This is default featured post 1 title

Shwemawkunn Magazine's

This is default featured post 2 title

ရွှေမော်ကွန်း လိုဂိုဒီဇိုင်းကို ကဗျာဆရာ ကိုသက်က မေတ္တာဖြင့် ရေးဆွဲပေးပို့လာတာပါ။

This is default featured post 3 title

blank

This is default featured post 4 title

blank

This is default featured post 5 title

blank

အာဖတာ - ယူ


ရန်ကုန်နိုင်ငံတကာ လေဆိပ်မှာတွေ့ကြုံခဲ့တဲ့ အဖြစ်အပျက် လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့် လေယာဉ်ကိုကျွန်တော် စောင့်နေ ခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံး တယ်လီဖုန်း တစ်ခုရှိတယ်။ အဲဒီ့တယ်လီဖုန်းကတယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်းတယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီ ဖုန်း ဆက်နေတာပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက် ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီတစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး “အားနာမှုမရှိလိုက်ကြတာ”လို့ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ်ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေအားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည် တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကိုအလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်ကကျွန်တော် တို့တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ် ကိုယ် မစဉ်းစားမိဘူး။တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။

ဖြစ်ချင်တော့ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာလေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစား အသောက် လာကျွေးပါတယ်။ အပူလား။အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။

ကျွန်တော့်ရဲ့ထိုင်ခုံကအတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံစနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကိုလှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက် တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားကလူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာနိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။

“After you”
အဲ့ဒီစကားကိုကြားကြားချင်းကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။
“After you” တဲ့။
After ဆိုတာ...ပြီးနောက်။
you ဆိုတာ...သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့...“After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။
ကျွန်တော် တွေးရင်းနဲ့ရှက်လာတယ်။
ကျွန်တော်ဟာ“After me” သမားပဲ။

ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်းငါရဖို့...။
ဘတ်(စ်)ကားစီးရင်လည်းငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။
ကားမောင်းရင်လည်းလမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။
လမ်းကူးရင်လည်းငါ အရင် ဟိုဘက်ရောက်ဖို့...။
အလုပ်လျှောက်ရင်လည်းငါ အလုပ်အရင်ရဖို့...။
ငါအဆင်ပြေဖို့...။

“Afterme”....
ငါပြီးမှ မင်း...။ငါအရင်...။ ငါ့ကို ဦးစားပေး။
တွေးရင်း တွေးရင်နဲ့ကျွန်တော် အရမ်းရှက်လာမိတယ်။
ဒီအကြောင်းကိုအိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။

“After you” ဆိုတဲ့စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ဟင်းကို အမေ အရင်မစား ဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ...မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတယ်။အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင်“After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို“After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။

အဖေက ၀င်ပြောတယ်။
“After me” ဆိုတာအများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ“After me” ပဲ။ “ အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေတပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “Afterme” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။“After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင်ကြိုးစားပေါ့ သားရယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ“After me” သမားတွေနည်းလာပြီး “After you” သမားတွေများလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။

အပြန်အလှန်“After you” ဆိုတဲ့....

ဝန်းကျင်တစ်ခုကိုကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။

ရွှေမန္တလေးဂျာနယ်

လင်းလွန်းခင်စာပေမှ စာမူခွင့်ပြုချက်အမှတ် ၄၀၀၉၅၄၀၈၀၉ ဖြင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် ဦးဘုန်း(ဓာတု - မန္တလေး)ရဲ့ တွင်း (အတွေးစာ စကား)

ပြန်လည်သတိရလာသော စာချွန်တော် အမိန့်များ

ဆောင်းပါးရှင် မောင်သိန်းညွန့် (ကော့ကရိတ်)

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်၌ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော  တော်လှန်ရေးကောင်စီက စစ်အာဏာ သိမ်းလိုက်သည့် အချိန်မှစ၍ ယနေ့လက်ရှိ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အုပ်စိုးနေသည့် အချိန်ထိ စစ်အာဏာရှင်စနစ်ကို တောက်လျှောက် ကျင့်သုံးနေခဲ့သည်။ လူတဦး-တဖွဲ့-တပါတီ ကောင်းစားရေးအတွက် ယင်းစနစ်၏ ဆိုးကျိုးပေါင်းများစွာကို မြန်မာပြည်သူ တရပ်လုံးက လွန်လွန်ကဲကဲ ခံစားနေရသည်။ ဆိုးကျိုးများအနက် နိုင်ငံ၏ တရားရေး မဏ္ဍိုင် ပျက်စီးနေပုံများ အကြောင်းကလည်း အဓိက အခန်းမှ ပါဝင်နေသည်ကို သတိရှိကြစေရန်နှင့် ပြုပြင်သင့်သည်များကို ပြုပြင်နိုင်ကြစေရန် အထူးလိုအပ်နေပါသည်။ မောင်သိန်းညွန့် (ကော့ကရိတ်) ရေးသားသည့် RFA (Burmese)၏ အသံလွှင့် ဆောင်းပါးကို စာသားအနေဖြင့် ဖော်ပြလိုက်ပါသည်။
 ပြန်လည်သတိရလာသော စာချွန်တော် အမိန့်များ
RFA ပြင်ပ ဆောင်းပါးရှင် မောင်သိန်းညွန့် (ကော့ကရိတ်)ရဲ့ မန်မာနိုင်ငံ တရားဥပဒေနဲ့ လက်တွေ့ ပြဿနာများ (တရားဥပဒေ အကြောင်း သိကောင်းစရာ အခန်းဆက်ဆောင်းပါး)မှာ ဥပဒေမဲ့ ဖမ်းဆီးခံရမှုတွေ၊ တရားရုံးထုတ် အမှုမစစ်ဆေးပဲ ကာလရှည်ကြာ ထိန်းသိမ်းဖမ်းဆီးထားမှုတွေ၊ မရေရာတဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ်မှုတွေ စတာတွေနဲ့ ပတ်သက်လို့ ရေးသား ဖော်ပြထားပါတယ်။ 

 (၈-၁-၂၀၀၈ RFA အသံလွှင့်ဆောင်းပါး)
တရားမဲ့ ဖမ်းဆီးခံရတဲ့ မှုခင်းကိစ္စတွေကို ကျနော့် ရှေ့နေသက်တမ်း အတွင်းမှာ ကိုင်တွယ်ခဲ့ရဖူးပါတယ်။ ဒီအမှုကိစ္စတွေကို သက်ဆိုင်ရာတရားရုံးထံ မတင်ပြမချင်း ဖမ်းဆီးခံရသူတွေအတွက် ဥပဒေကြောင်းအရ ဘာမှ ဆောင်ရွက်နိုင်ခွင့် မရှိပါဘူး။ သိပ်မောခဲ့ရတဲ့ ဘ၀မှုခင်း ဖြစ်ရပ်တွေလို့ ဆိုရပါလိမ့်မယ်။ အထူးသဖြင့် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေရဲ့ အမှုတွေ ဖြစ်ပါတယ်။
အဖမ်းခံရသူတွေဟာ ဘယ်လိုပြစ်မှုတွေနဲ့ ဖမ်းဆီး ချုပ်နှောင်ခံကြရတာလဲ၊ ဘယ်ဒေသ ဘယ်နေရာတွေမှာ ဖမ်းဆီး ချုပ်နှောင်ခံထားကြရတာလည်း ဆိုတာကို သူတို့ရဲ့ သက်ဆိုင်ရာ မိဘတွေ၊ သူတို့ရဲ့ ရဲဘော် မိတ်ဆွေတွေက အလွန်အမင်း သိချင်ကြပါတယ်။
ဒီအချိန်မှာ ကျနော်တို့ ဥပဒေပညာ သင်ကြားတုန်းက လေ့လာမှတ်သားခဲ့ရတဲ့ စာချွန်တော် အမိန့်တွေကို ပြန်လည် သတိရမိပါတယ်။ ဒီ စာချွန်တော် အမိန့်တွေဟာ အခုတော့ ဥပဒေ သမိုင်းပြတိုက်ထဲ ရောက်သွားခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ရုပ်သိမ်းခံရချိန်နဲ့ တဆက်တည်းမှာပဲ ဒီစာချွန်တော် အမိန့်တွေ ရုပ်သိမ်းခံလိုက်ရတာပါ။ ဒီအချက်ကို အမှန်တရားဘက်က မရပ်တည်ရဲတဲ့ ဥပဒေ ပညာရှင်တချို့က အခုလို အကြောင်းပြကြပါတယ်။
တရားလွှတ်တော်ချုပ်သို့ စာချွန်တော်အမိန့်များ လျှောက်ထား၍ မိမိ၏ အခွင့်အရေး နစ်နာဆုံးရှုံးမှုအတွက် ကြိုးပမ်းရာမှာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့် များလှ၍ အခက်အခဲများ ရှိခြင်း၊ ငွေကုန်ကြေးကျ များခြင်း၊ အချိန်ကြန့်ကြာခြင်း၊ ရှေ့နေရှေ့ရပ်များကသာ ဆောင်ရွက်ပေးနိုင်ခြင်း စသဖြင့် သာမန် လူတန်းစားများ အတွက် မလွယ်ကူသောကိစ္စများ ဖြစ်သည့်အလျောက် မိမိ အခွင့်အရေး နစ်နာဆုံးရှုံးသူတိုင်း မဆောင် ရွက်နိုင်ချေ ဆိုပြီး အကြောင်းပြခဲ့ကြတာပါ။

