရုံးကန်ခြင်းသည်
ခွန်အားမည်သတဲ့
ပန်းချီစုတ်ချက်
မသနိုင်တဲ့
ရုံးကြွနေတဲ့
ပင်လယ်
ငြိမ်သက် နေတယ်လို့
ဘယ်မှာရှိနိုင် မှာလည်းကွယ်။
တင်မိုး
၂၈.၁၀.၉၈
ရွှေမော်ကွန်း-အတွဲ
၁၈
0 comments:
Post a Comment