ဘာကြောင့်များ ...

Photobucket

လူတွေကလေ…
နေရောင်ခြည်အပူလှိုင်းတွေကို
ထီးတစ်လက်နဲ့ကာမိုး
တားဆီးနေလိုက်ကြပုံများ

အမေရယ်……
လူ့ဘ၀ရဲ့ဖြစ်စဉ်တခု
လက်ခံလိုက်ကတည်းက
အတားဆီးမဲ့ ကျရောက်လာတဲ့
ဘ၀အမော …
သောကအပူရိုင်းတွေကို
ထီးတလက်နဲ့ ကာမိုးသလိုမကြိုးစား
ဘာကြောင့်များ
ကျေနပ်စွာလက်ခံနေကြရတာလည်းဟင် ……………..   

ကမာနီလာ

ဓာတ်ပုံ   ကမာနီလာ

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More