ပြောမယ်ဆိုရင် စာချွန်တော်အမိန့်တွေ ရုပ်သိမ်းခံရတာဟာ ဒီမိုကရေစီကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံသားတွေ အနေနဲ့ အကာအကွယ် ရယူနိုင်တဲ့ အခွင့်အရေးတွေ ဖျက်သိမ်း ခံလိုက်ရတာ ပါပဲ။ အဲဒီ အကျိုးဆက်ကတော့ အပြစ်ကင်းမဲ့သူတွေဟာ စွဲချက်မရှိပဲ အဖမ်းခံခဲ့ကြရ၊ ရှေ့နေငှားရမ်းခွင့် မရပဲ အပြစ်ပေးခံခဲ့ကြရ၊ အမှုစစ်ဆေးခြင်း မရှိပဲ ကာလရှည်ကြာ အချုပ်အနှောင်ခံကြရတာပါပဲ။ ဒီလို တုန်လှုပ် ချောက်ခြားစရာကောင်းတဲ့ ဖြစ်ရပ်တွေအတွက် တရားဥပဒေ အကာအကွယ် မုချ လိုအပ်ပါတယ်။
မြန်မာနိုင်ငံက ပါဝင် အတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၈)မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အခြား ဥပဒေတွေက ပေးအပ်ထားတဲ့ အခြေခံ အခွင့်အရေးတွေ ချိုးဖောက် ဖျက်ဆီးခံရမယ်ဆိုရင် နစ်နာဆုံးရှုံးသူတွေ အနေနဲ့ တရားရုံးမှာ ထိရောက်စွာ သက်သာခွင့် ရနိုင်စေရမည် လို့ ဆိုထားပါတယ်။
တရားဥပဒေ စိုးမိုးမှုရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာတော့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတော် တရားရုံးချုပ်မှာ
  1. ရှေ့တော်သွင်း စာချွန်တော်အမိန့်၊
  2. အာဏာပေး စာချွန်တော်အမိန့်၊
  3. တားမြစ်စေ စာချွန်တော်အမိန့်၊
  4. အာဏာပိုင်မေး စာချွန်တော်အမိန့်၊
  5. အမှုခေါ် စာချွန်တော်အမိန့်တွေကို ထုတ်ပိုင်ခွင့်အာဏာ ရှိပါတယ်။
စီရင်ထုံးတွေကို လေ့လာကြည့်မယ်ဆိုရင် လူတဦးတယောက် ဒါမှမဟုတ် လူတစု-တဖွဲ့ကို တရားမဲ့ ဖမ်းဆီး ချုပ်နှောင်တဲ့အခါမှာ စာချွန်တော်အမိန့်ဟာ နိုင်ငံသားတွေအတွက် ဥပဒေ လက်နက်တွေ ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ စာချွန်တော်အမိန့်ဟာ အကြောင်းမရှိပဲ တရားမဲ့ ဖမ်းဆီး ချုပ်နှောင်မှုမျိုးတွေကို တားဆီးဟန့်တားပြီး ဥပဒေအရ ရုံးတင်စစ်ဆေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရုံးတင် စစ်ဆေးခြင်းမပြုပဲ ချုပ်နှောင်ထားခံရသူတွေ၊ ဥပဒေလက်လွှတ် ဖမ်းဆီး ချုပ်နှောင် ခံထားရသူတွေကို ရုံးတော်သို့သွင်းပြီး ဖမ်းဆီးသူ အာဏာပိုင်တွေက ဥပဒေအရ ထုချေ ရှင်းလင်းရပါတယ်။ ရုံးတော်က ကျေနပ်လောက်အောင် ထုချေ ရှင်းလင်းခြင်း မပြုနိုင်ဘူး ဆိုရင် အာဏာပိုင်တွေအနေနဲ့ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တရားရုံးချုပ်က အမိန့် ထုတ်ဆင့်နိုင်ပါတယ်။
ရှေ့တော်သွင်း စာချွန်တော်အမိန့်နဲ့ ပတ်သက်လို့ ၁၉၅၀ ပြည့်နှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးမှာ ဖော်ပြထားတာကို တင်ပြလိုပါတယ်။
ရထားတစီးပေါ်မှာ ပစ္စတိုတလက်နဲ့ ကျည်ဆန်တချို့ကို လူပုဂ္ဂိုလ် (၅)ဦးထံက မိတဲ့ ကိစ္စမျိုးမှာတောင် အပြစ်မပေးနိုင်ခဲ့ပါဘူး။ ပြည်သူ့ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်း စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၅(က)နဲ့ ဖမ်းဆီး ချုပ်နှောင်ရာမှာ မရေရာ မသေချာတဲ့ စွဲချက်တွေကို အခြေခံရန် မသင့်ကြောင်း အခြေခံဥပဒေအရ ခွင့်ပြုထားတဲ့ နိုင်ငံသားတို့ရဲ့ လွတ်လပ်ခွင့်ကို ပေါ့ပေါ့တန်တန် သဘောထားပြီး ချိုးဖောက်ခြင်း မပြုအပ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တရားစွဲဆိုခံရတဲ့ ပုဂ္ဂိုလ်ဟာ နောက်လိုက်နောက်ပါတွေ ၀ိုင်းရံပြီး သူ့ရဲ့ခေါင်းဆောင်မှုနဲ့ လက်နက်ကိုင် ပုန်ကန်ထကြွမှု ကျယ်ပြန့်သွားနိုင်ကြောင်း ရန်ကုန် ရဲမင်းကြီးရဲ့ အကြောင်းပြချက်ဟာ ဖြစ်နိုင်စရာရှိမှုမျှ အပေါ်မှာသာ အခြေခံထားခြင်းသာဖြစ်လို့ ဒီအမှုမှာ ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်း စောင့်ရှောက်ရေး အက်ဥပဒေ ၅(က)က ခွင့်ပြုထားတဲ့ အာဏာကို အသုံးပြုခွင့် မရှိကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ပြီး နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေကို အကာအကွယ် ပေးခဲ့ပါတယ်။
ဒီတော့ ပြစ်မှု မကျူးလွန်ရသေးသော်လည်း ပြစ်မှု ကျူးလွန်နိုင်စရာရှိတယ် ဆိုတဲ့ ထင်မြင်ချက်တွေနဲ့ ဖမ်းဆီး ချုပ်နှောင်နေတဲ့ ခေတ်ကာလမျိုးမှာတော့ စာချွန်တော်အမိန့်တွေဟာ နိုင်ငံသားတွေအတွက် ဥပဒေအရ အားကိုးစရာ ပါပဲ။
 ဒီမိုကရေစီကျင့်စဉ်ကို လိုက်နာကျင့်သုံးခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ် ကာလမှာ ချမှတ်ခဲ့တဲ့ တရားလွှတ်တော်ချုပ်ရဲ့ ရှေ့တော်သွင်း စာချွန်တော်တွေဟာ အင်မတန် မှတ်သားဖို့ ကောင်းပါတယ်။ ကျန် စာချွန်တော်တွေရဲ့ ဥပဒေဆိုင်ရာ ဖွင့်ဆိုချက်နဲ့ စီရင်ထုံးတွေကိုလည်း နောင်မှာ အလျဉ်းသင့်သလို ကိုးကား ဖော်ပြသွားပါမယ်။

တကယ်တော့ တရားမျှတမှု ကင်းမဲ့တဲ့ ဘ၀တွေကို ဖြတ်သန်းရချိန်မျိုး၊ လူ့အခြေခံ အခွင့်အရေးတွေ ရုပ်သိမ်းခံရတဲ့ ဘ၀တွေကို ရင်ဆိုင်လာရချိန် မျိုးတွေမှာတော့ ဘယ်လူသားမဆို အမှောင်ထုထဲမှာ ဥပဒေ အလင်းရောင်ကို ရှာဖွေကြတာ ဓမ္မတာပါပဲ။
ကျနော်တို့ ရှေ့နေသက်တမ်းအတွင်းမှာ မရခဲ့တဲ့ ပျောက်ဆုံးသွားတဲ့ စာချွန်တော် အမိန့်တွေ၊ ဆိုင်ရာ ဥပဒေပြဌာန်းချက်တွေဟာ ဒီမိုကရေစီစနစ် ဖြစ်ပေါ်တိုးတက်မှုနဲ့အတူ ပြန်လည် အသက်ဝင်လာပါလိမ့်မယ်။
ဒီနေရာမှာ တခု သတိချပ်ရမှာကတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ရလာတဲ့အခါမှာ စာချွန်တော်က ပေးထားတဲ့ ဥပဒေ အခွင့်အရေးတွေကို နိုင်ငံသားတွေ အမှန်တကယ် ရလိမ့်မယ် ဆိုတဲ့အချက်ပါပဲ။
တရားဥပဒေရဲ့ အကာအကွယ်ကို မြန်မာနိုင်ငံသားအားလုံး ခံစားနိုင်ကြပါစေ။


သွေးနှင့်မြေကြီး

စာရေးဆရာ ဗန်းမော်တင်အောင် 
ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၂ နှစ်မြောက်  ဂုဏ်ပြုတင်ဆက်သည်။


၁၉၅၈ ခုနှစ်လယ်လောက်က ဤတိုင်းပြည်၌ ကြီးမားပြင်းထန်သော နိုင်ငံရေးပေါက် ကွဲမှုကြီးတခု ဖြစ်ပွားခဲ့လေသည်။ ထို နိုင်ငံရေး အဖြစ်အပျက်ကြီးကို လူတိုင်းလိုလို သိရှိကြပြီးဖြစ်၍ အထူးရေးသား ဖော်ပြရန် လိုအပ်တော့မည် မထင်ပေ။ ဤ နိုင်ငံရေး ပေါက်ကွဲမှုကြီးသည် ဤတိုင်းပြည်၏ နိုင်ငံရေးဘဝနှင့် အခြေအနေတို့ကို အဘယ်မျှပြောင်းလွဲ ဖန်တီးခဲ့သည်ဆိုသော အချက်အလက်များကိုလည်း အကျယ်တဝင့် ရေးသားဖော်ပြရန် လိုအပ်တော့မည်မထင်ပေ။ အဘယ့်ကြောင့်ဆို သော် နိုင်ငံရေးအဖြစ်အပျက်ကြီး၏ ဒဏ်ရာ ဒဏ်ချက်ကို တတိုင်းပြည်လုံး ကုန်းခံခဲ့ကြရသောကြောင့်ဖြစ်သည်။ ခံနေဆဲလည်း ဖြစ်သောကြောင့် ဖြစ်သည်။
  နိုင်ငံရေး တန်ခိုးအာဏာ သိမ်းပိုက်ထားသော နိုင်ငံရေး ပါတီကြီးတခု၏ ပေါက်ကွဲမှု ဖြစ်ခြင်းကြောင့် ထိုပါတီကြီး၏ နိုင်ငံရေး ဦးဆောင်မှုကို ခံယူလျက် ရှိကြသော လူထုလူတန်းစား အဖွဲ့အစည်းအမျိုးမျိုးနှင့် ပြည်နယ်လူမျိုးစု အဖွဲ့အစည်းများ အတွင်း၌လည်း ကြီးမားသော ဂယက်ရိုက်ခတ်မှုနှင့် လှုပ်ရှားမှုများ တနွယ်ငင်၊ တစင်ပါ ဖြစ်ပွားလာခဲ့သည်။ အရေးအကြောင်း ရှိလာလျှင် ထဘီနှင့် အင်္ကျီဆင်တူ ဝတ်၍တသံတည်း အာတတ်သော အမျိုးသမီးများ ကွဲပြားသွားခဲ့ရသည့် နည်းတူ ကျောင်းသားလူငယ်၊ ကုန်သည်ပွဲစား၊ အမှုထမ်းအရာထမ်းနှင့် အလုပ်သမားစသော လူတန်းစား အဖွဲ့အစည်းများသည် လည်း ကွဲပြားခဲ့ကြသည်။ ပြည်နယ်မှ လူမျိုးစုများသည်လည်း သူ့လူ ငါ့လူဟူ၍ ဖြစ်သွားခဲ့ရသည်။ အလွန်တရာ ကြေကွဲဖွယ်ရာကောင်းသော နိုင်ငံရေး အဖြစ်အပျက်ကြီး တခုအနေနှင့် မှတ်တမ်းတင်ထားရလိမ့်မည်ဟု မြင်မိပေသည်။
 ဤ နိုင်ငံရေးပေါက်ကွဲမှုကြီးနှင့် ဆက်စပ်ဖြစ်ပွားခဲ့သော တပြည်ထောင်လုံး၏ ကွဲပြားမှုများကြောင့်လည်းကောင်း၊ ထိုသို့ ကွဲပြားခဲ့ကြပြီးနောက် ထပ်မံပေါ်ပေါက်လာခဲ့သော ပဋိပက္ခများကြောင့်လည်းကောင်း၊ ဤ တိုင်းပြည်သည် အဘယ်မျှဆုံးရှုံး နစ်နာခြင်း ဖြစ်ခဲ့ရသည်ဆိုသော အချက်အလက်များနှင့် နည်းလမ်းများကိုကား နောင်သောအခါကာလ၌ မြန်မာနိုင်ငံ တော်၏ နိုင်ငံရေး၊ ရာဇဝင်ရေးအား ပြုစုရန်ကြိုးပမ်းအားထုတ်ကြမည့် သုတေသီများ ရှာဖွေစူးစမ်းရန် ချန်လှပ်ထားခဲ့လို သည်။ သို့ရာတွင် ဤ နိုင်ငံရေး ပေါက်ကွဲမှုကြီး၏ ဒဏ်ရာဒဏ်ချက်သည်ကား ကြီးမား ပြင်းထန်လှသည်ဆိုသော ယေဘုယျ အချက်တချက်ကိုကား လူတိုင်းလူတိုင်း တစိတ်တဝမ်းတည်းသာရှိကြလိမ့်မည်ထင်သည်။

ဤ နိုင်ငံရေးပေါက်ကွဲမှုကြီးနှင့် ပဋိပက္ခများကြောင့် လူထုလူတန်းစားနှင့် ပြည်နယ် လူမျိုးစုများ အသီးသီးတို့အတွင်း၌ အလွန်ကြေကွဲဖွယ်ရာ၊ ရင်နာဖွယ်ရာ အဖြစ်အပျက်များ ဖြစ်ပွားခဲ့ရပေရာ ပြည်ထောင်စုသားတဦး တယောက်အနေနှင့် ရင်နာခဲ့ရသော မိမိအတွေ့အကြုံနှင့် ခံစားရချက်တခုကို ကျွန်တော်သည် ရေးသားဖော်ပြခြင်း ပြုလိုသည်။ ကျွန်တော် ရေးသား ဖော်ပြလိုသော အဖြစ်အပျက်မှာ အခြားအကြောင်းအရာတော့မဟုတ်။ ကျွန်တော်နှင့် နီးစပ်ရင်းနှီးသော အလုပ်သမား လူတန်းစားလောကအတွင်း၌ ယုံကြည်စရာ မရှိနိုင်လောက်အောင် ဖြစ်ပွားခဲ့သော အမှုအခင်း တရပ်မျှသာလျှင် ဖြစ်သည်။
(၂)
 မိမိတို့ပါတီ၏ တန်ခိုးအာဏာတည်မြဲရေးနှင့် အကျိုးအမြတ်ရရှိရေးအတွက် မြန်မာနိုင်ငံ တော်အလုပ်သမားလှုပ်ရှားမှု အရေးတော်ပုံသမိုင်း၌ အလုပ်သမား လူတန်းစားလောကတွင် ဘဝတူအလုပ်သမားများ အချင်းချင်း အိုးမဲသုတ်၍ သတ်ဖြတ်ခိုင်းလေ့ရှိသော အလုပ်သမား အဓိကရုဏ်းများရှိခ့ဖဲူးသည်။ အထူးသဖြင့် ဗြိတိသျှကိုလိုနီသမားများ မြန်မာပြည်အား အုပ်ချုပ်ခြဲ့ကသော ကိုလိုနီ အုပ်ချုပ်ရေး သမိုင်းတလျှောက်၌ တရုတ်မြန်မာနှင့် အိန္ဒိယမြန်မာအလုပ်သမား အဓိကရုဏ်းများကို တမင်တကာ ဖန်တီးခဲ့ဖူးသော မှတ်တမ်းများ ရှိသည်။ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော ဆိုသောအနေနှင့် ဗြိတိသျှ ကိုလိုနီသမားများသည် ဘဝတူ အလုပ်သမားများ အချင်းချင်းကို အိုးမဲသုတ်ပေးပြီးနောက် အချင်းချင်း သတ်ဖြတ် စေခဲ့ကြသည်။ ထိုအလုပ်သမား အဓိကရုဏ်း၌ အလုပ်သမားအများအပြား သေကြေသူက သေ၊ ကြေ၍ ဒဏ်ရာရ သူများက ဒဏ်ရာရရှိခဲ့ကြသည်။ သို့ရာတွင် အလုပ်သမားများအတွက် မည်သည့်အကျိုးခံစားမှုမျှ တိုးတက် ရရှိခဲ့သည်ကား မဟုတ်ပေ။ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေးသာလျှင် သက်ဆိုးရှည်ခဲ့သည်။

 သို့ရာတွင် အထက်၌ ဖော်ပြခဲ့သော နိုင်ငံရေး ပေါက်ကွဲမှုကြီးကြောင့် တန်ခိုးအာဏာရှိသော နိုင်ငံရေး ပါတီကြီးတခုအတွင်း၌ ဂိုဏ်းကြီးနှစ်ဂိုဏ်း ကွဲပြားသွားခဲ့ကြပြီးနောက်၊ ရန်ကုန်မြို့တော်ကြီးနှင့်တကွ ပြည်ထောင်စု နိုင်ငံတော် တဝှမ်းလုံး၌ စိတ်နှလုံးမချမ်းမြေ›ဖွယ်ရာ၊နောက်ကျိဖွယ်ရာ ပေါ်ပေါက်လာခဲ့ရသော အလုပ်သမားအချင်းချင်း တဦးကိုတဦး ရန်သူကြီးများသဖွယ် သဲသဲ မဲမဲ တိုက်ခိုက် သတ်ဖြတ်ကြသော အလုပ်သမား အဓိကရုဏ်းများအနက်၊ ရန်ကုန်မြို့တော် ပင်လယ်ဆိပ်ကမ်း ကုန်တင်ကုန်ချအလုပ်သမား၏ အဓိကရုဏ်းကြီးကိုကား မိမိတွေ့မြင်ခဲ့ရသလောက် ကျွန်တော်သည် မှတ်တမ်းတင်သည့် အနေဖြင့် ရေးသားဖော်ပြခြင်း ပြုလိုသည်။ရန်ကုန်ဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်သမားလောက၌ ကြောက်မက်ဖွယ်ရာ ဖြစ်ပွားခဲ့ရသော အလုပ်သမား ဘဝတူအချင်းချင်း အုပ်သင်းဖွဲ့၍ ၊ တအုပ်နှင့်တအုပ်၊ တသင်းနှင့် တသင်း၊ ရရာလက်နက်တို့ကို ဆွဲကိုင်၍ ရိုက်နှက်သတ် ဖြတ်ခြင်းပြုကြသော အဓိကရုဏ်းများကို ထိုအချိန်က နေ့စဉ်သတင်းစာကြီးများက အထိုက်အလျှောက် ရေးသား ဖော်ပြခြဲ့ကသည်ကား မှန်သည်။ သို့ရာတွင် သတင်းစာဆိုသည်မှာ အခြားအရေးကြီးသော သတင်းများကိုလည်း ထည့်သွင်းဖော်ပြရန် တာဝန်ရှိကြသေးသောကြောင့် ထိုအလုပ်သမား အဓိကရုဏ်း သတင်းများကို ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြခြင်းပြုရန် မိမိတို့၏ သတင်းစာ ကော်လံများကို နေရာမပေးနိုင်ခဲ့ကြပေ။ ၎င်းအပြင်မြို့တော်၏ လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေး ရှုထောင့်တခု တည်းလောက်ကသာ ကြည့်ရှုရေးသား ဖော်ပြရခြင်းဖြစ်၍လည်း ပြည့်စုံခြင်းမရှိနိုင်ပေ။ ထိုသို့ ဆိုလိုက်သည့်အတွက် ဤတိုင်းပြည်၏ အသိဉာဏ်မျက်လုံးကို နေ့စဉ်မှန်မှန် ဖွင့်ပေးလျက် ရှိကြကုန်သော ကျေးဇူးရှင်နေ့စဉ်သတင်းစာကြီးများကို ကျွန်တော်သည် အပြစ်တင် စောနေခြင်းကား မဟုတ်ပေ။ သတင်းစာဆရာများသည် မိမိတို့၏ သတင်းစာကော်လံနှင့် အချိန်ကိုကြည့်၍ လုပ်ကိုင်နေကြသူများ ဖြစ်သည့်အပြင်၊ ၎င်းတို့အား ဟန့်တားချုပ်ချယ်ထားသော ပုံနှိပ်တိုက် ဥပဒေများ ကို ကြည့်ရှုရပေသေးသည်။
 (၃)
စက်တင်ဘာ ပထမအပတ် အတွင်းလောက်က ရပ်ဆိုင်းထားခဲ့ရသော လင်းယုန် ဂျာနယ်ကို ပြန်လည်ထုတ်ဝေနိုင်ရန် မြို့ထဲ၌ ဆောင်ရွက်ဖွယ်ရာကိစ္စများကို ဆောင်ရွက် ပြီးစီး၍ ညနေ (၆) နာရီလောက်မှ စမ်းချောင်းနေအိမ်သို့ ပြန်ရောက်သည်။ နေအိမ်သို့ ပြန်ရောက်လျှင်ရောက်ချင်း ကျွန်တော်၏ မိခင်က ဖိတ်စာနှစ်စောင် ဆီး၍ပေးသည်။ ဖိတ်စာ နှစ်စောင်လုံးမှာ အသုဘရှုရန် ဖိတ်ကြားစာများ ဖြစ်သည်။ တနေကုန် ပင်ပင်ပန်းပန်း သွားလာ လုပ်ကိုင်ခဲ့ရ ပြီးနောက် အိမ်သို့ ပြန်အရောက်တွင် အသုဘ ဖိတ်စာနှစ်ခုကို ရင်ဆိုင်ရသောကိစ္စမှာ စိတ်ချမ်းမြေ့သက်သာစရာ အလုပ်တော့ကား မဟုတ်ပေ။ ဖိတ်စာဟု ဆိုလိုက် သည့်အတွက် ပုံနှိပ်စာလုံးများဖြင့် ရိုက်နှိပ်ထားသော ဖိတ်ကြားစာမျိုးတော့ကားမဟုတ်။ စာရေးစက္ကူပေါ်တွင် မင်ဖြင့် ရေးသား၍ ကတိုက်ကရိုက် အကြောင်းကြားခြင်းပြုရဟန်ရှိသောသာမန်ဖိတ်ကြားစာဖြစ်သည်။
 အသုဘဖိတ်စာများကို အထူးဂရုစိုက်ရမည်ဖြစ်သည့် အားလျော်စွာ ကျွန်တော့်အား ရေမိုးချိုး၍ ထမင်းစားသောက်ရန် လာရောက် တိုက်တွန်းပြောဆိုနေသော   10pt;">ဇနီးလုပ်သူအား ခေတ္တခဏမျှလောက် ဆိုင်းငင့်ရန် အကျိုးအကြောင်း ပြောဆိုလွှတ်လိုက်ရပြီးနောက် ဖိတ်စာများကို ဖတ်ကြည့်ရသည်။ ဖိတ်စာနှစ် စောင်လုံး၌ "ရဲဘော်လင်းယုန်" ဟု ခေါင်းတပ် ဖိတ်ကြား ခြင်းပြုလိုက်သည်ကို တွေ့လိုက်ရကတည်းက ထိုအသုဘနှစ်ခုစလုံး အလုပ်သမား အသုဘများ ဖြစ်ကြောင်း တခါတည်းသိရှိလိုက်သည်။ မြန်မာနိုင်ငံ၌ မည်ကဲ့သို့ပင် အလုပ်သမား အစည်းအရုံးများနှင့် သမဂ္ဂများ ကွဲပြားခြားနားနေကြစေကာမူ၊ အလုပ်သမားအရေး အလုပ်သမားအကျိုးနှင့် ပတ်သက်လာလျှင် ရှေ့ဆောင်ရှေ့ရွက်ပြု၍ ရေးသားတိုက်ခိုက် လာခဲ့သော လင်းယုန်သတင်းစာနှင့် ဂျာနယ်များကို အကြောင်းပြု၍ ကျွန်တော့်အားစာရေးဆရာ ဗန်းမော်တင်အောင် အနေထက် 'လင်းယုန်' ဆိုသော အနေအထားကို အလုပ်သမား အဖွဲ့အစည်းများနှင့် အလုပ်သမား ရဲဘော်များက ပိုမိုသိရှိကြသည်။ လင်းယုန် အနေနှင့်သာ ဆက်ဆံတတ်ကြသည်။ 
အထက်ပါ အသုဘဖိတ်ကြားစာနှစ်စောင်လုံးကို အကြမ်းဖျင်းဖတ်ရှု ပြီးစီး သွားသော အခါ၊ မနက်ဖြန် နာရီပြန်တချက်တီး အချိန်တွင်ကြံတောသုဿန်၌ တနေ့တည်း၊ တရက် တည်းနှင့် တချိန်တည်းတွင် သင်္ဂြိုဟ်ခြင်းပြုမည်ဖြစ်သော အသုဘများဖြစ်ကြောင်း ရုတ်တရက်သိရှိလိုက်ရသည်။ တခုသော အသုဘမှာ ၎င်းတို့ အလုပ်သမားများ အစည်းအရုံး တည်ရှိရာ ထီးတန်းဘက်မှ ပို့ဆောင်ရမည်ဖြစ်၍၊ ကျန်အသုဘတခုမှာ ၎င်းတို့ အစည်းအရုံးရှိရာ ကြည့်မြင်တိုင်ကမ်းနားလမ်းဘက်မှ ပို့ဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည်ထိုအသုဘများကို ပိုမိုစိတ်ဝင်စားလာမိပြီးလျှင် ဖိတ်စာနှစ်စောင်စလုံးကို နောက်ထပ်တကြိမ် ပြန်၍ စေ့စေ့စပ်စပ် ဖတ်ရှုကြည့်မိပြန်သည်။ဤသို့ ဒုတိယအကြိမ် ပြန်လည်ဖတ်ရှု ကြည့်လိုက် သောအခါမှပင် ထိုအလုပ်သမား အသုဘနှစ်ခု၏ လေးနက်မှုကို တဖြည်းဖြည်း စဉ်းစားမိရင်း သဘောပေါက်လာသည်။

 ထိုအလုပ်သမား အသုဘနှစ်ခုအနက် တခုသောအသုဘသည် နိုင်ငံရေးတန်ခိုး အာဏာရှိသော အလုပ်သမားအဖ့ချွဲုပ်နှင့် ဆက်သွယ်ထားသော အသုဘဖြစ်လျက်၊ ကျန်တခုသော အသုဘမှာ နိုင်ငံရေး တန်ခိုးအာဏာသာလျှင် မရှိသော်လည်း ငွေကြေး တောင့်တင်းသော အလုပ်သမားအဖွဲ့ချုပ်၏ အသုဘဖြစ်ကြောင်း သိရှိလာရသည်။ အလုပ်သမား အသုဘများကို ယခုကဲ့သို့ တဖွဲ့နှင့်တဖွဲ့ ယှဉ်ပြိုင်၍
 သုဿန်သို့ ပို့ဆောင် ကြမည့်အစား အလုပ်သမားများ၏ ဘဝသက်သာချောင်ချိမှုတို့ကို အဖွဲ့ချုပ်နှစ်ခုသည် ဤကဲ့သို့ ယှဉ်ပြိုင်ဆောင်ရွက်ပေးကြလျှင် အဘယ်မျှကောင်းလေမည်နည်း။
 ရေမိုးချိုးပြီး၍ ညစာစားသောက်လျက်ရှိစဉ် အထက်တွင် ဖော်ပြခ့ေဲ သာ နိုင်ငံရေး ပေါက်ကမွှဲုကြီး၏ လှိုင်းတံပိုးသည် အပြစ် အနာအဆာကင်းမဲ့လျက် မိမိတို့၏ လုပ်အား စွမ်းပကားဖြင့် အေးချမ်းစွာ လုပ်ကိုင်စားသောက်နေကြသော အလုပ်သမားလောက အတွင်းသို့ ဝင်ရောက် ရိုက်ခတ်လျက်၊ အလုပ်သမားများကို သူ့ထက်ငါ ယှဉ်ပြိုင်၍ သင်္ချိုင်းကုန်းသို့ ပို့နေကြပါပကော ဆိုသောအဖြစ်ကို ကျွန်တော်သည် လေးလေးနက်နက် စဉ်းစားလာမိသည်။ ထိုသို့ အလုပ်သမား အလောင်းနှစ်လောင်းကို သုဿန်သို့ ယှဉ်ပြိုင်ပို့ဆောင်ကြသောကိစ္စကို မနက်ဖြန်တွင် လိုက်ပါကြည့်ရှုရန် ဆန္ဒမရှိသဖြင့် နောက်ဆုံး ဂါရဝပြုသည့် အနေနှင့် သုဿန်သို့ မပို့ဆောင်မီ အနည်းဆုံး သွားရောက်၍ မျက်နှာပြကာ မေးမြန်းသင့်သည်ဟု အောက်မေ့ကာ၊ ထမင်းစားပြီးနောက် နေအိမ်မှ ထွက်လာခဲ့ရပြန်သည်။
ကြည့်မြင်တိုင် ကမ်းနားလမ်းဘက်ရှိ အလုပ်သမားအစည်းရုံး အသုဘသို့ ရောက်သောအခါ လူကုံထံတဦး၏ အသုဘနှင့်မခြား တခမ်းတနားပြင် ဆင်မွမ်းမံလျက် လာရောက် မေးမြန်းကြသော ဧည့်ပရိသတ်အားလည်း ဖွယ်ဖွယ်ရာရာ ဧည့်ခံကျွေးမွေးလျက်ရှိသော အသုဘ၏ အခမ်းအနားနှင့် အဆင်အပြင်ကို ကြည့်ရှုအကဲခတ်ရင်း လွန်ခဲ့သည့် သုံးလလောက်က ဖျာလိပ်ပတ်၍ ဝါးလုံးလျှိုကာ ချခဲ့ရသောအလုပ်သမားအသုဘတခုကို ပြေး၍ သတိရမိသည်။"တို့ အလုပ်သမားကို မထိနဲ့ မီးပွင့်သွားမယ်" ဟူသော ကြွေးကြော်သံ စာတမ်းကို အသုဘ၏ နဖူးစည်းအဖြစ်ဖြင့် ချိတ်ဆွဲထားသည်။ ထိုအသုဘ၏ နဖူးစည်းစာတန်းကို ကျွန်တော်သည် အခြားဘာမျှ ကန့်ကွက်ပြောဆိုရန် မရှိသော်လည်း "တို့" ဆိုသော ကျဉ်းမြောင်းလှသည့် စာလုံးတလုံးကိုကား ပြင်းပြင်း ထန်ထန် ရှုတ်ချခြင်းပြုလိုသည်။ အလုပ်သမား အသုဘအတော်များများကို ကျွန်တော်သည် လိုက်လံပို့ ဆောင်ခဲ့ရဖူးလည်း များလှပေပြီ။ ထိုအသုဘများကို ပို့ဆောင်ရတိုင်း ကိုယ့်ဆေးလိပ် ကိုယ် ဝယ်သောက်ခဲ့ရသည်သာများသည်။ သို့ရာတွင် ထိုအသုဘ၌ ကျွန်တော်တခါမျှ မကြုံကြိုက်ခဲ့ ဖူးသော ကော်ဖီနှင့် ကိတ်မုန့်တချပ်ကို စားသောက်လျက်ရှိစဉ် ထိုအစည်းအရုံးမှ ကျွန်တော်နှင့် ရင်းနှီးကျွမ်းဝင်သော ခေါင်းဆောင် သုံးလေး ယောက်တို့သည် ကျွန်တော် တယောက်တည်း ငုတ်တုတ်ထိုင်နေရသော စားပွဲဆီသို့ ထလာကြသည်။ ၎င်းတို့အနက် အမည်မဖော်ပြလိုသော ခေါင်းဆောင်တဦးက "တိုင်းပြည်ကြီး ဒီအတိုင်းသာ သွားနေရင်တော့ ကျူပ်တို့ အလုပ်သမားတွေ မျိုးပြုတ်ကုန်လိမ့်မယ် ထင်တယ်ဗျာ......" ဟု ခပ်လှမ်းလှမ်းမှ လူများ ကြားမသွားနိုင်အောင် ခပ်တိုးတိုး ခပ်အုပ်အုပ်ကလေး ညည်းတွား ပြောဆိုလာသည်။ 
 ထိုစကားကို ရင်နာနာနှင့် နားထောင်ရင်း ကျွန်တော်သည် ဦးခေါင်းကို ညိတ်ရုံသာ ညိတ်ပြလိုက်သည်။ ထိုအလုပ်သမား ခေါင်းဆောင်သည် မျက်မှောက်ကာလ၌ ခါးခါး သည်းသည်းနှင့် နာနာကြည်းကြည်း တွေ့ကြုံခံစားနေရသော ၎င်း၏ ဘဝအတွေ့အကြုံများမှ သူ၏ကောက်ချက်ကို ဆွဲထုတ်၍ ကျွန်တော့်အား တင်ပြလိုက်ဟန်ရှိသည်။

 "ကျူပ်တို့ ဘဝတူချင်း ခုလို ရက်ရက်စက်စက် သတ်ဖြတ်ခိုင်းနေတာလောက် ဆိုးဝါးတာတော့ ဒီတသက် မတွေ့ခဲ့ဖူးပါဘူးဗျာ" ဟု တယောက်သော ခေါင်းဆောင်က မြည်လာပြန်သည်။
 "ဒီကိစ္စကတော့ ခင်ဗျားတို့အပေါ်မှာ အဓိကတည်နေတာပေါ့ဗျာ......"ဟု ကျွန်တော်က သတိပေးသည့်အနေနှင့် ပြန်ပြောလိုက်သည်။
 "မနက်ဖက်ကလဲ ဗိုလ်တထောင်ဘက်မှာ တဘက်နဲ့တဘက် ချိန်းပြီးရိုက်ကြသေး သတဲ့ဗျာ.....။ နှစ်ဘက်စလုံး တော်တော်ကလေးနာကြသတဲ့" ဟု တယောက်က ညည်းတွားပြောဆိုလိုက်ပြန်သည်။
"ခင်ဗျားတို့တတွေက ဒီလိုသဘောပေါက်နားလည်ထားကြရင်လဲ အောက်ခြေက အလုပ်သမားတွေကို နားလည်လာအောင် တိုးတိုးတိတ်တိတ်ဖြစ်ဖြစ် ရှင်းပြဖို့ကောင်းတယ်" ဟု ကျနော်က သတိပေးပြောဆိုလိုက်မိသည်။
"ခက်တာပါပဲဗျာ၊ အထက်က ခေါင်းဆောင်ကြီးတွေက သွေးခွဲပြီး မြှောက်ပင့် လှုံ့ဆော် ပေးထားတော့ နားသွင်းရတာ မလွယ်ဘူးခင်ဗျ" ဟု တယောက်က ပြော၍မဆုံးသေးမီ "ကျနော်တို့အလုပ်သမားတွေကလဲ ခေါင်းဆောင်တွေကသာ ခြေထိုးပြီးမြှောက်ပေးလိုက်ရင် နားယောင်ကုန်ကြတာပဲဗျ" ဟု တခြား တယောက်က ဝင်ရောက်၍ ပြောဆိုသည်။
"ဘယ်သူက သွေးထိုးပေးပေးပေါ့ဗျာ၊ ခင်ဗျားတို့ ခေါင်းဆောင်နေကြတဲ့ အောက်ခြေ အလုပ်သမားတွေကို တတ်နိုင်သမျှ ထိန်းသိမ်းပေးဖို့နဲ့ အသိပေးဖို့တော့ လိုလိမ့်မယ်ထင် တာပဲလေ"
ဟု ပြောဆိုကာ ကျွန်တော်သည် ဆက်ရန်ရှိသေးသော အသုဘတခုအတွက် နာရီကိုလှမ်းကြည့်ရင်း ထိုင်ရာမှ ထလိုက်သည်။
"အလုပ်သမားတွေက ကိုယ့်ဘဝတူ အချင်းချင်း ရိုက်ဖို့နှက်ဖို့ အုပ်ဆိုင်း အုပ်ဆိုင်း လုပ်နေကြတဲ့အခါ အပြင်က လူမိုက်တွေကို ငှားပြီး စအရိုက်ခိုင်း သေးတယ်ဗျာ"
ဟု စကား တခွန်းမှ မပြောသေးသော အလုပ်သမားခေါင်းဆောင်တဦးက အန်ထုတ်ပြောဆိုခြင်း ပြုလိုက်ပြန်သည်။

 ကြည့်မြင်တိုင်ကမ်းနားလမ်း အသုဘမှ သမဝါယမ မော်တော်ကားကို စီးနင်းထွက်ခွာ လာသောအခါ ကျွန်တော်၏ ဦးခေါင်းသည် နောက်ကျိ ထိုင်းမှိုင်းလျက် ရှိပေသည်။ ဤ မြန်မာနိုင်ငံတော် အလုပ်သမားလူတန်းစား၏ လွတ်မြောက်ရေးတိုက်ပွဲ အရေးတော်ပုံတွင် အလုပ်သမား လူတန်းစားအား ရှေ›ဆောင် ရှေ့ရွက်ပြုလျက်ရှိကြသော အလုပ်သမား လူတန်းစား တပ်ဦးပါတီများ အကွဲကွဲ အပြားပြား ဖြစ်နေသလောက် မှိုလိုပေါက်နေရသော အလုပ်သမားသမဂ္ဂများနှင့် အစည်းအရုံးများ၏ အကြောင်းကို ခုနှစ်စဉ် အမျှင်တန်းတွေးမိရင်း ရင်ထဲ၌လည်း မောပန်းလာမိသည်။
 "ဟုမ်းလမ်း ဆင်းနိုင်ပါပြီရှင်" ဟူသော သတိပေးသံကို ကြားလိုက်ရတော့မှ ထိုအတွေးသည် ပြတ်၍ သွားကာ ကားပေါ်မှ ဆင်းလာခဲ့ရသည်။
 (၅)
ထီးတန်းအလုပ်သမားအစည်းအရုံးက အသုဘသည်လည်း ကြည့်မြင်တိုင်က အသုဘ နှင့်မခြား စည်ကားခမ်းနားသည်ကို တွေ့ရသည်။ အကြောင်းမသိ သူများအတွက်ဆိုလျှင် လူကုံထံတဦး၏ အသုဘဟု ထင်မှတ်သွားစရာရှိသည်။ အလုပ်သမားများ မသေဆုံးမီက ကျွဲလို၊ နွားလို ညှဉ်းပန်းခိုင်းစေလျက် အမျိုးမျိုးခေါင်းပုံဖြတ် မိုက်ကြေးခွဲခဲ့ကြပြီးနောက်၊ ယခုကဲ့သို့အလုပ်သမား အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ခိုင်း၍ သေကြေပျက်စီးသောအခါမှ ၎င်းတို့၏ အသုဘကို ယခုကဲ့သို့ တခမ်းတနားဆင်ယင်ခြင်း၌ ဘာအဓိပ္ပာယ်ရှိသနည်း။ ဘယ်လိုအဓိပ္ပာယ်ရှိကြမည်နည်း။
 ကျွန်တော်သည် တခုသော အဓိပ္ပာယ်ကိုသာတွေ့၏။ ထိုအဓိပ္ပာယ်သည်ကား တခြားတော့မဟုတ်။ ပစ္စည်းမဲ့ အလုပ်သမားများ၏ အသက်သွေးခဲဖြင့် မိမိတို့ နိုင်ငံရေး အမြတ်ထုတ်မှုတခုတည်းကိုသာ မိုက်မိုက်မဲမဲနှင့် မှားမှား ယွင်းယွင်းလုပ်ကိုင်လျက် ရှိကြသော နိုင်ငံရေးသမား လူမိုက်များ၏ လုပ်ကြံမှုသာဖြစ်သည်။ မိုက်တွင်းနက်မှုသာဖြစ်သည်။
 ကြည့်မြင်တိုင်ဘက်မှ အသုဘကဲ့သို့ပင် ထီးတန်းအသုဘ၌ အချိုပွဲ၊ အချဉ်ပွဲများဖြင့် တခမ်းတနား ဧည့်ခံကျွေးမွေးသည်။ လာရောက်မေးမြန်းကြသော ပရိသတ်သည်လည်း စည်ကားသည်။

 "အကြမ်းဖက်ခြင်းကို ပြန်လည်တိုက်ခိုက်ကြလော့" ဟူသော ကြွေးကြော် သံကို အသုဘ၏ ခေါင်းစည်းအဖြစ် ဆွဲထားသည်။ကျွန်တော်တယောက်တည်း ထိုင်လျက်ရှိသော စားပွဲသို့ မိုင်လိုနှင့် ဘီစကွတ်မုံ့များကို လာရောက်ချပေးရင်း၊ ထိုသို့လာချပေးသော အလုပ်သမား ခေါင်းဆောင်က ကျွန်တော့်အနီးတွင် ထိုင်လိုက်သည်။
"သတင်းစာ ရပ်ပြီးသွားပြီးတဲ့နောက် ဂျာနယ်ပြန်ထွက်ဦးမယ်ဆိုလို့ ကျနော်တို့လဲ အားခဲပြီးမျှော်နေကြတယ်။ ဘယ်တော့လောက် ပြန်ထွက်နိုင်မလဲ" ဟု ထို အလုပ်သမား ခေါင်းဆောင်က ၎င်းတို့၏ ရဲဘော်လင်းယုန်အကြောင်းကို စတင်၍ စုံစမ်းမေးမြန်းလေသည်။ ထို့ကြောင့် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ပြောလိုက်သည်။
 ထိုအသုဘ၌ ခေတ္တတဖြုတ်လောက်ထိုင်ပြီး ထလာသောအခါ ကျွန်တော့်အား လာရောက်ဧည့်ခံစကားပြောသော အလုပ်သမား ခေါင်းဆောင်သည် ကျွန်တော့်အား ဟုမ်းလမ်းထိပ် မော်တော်ကားမှတ်တိုင်သို့ အရောက် လိုက်ပို့သည်။
"ခက်တာပါပဲဗျာ...... နှစ်ဘက်စလုံးက အလုပ်သမားတွေက တဘက်နဲ့ တဘက် ဧရာမ ရန်သူကြီးတွေလို့ မြင်နေကြတယ်။ တဦးနဲ့တဦးလူချင်းတွေ့လိုက်ရင်ပဲ စားတော့ ဝါးတော့မယ့်အတိုင်း သဲသဲမဲမဲဖြစ်နေကြပြီ" ဟု ထိုအလုပ်သမား ခေါင်းဆောင်က ၎င်း လက်တွေ့ ဦးဆောင်မှုပေးနေသော အလုပ်သမားလောက၏ အခြေအနေနှင့် ဆက်ဆံရေးကို တိုတိုနှင့် လိုရင်းရောက်အောင် ပြောပြသည်။
 "နိုင်ငံရေးသမား လူမိုက်တွေက သူတို့ပါတီနဲ့ သူတို့အဖွဲ့အတွက် တခုတည်းသာ ကြည့်ပြီး ခင်ဗျားတို့ အလုပ်သမားတွေကို အခုလို အချင်းချင်း သတ် ဖြတ်ခိုင်းနေတာကတော့ မတရားဘူးပေါ့ဗျာ။ ဒါပေမယ့် လူမိုက်ကို ပြောလို့ ရတာမဟုတ်တော့၊ ခင်ဗျားတို့လို အသိဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေက ကိုယ့်တပ်သားတွေကို ကိုယ်ပြန်ထိန်းပေးဖို့ တာဝန် ရှိကြလိမ့်ထင်တယ်" ဟု ကျွန်တော်က မိမိ သဘောထားနှင့် ထင်ချက်ကို ပြောဆိုလိုက် မိသည်။
 "ကျနော်တို့ တတွေကလဲ တတ်နိုင်သလောက်တော့ ထိန်းလျက် သိမ်းလျက် ပါပဲဗျာ။ ဒါပေမယ့် အထက်က ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်က အလုပ်သမားတွေကို အရက်တွေ ဘာတွေ တိုက်ပြီး၊ နင်းကန် မြှောက်ပင့်ပေးနေတော့ ထိန်းရတာသိပ်မလွယ်ဘူးဗျ"
"ဒီလိုဆိုရင်လဲ အထက်ကခေါင်းဆောင်ကြီးတွေ လုပ်နေခိုင်းနေတာ မဟုတ်မမှန်တဲ့ အကြောင်း အောက်ခြေအလုပ်သမားတွေကို ဖွင့်ချပါလားဗျာ"
 "ရဲဘော် အခု ပြောသလိုသာ လုပ်ရင် ကျနော်တို့ကို အရင်ဦးဆုံး ဖျောက်ပစ်လိုက် တော့မှာပေါ့"
 ထိုသို့ စကားကုန် ဖွင့်ပြောလာသည့်အတွက် ကျွန်တော်သည် နောက်ထပ်၍ အကြံ ပေးနိုင်ရန် စဉ်းစားရှာဖွေ၍ မရတော့ပေ။
 သက်ပြင်းကိုသာ ချလိုက်မိသည်။နေအိမ်သို့ပြန်ရန် ကားပေါ်သို့ တက်ခါနီး၌ ထိုအလုပ်သမားခေါင်းဆောင်က ယခု သေဆုံးသွားရသော ကုန်တင်ကုန်ချ ကူလီ အေးမောင်၏ နောက်ပိုင်း၌ ကျန်ရစ်ခဲ့သော ရာဇဝင် ကလေးတခုကိုလည်း မမှီ မကမ်းနှင့် ပြောဆိုဖြစ်အောင် ပြောဆိုလိုက်သေးသည်။
 "ရဲဘော် အေးမောင်ကြီး၊ မယား မကြည်နှင့် ကလေး နှစ်ယောက်အတွက်တော့ အခုထက်ထိ ဘာမှလုပ်ပေးမယ်လို့ ပြောသံဆိုသံ မကြားသေးဘူး၊ အိုဗျာ... လုပ်ပေး လိမ့်မယ်လဲ မထင်တော့ပါဘူး"
 နေအိမ်သို့ ပြန်၍ရောက်သောအခါ ထိုနေ့အဖို့ ဖတ်၍ မပြီးသေးသော သတင်းစာ ဂျာနယ်များကို မဖတ်နိုင်သေးဘဲ နာရီပိုင်း တွင်းလောက်က ကျွန်တော် သွားရောက် ဝတ်ပြုခဲ့ ရသော အသုဘနှစ်ခုကိုသာ နှိုင်းယှဉ်စဉ်းစားနေမိသည်။
 ရန်ကုန်ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမား ဘဝတူများဖြစ်ကြသော ကူလီ ထွန်းတင်နှင့် အေးမောင်ကြီးတို့သည် တဦးနှင့်တဦး ရိုက်နှက် တိုက်ခိုက်ရင်း နှစ်ဦးစလုံး သေဆုံးခဲ့ရလေပြီ။ ဤကဲ့သို့ ဘဝတူအလုပ်သမား အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ရင်း သေဆုံးခဲ့ရသည့်အတွက် ၎င်းတို့နှစ်ဦးစလုံးအတွက်ရော၊ ပစ္စည်းမဲ့အလုပ်သမားလူတန်းစား တလောကလုံးအတွက်ပါ မည်သည့် အကျိုးအမြတ်များရရှိခဲ့သနည်း။
 ကူလီထွန်းတင်နှင့် အေးမောင်ကြီးတို့၏ နောက်ပိုင်း၌ မယားမုဆိုးမများနှင့် လူမမယ် ကလေးများ မျက်လုံးသူငယ်နှင့် ကျန်ရစ်ခဲ့ကြ၏။ အလုပ်သမား လောကအနေနှင့်မူကား အလုပ်သမားတို့၏ သွေးသာလျှင် မြေသို့ကျခဲ့ရလေပြီတကား။
 ဗန်းမောင်တင်အောင်
 ရှုမဝမဂ္ဂဇင်း

ကြယ်နီရောင်

bamaw tinaung
ကြယ်နီရောင်
အဖိနှိပ်ခံ ပြည်သူတွေရှေ့က အလံဝှေ့ယမ်းနေတဲ့
စာပေခေါင်းဆောင်
စာရေးဆရာ ဗန်းမော်တင်အောင်

လင်းယုန်ရဲ့ အတောင်ပံရိုက်ချိုးဖို့
ကိုးကိုးကျွန်းနဲ့ အကျဉ်းထောင်
ပင်လယ်ကျောက်ဆောင်နဲ့ လှိုင်း
မုန်တိုင်းတွေကြားတဲမှာ
ရဲရင့်စွာ ခေါင်းဆောင်
အဲဒါ ဗန်းမော်တင်အောင်။

မတရားမှုကို တိုက်ပွဲဝင်
ဖြူစင်တဲ့ အကျင့်စာရိတ္တ
အခွင့်ထူးမမက်တဲ့ သီလ
ခေါင်းမငုံ့ တတ်တဲ့ မာနနဲ့
စိတ်ဓါတ်မကျဘဲ ရှေ့ကဦးဆောင်
အဲဒါ ဗန်းမော်တင်အောင်

အမိုက်မှောင်ဆုံးကာလတွေမှာ
ထွန်းပလာခဲ့တဲ့ စာပေကြယ်နီရောင်
ပြည်သူတို့ရဲ့ ဗန်းမော်တင်အောင်။   ။

တင်မိုး
၂.၁၀.၉၈
(၂၃.၁၀.၇၈ နေ့တွင်ကွယ်လွန်ခဲ့သည့် ဗန်းမော်တင်အောင် နှစ် ၂၀ ပြည့် တုန်းက ဆရာဦးတင်မိုး
ရေးခဲ့တဲ့ကဗျာလေးပါ။ )
ရွေမော်ကွန်းမဂ္ဂဇင်း ၁၉၉၈-နိုဝင်ဘာ၊ အတွဲ၁၇

အမှတ်တရ ဗန်းဗော်တင်အောင်( ၁၉၂၀- ၁၉၇၈)

Photobucket

မှတ်မှတ်ရရ ယခုလ အောက်တိုဘာလ၊ ၂၃ ရက် နေ့ဆိုလျှင် ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၂ နှစ်မြောက် ပြည့်ခဲ့ပြီဖြစ်သည်။  ဆရာဗန်းမော်တင်အောင်အတွက် အမှတ်တရကို ဆရာ ဒဂုန်တာရာမှ ”နရသိမ်ထောင်မှ အကျဉ်းသား” ဆောင်းပါးဖြင့် ဂုဏ်ပြုခဲ့ဖူးသည်၊ ဆရာမြသန်းတင့်က ”မုန်တိုင်းထဲက လူ” အဖြစ်နှင့်လည်းဂုဏ်ပြုခဲ့ဘူးသည်။ ဆရာကြီး ဒေါင်းနွယ်ဆွယ် မှလည်း ”မဆန်းသော သေခြင်းမှ ထာဝရ မပျောက်ဆုံးသူ” ဟူသော ခေါင်းစဉ်ဖြင့် ကဗျာရှည်ကြီးဖြင့် ဂုဏ်ပြုခဲ့ဖူးသလို၊ ကျနော်တို့ စာပေချစ်မြတ်နိုးကြတဲ့ လူငယ်စာပေသမားတွေက ချစ်စနိုးနဲ့ ခေါ်ဝေါ်ခဲ့ကြတဲ့ ဆရာဂျမ်း ( ကဗျာဆရာကြီး ဦးတင်မိုး) ကလည်း ”ကြယ်နီရောင်ကဗျာ”ဆိုတဲ့ ကဗျာလေးဖြင့် ဂုဏ်ပြုခဲ့ဖူး ကြသလို တခြားသော စာရေးဆရာကြီးများ လူငယ်မျိုးဆက်သစ် စာပေသမားများကလည်း ဂုဏ်ပြု မှတ်တမ်းတင်ခဲ့ဖူးကြသည်။
ဆရာဗန်းမော်တင်အောင်သည် ၁၉၃၈ခုနှစ်တွင် အလုပ်သင်သတင်းထောက်၊ ၁၉၃၉-၄၀ စတီးဘရားသား သစ်ကိုယ်စားလှယ်၊ ၁၉၄၆-၄၉ သစ်ကိုယ်စားလှယ်၊ သစ်အ၀ယ်တော် လုပ်ငန်းများကိုလုပ်ကိုင်ခဲ့ပြီးနောက် သတင်းစာ၊ စာရေးဆရာဘ၀ဖြင့် ကွယ်လွန်သည်အထိ စာပေတာဝန်ကို ကျေပွန်ခဲ့သူဖြစ်ပါသည်။
ဆ၇ာသည် ၁၉၃၈ တွင် မောင်တင်အောင်ကလောင်အမည်ဖြင့် ”ဘုန်းမေ့နိုင်ဘူး” ၀တ္ထူဖြင့် စာပေလောက သို့ စတင်ဝင်ရောက်ခဲ့ပြီး  မြန်မာ့ရုပ်ရှင်၊ ဘားမားဂျာနယ်၊ မြန်မာ့တာဝန် မဂ္ဂဇင်းများတွင် ၀တ္ထူ များရေးသားခဲ့ရာ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလထုတ် ဂျာနယ်ကျော်တွင်ပါသော ”နောမူဝေး” ၀တ္ထူတိုမှစတင်၍ ဗန်းမော်မြို့တွင် ၇ တန်းအထိ ပညာသင်ကြားခဲ့သည်ကို စိတ်စွဲကာ ”ဗန်းမော်တင်အောင်” ဟူသော ကလောင်ကို ယူခဲ့ခြင်းဖြစ်သည်။ ၁၉၄၉ တာရာမဂ္ဂဇင်းတွင် တွဲဖက်အယ်ဒီတာ၊ ၁၉၅၀ လင်းယုန် ဂျာနယ် အယ်ဒီတာနှင့် ထုတ်ဝေသူ၊ ထိုမှ ၁၉၅၁ တွင် လင်းယုန်သတင်းစာကိုပါ ပူးတွဲထုတ်ဝေခဲပသည်။ ၁၉၄၇ တွင် ရေးသားခဲ့သော ”ဘုန်းမောင့် တစ်ယောက်တည်းရယ်” ၀တ္ထူသည် စစ်ပြီးခေတ်စာပေလောက၌ ဗန်းမော်တင်အောင်ကို အထူးထင်ရှားအောင်မြင်စေခဲ့သော မှတ်တိုင်ဖြစ်ခဲ့သည်။ လုံးချင်းဝတ္ထူပေါင်း ၄၅ အုပ်နှင့် ၀တ္ထူတိုပေါင်းများစွာ၊ ဆောင်းပါးများစွာ၊ ၀တ္ထူတိုပေါင်းချုပ်၊ မဂ္ဂဇင်းအခန်းဆက်ဝတ္ထူရှည်၊ သိပ္ပံကျမ်း၊ နိုင်ငံရေးသဘောတရားကျမ်း၊ စသည့်စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည်။ ဆရာသည် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးချိန်မှစတင်၍  ခေတ်ပေါ်မြန်မာစာလောက၌  အထူးထင်ရှားခဲ့ပါသည်။ ၁၉၇၈ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် နံနက် ၇း ၁၀ မိနစ်တွင် အဆုတ်ရောဂါဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ခင်ဦးနှင့် သားသမီးခြောက်ယောက်တို့ ကျန်ရစ်ခဲ့သည်။

စာရေးဆရာ ဗန်းမော်တင်အောင်သည် စီးပွားရေးသမား အနေနှင့် ချမ်းချမ်းသာသာပြည့်စုံစွာ  နေနိုင်ခဲ့သော်လည်း ပြည်သူလူထုကောင်းစားရေးအတွက် သူယုံကြည်သည့်စာပေနှင့် လူထုဘက်က ရပ်တည်ခဲ့ပြီး ခေတ်ကာလနိုင်ငံရေးအခြေအနေ တွေကို အမှန်တိုင်းဝေဖန်ရေးသားသည့်အတွက် ထောင်အကြိမ်ကြိမ် ကျရောက်ခဲ့ပြီး ဆင်းရဲဒုက္ခခံခဲ့ရသည်။ ဆရာ ဗန်းမော်တင်အောင် မကွယ်လွန်မီ ၁၉၇၈ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပေါ်တွင် “လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံး ပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို ဘယ်လောက် သယ်ပိုး ထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” ဟု နောက်ဆုံးပြောကြားခဲ့သည်။
ဆရာကဲ့သို့ တိုင်းပြုပြည်ပြုစာရေးဆရာ တစ်ယောက်အား မျိုးဆက်သစ် လူငယ်များအနေဖြင့်  မမေ့မလျှော့ အစဉ်ထာဝရ သတိရဂါဝရ ပြုလျှက်ရှိနေသင့်ကြောင်းပါ။
ရွေမော်ကွန်း
ကိုးကား( ရှုမ၀မဂ္ဂဇင်း၊ မိုးဝေမဂ္ဂဇင်း နိုဝင်ဘာ၊၁၉၇၈)နှင့် ဗန်းမော်တင်အောင်အမှတ်တရစာစုများ

ဓာတ်ပုံများနဲ့ စကားပြောခြင်း

 
တကယ်တော့ သက်မဲ့ဖြစ်တဲ့ ဓာတ်ပုံတွေနဲ့ စကား ပြောလို့မရပါဘူး။ အလင်္ကာ သဘောအရ တင်စားပြီး သုံးဖြစ် လိုက်တဲ့ စကားပါ။ ဆယ်တန်း မြန်မာစာမှာ အားလုံးမှတ်သားဖူးကြတဲ့ သက်မဲ့ကို သက်ရှိများ ကဲ့သို့ တင်စားသုံး တဲ့ အပါဏေ ပါဏိဓမ္မ သမာဓိ ဂုဏ်ပဲဖြစ်ပါတယ်။ သက်ရှိတွေ လှုပ်ရှားမှု တခုဖြစ် တဲ့ ရယ်ခြင်း၊ ငိုခြင်း၊ ပြုံခြင်း၊ စကားပြောခြင်း စတာ တွေကို သက်မဲ့မှာ တင်စားကြည့်တာပါ။ ကဗျာ သဘော၊ အလင်္ကာ သဘောအရ ရသမြောက် စေပါ တယ်။ ကဲ ... ကဲ ဓာတ်ပုံများနဲ့ စကားပြော ရအောင်


ဒီဓာတ်ပုံက အောင်သပြေပါ။ အားလုံးပဲ မြင်တာနဲ့ သိတဲ့ပန်းပါ။ သပြေကိုမြင်ရင် မြန်မာတွေက ဘုရားတင်ဖို့ သတိရကြတယ်။ တချို့လည်း အောင်ရာအောင်ကြောင်း ယတြာလေးဘာလေးတွေမှာ သုံးဖို့ပေါ့။ ဘာပဲဖြစ်ဖြစ် သပြေဟာ မြန်မာတွေနဲ့ အရင်းနှီးဆုံးပန်းပါ။ ကျနော်လည်း သပြေမြင်ရင် မနေနိုင်လို့ ဓာတ်ပုံ ရိုက်မိပြန်တယ်။

ဒီဓာတ်ပုံကို ရိုက်ဖို့ ကျနော်စိတ်ကူးတဲ့အခါ ကိုယ်ရိုက်မဲ့အရာ၊ နောက်ခံ၊ အလင်းရောင်၊ ပတ်ဝန်းကျင်ကို ပထမ ဆုံး စဉ်းစားပါတယ်။ ညနေပိုင်းနေကျချိန်မှာ သပြေခက်ပေါ်ကို နေရောင်များက ခပ်စူးစူးကျနေတယ်။ အလင်းတွေ သိပ်များနေလို့ ကင်မရာ မီးမဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အကယ်၍ အလင်းရောင်သိပ်များနေချိန် နေ့လည်ပိုင်းမှာ မီးဖွင့်ရိုက်ရင် ပုံကိုဖျက်ဆီးလိုက်တာနဲ့ တူပါတယ်။ အလင်းတွေများလို့ ပုံက မလှတော့ပါ။ အချိန်အတိအကျ ကိုတော့ ဓာတ်ပုံကို ထောက်ကြည့်လိုက်တာနဲ့ အလွယ်တကူ သိရမှာဖြစ်ပါတယ်။
.
နေရောင်က အနောက်က ပန်းကို ထိုးထားလို့ နေရောင်ထိုးတဲ့ဘက်က ဓာတ်ပုံကို ရိုက်ဖို့ ရွေးလိုက်တယ်။ အကယ်၍ ဒီပုံမျိုးမှာ နေရောင်ကို မျက်နှာချင်းဆိုင် ရိုက်ရင် ဓာတ်ပုံမှာ အရိပ်တွေများလာနိုင်တယ်။ ဖြူသွားနိုင်ပါတယ်။ သို့အတွက် နေရောင်ကျတဲ့ ဖက်ကနေရိုက်ပါတယ်။ လင်းလင်းထင်းထင်းဖြစ်လို့ အရွက်ပေါ်က အကြော လေးတွေက အစမြင်သာ ထင်သာအောင် ပေါ်လာပါတယ်။ သဘာဝအရောင်ကို ပိုမိုပေါ်လွင်စေပါတယ်။
.
ပြီးတော့ ကောင်းကင်ပြာပြာ နောက်ခံကို ရွေးပါတယ်။ သဘာဝဖြစ်တဲ့ ကောင်းကင်ပြာပြာကြီးက ဓာတ်ပုံကို ကြည်လင်ပြတ်သား လှပစေတယ်။ အရွက်တွေ အခက်တွေကြားက အညွန့်ကို သီးခြားထုတ်ရွေးချယ်ပြီး မှန်ပြောင်း ကို ချိန်ပါတယ်။ လေတိုက်နေတုန်းမို့ လေငြိမ်တဲ့အချိန်ကို နဲနဲစောင့်ပြီး ရိုက်ရပါတယ်။ ကိုယ်လိုချင်သော အနေအထားဖြစ်အောင် မှန်ပြောင်းကို ကစားရပါတယ်။

ပတ်ဝန်းကျင်ဆိုတာက အညွန့်များစွာရှိနေတဲ့ ပတ်ဝန်းကျင်၊ အခြားသစ်ပင်သစ်ရွက်နေတဲ့ ရောနှောနေတဲ့ပတ် ၀န်းကျင်မှာ ပုံလေးတပုံအဆင်ပြေပြေ ထွက်လာဖို့ ကိုယ်တိုင်ရွေးချယ်ရပါတယ်။ သူ့ပတ်ဝန်းကျင်က အရာတွေ နဲ့ရော ရိုက်ရင် (သို့မဟုတ်) ခွဲရိုက်ရင် ဘယ်လိုအဆင်ပြေမလဲဆိုတာပါ။ ကျနော်ကတော့ ဒီလိုပန်းမျိုးဆို ပေါ်လွ င်အောင်လို့ သီးခြားပဲ ခွဲရိုက်ပါတယ်။ ဒါက ပိုပြီး အဆင်ပြေလို့ပါ။.
ဒီဓာတ်ပုံက ဘုရားစင်ရှေ့က သစ်ခွပန်းဖြစ်ပါတယ်။ ပန်းအိုးတွေကြားက သစ်ခွပန်းတွေထဲက တပွင့်ကို ခွဲချိန် လိုက်ပါတယ်။ ကျန်တဲ့ပန်းတွေကို နောက်ခံလုပ်လိုက်တယ်။ မီးမဖွင့်ဘဲ ISO ကို အဆင်အပြေဆုံးဖြစ်အောင်လို့ ချိန်လိုက်တယ်။ အနီးကပ်ရိုက်တဲ့ မှန်ပြောင်းမရှိလို့ zoom ကို နဲနဲဆွဲလိုက်တယ်။ ပြီးတော့ မှန်ပြောင်းကို ပန်းရဲ့ အနီးဆုံးနေရာအထိ ကပ်လိုက်တယ်။ ဘက်ထရီကို အကြည်လင်ဆုံးဖြစ်အောင် စောင့်လိုက်တယ်။ ကြည်လင် ပြတ်သားပြီး ပန်းကြောမျှင်လေးတွေ ပေါ်လာသည်အထိ ရအောင်ချိန်တယ်။ ပြီးတော့ ပန်းပွင့်ကို ဘယ်ညာနဲ့ အထက်အောင် တည့်အောင် ချိန်တယ်။ လက်ဖြောင့်သေနတ်သမားလို အသက်အောင့်ပြီး နှိပ်ချလိုက်တယ်။
ဒီပုံလေး ထွက်လာပါတယ်။ ကင်မရာ မကောင်းတော့လည်း ဒီလိုပဲပေါ့။

ဒီပန်းက သစ်ခွတမျိုးပါ။ ကံ့ကော်နဲ့သိပ်တူတယ်။ ကံ့ကော်ကို လွမ်းတလို့ ဒီပန်းလှလှကို ရိုက်ဖို့ ဆုံးဖြတ်လိုက် တာဖြစ်ပါတယ်။ အခိုင်များစွာတွေထဲက တခိုင်ကို ရွေးလိုက်တယ်။ နောက်ခံအဖြစ် ကဒ်ပြားအစိမ်းရောင်ကို ကျ နော် ရွေးလိုက်တယ်။ အစိမ်းရောင် နောက်ခံနဲ့ အဖြူအ၀ါရောတဲ့ ပန်းပွင့်လေးတွေ ပေါ်လာတယ်။
.
အိမ်တွင်းမှာ ထားတဲ့ပန်းဖြစ်ပါတယ်။ မီးမဖွင့်ဘဲ ISO နဲ့ပဲ ရိုက်တာပါ။ အဖြူအစိမ်းနဲ့ မြန်မာပြည်က ကျောင်းသူ ကျောင်းသားတွေ၊ ဆရာဆရာမတွေရဲ့ ၀တ်စုံနဲ့ သိပ်တူလို့ ကျနော်တို့တွေ မျက်စိနဲ့ သိပ်ယဉ်ပါးနေတဲ့ စုံတွဲအ ရောင်ပဲဖြစ်ပါတယ်။ အခုနက အတိုင်းပဲ အနီးကပ်ရိုက်တဲ့ မှန်ပြောင်းမရှိလို့မို့ အနီးဆုံးအထိ ကင်မရာမှန်ပြောင်း ကို ကပ်လိုက်တယ်။ သဘာဝအလင်းရောင်ကြောင့် နောက်ခံအရောင်တွေ အနုအရင့် ညီအောင် စောင့်လိုက်ပါ တယ်။ သိပ်မဟုတ်ရင် နေရာကွက်ကြား အစိမ်းရောင် အနုအရင့်တွေ အကွက်လိုက်ပေါ်လာတတ်လို့ပါ။ အပွင့် သက်သက် မဟုတ်ဘဲ ပိုပြီးလိုက်ဖက်ညီ၍ ပေါ်လွင်အောင် အရွက်လေးတွေကို ပါအောင်ထည့်ရိုက်ပါတယ်။

လူကို ရိုက်တော့ ကိုယ်လိုချင်သလောက်ကို ဖြတ်ရိုက်ပါတယ်။ သူထိုင်နေတဲ့အနေအထားမှာ တည့်အောင်ယူပါ တယ်။ သူ့မျက်မှာက အလင်းရောင်ကို သဘာဝအလင်းရောင်နဲ့ အပေါ်လွင်ဆုံးဖြစ်အောင် ကင်မရာကို ရွှေ့ယူ ပါတယ်။ မီးလုံးဝ မဖွင့်ပါဘူး။ ကင်မရာကို အော်တိုမှာ မထားပဲ ISO (400) မှာပဲ ထားပြီး ချိန်ပါတယ်။ မြင်ရတဲ့ အတိုင်းပဲ နေရောင်က ထိုးနေပါတယ်။ အဲဒီနေရောင်က ၀င်မနှောက်ရှက်အောင် သူ့ကို နောင်ခံဖြစ်အောင်လို့ လုပ်လိုက်ပါတယ်။ အဲဒါက ကင်မရာ မှန်ပြောင်းကို အဝေးအနီးချိန်ဆပြီး ကိုယ်အကြိုက်ဆုံးအနေအထားကိုပဲ ရွေးယူပါတယ်။ အပြင်ကနေရောင် ထိုးနေမှုကို အတွင်းက အရောင်နဲ့ ခုခံနိုင်တဲ့အခါ ဓာတ်ပုံက ပေါ်လွင်လာပါ တယ်။ သိတဲ့အတိုင်းပဲ ကျနော်က ပေါ့ထရိတ်ရိုက်တာ သဘောကျလို့မို့ ထောင်လိုက်ပဲ ရွေးရိုက်ပါတယ်။ ဒါက လည်း သူ့နေရာနဲ့သူဖြစ်ပါတယ်။ နေရာတိုင်းတော့ မဟုတ်ဘူးပေါ့ဗျာ။

ဒီပန်းလေးက လှတယ်။ သူတို့က ဂျင်ဂျာလို့ ခေါ်တယ်။ သူ့အရွက်တွေက ဂျင်းပင်က အရွက်တွေနဲ့တူလို့တဲ့။ တကယ်တော့ စားပင်မဟုတ်တဲ့ ပန်းတမျိုးပါ။ အပွင့်တခိုင်နဲ့ အဖူးတခုကို မြေမှာပေါက်နေတဲ့ အပင်အုံထဲက ဖြတ် ယူလိုက်တယ်။ နှစ်ခုကို အခြေက ကြိုးနဲ့တွဲချည်နှောင်ပြီး ပန်းပင်ထိပ်မှာ ငြိမ်အောင် တင်ထားလိုက်တယ်။ ကျ န်တဲ့ နည်းစနစ်တွေကတော့ သပြေပန်းရိုက်တုန်းက အတိုင်းပဲ။
.
ဓာတ်ပုံလာကြည့်သူတွေက လှလိုက်တာ လှလိုက်တာနဲ့ ပြောနေကြတယ်။ ကိုယ်ရိုက်တဲ့ ပန်းပွင့်လေးတွေကို လှလိုက်တာလို့ ချီးမွန်းခန်းဖွင့်နေတဲ့ သူတွေတွေကို ကျေးဇူးတင်ပါတယ်ပဲ ပြောရတယ်။ အများအားဖြင့် ပန်း ကြိုက်တဲ့သူဆိုတာ မိန်းကလေးတွေပါ။ ပွဲကြိုက်ခင် မဟုတ်တဲ့ ပန်းကြိုက်ခင်တွေပါ။ ပန်းကြိုက်ခင်များအတွက် ပန်းတွေ ရိုက်ပြီးရင် အီးမေးလ်နဲ့ ပို့ပေးရတာ ကိုယ့်တာဝန်ပါ။

ဘုရားစင်ရှေ့က မီးတိုင်လေးပါ။ ကင်မရာနဲ့ပဲ နောက်ခံတွေကို ၀ါးအောင် ချိန်လိုက်တယ်။ အဲဒါက လွယ်ပါတယ် အဓိက ပေါ်လွင်စေချင်တာကို ချိန်လိုက်တယ်။ မှန်ပြောင်းကို အနီးကပ်ဆုံးဆွဲတယ်။ အနီးဆုံးအရာက ပြတ်သား လာတော့ နောက်ခံဘက်ဂရောင်းတွေက ၀ါးလာတယ်။ အထူးသဖြင့် အလင်းမရှိတဲ့နေရာတွေကို နောက်ခံဖြစ် အောင် ရွှေ့ယူရတယ်။ ဒီတော့ နောက်ခံဟာ မပြတ်မသားနဲ့ ၀ါးသွားတယ်။ ကိုယ်လိုချင်လို့ ချိန်ထားတဲ့ အရာ က ပီပြင်လာတယ်။ တည့်မတည့် ချိန်တယ်။ ရိုက်တယ်။ မီးမဖွင့်ပါဘူး။ မလိုအပ်လို့ပါ။
.
ကျနော်က ဓာတ်ပုံဝါသနာရှင်ပါ။ စာအုပ်တွေဖတ်တယ်။ ဓာတ်ပုံဆရာတွေနဲ့ စကားပြောတယ်။ ရိုက်ထားသမျှ လေးတွေကို ၀ါရင့်ဓာတ်ပုံဆရာကြီးများဖြစ်တဲ့ ဦးတင်မောင်အေး၊ ဆန်နီ စသူတွေကို ပြကြည့်တယ်။ သူတို့ရဲ့ထ င်မြင်ချက်တွေကို ယူတယ်။ ဆက်လက်ပြီး ကြိုးစားတယ်။ ပြီးတော့ အမေရိကန် ဓာတ်ပုံဆရာတွေနဲ့ စကားပြော တယ်။ ဒါနဲ့ပဲ အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့ သောင်းကျော်တန် သူတို့ကင်မရာကြီးတွေကို ကြည့်ပြီး ကိုယ့် ကင်မရာအိုလေးကို သနားမိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့နဲ့စကားပြောပြီး ပညာယူဖြစ်တယ်။ သူတို့ကင်မရာကြီး တွေ ရိုက်ကြည့်စမ်းပါလို့ ပေးကိုင်လာရင် အရာဝတ္ထုအသစ်အစမ်းတွေကို ရလိုက်တဲ့ကလေးဘ၀တုန်းကလိုပဲ စိတ်ဝင်တစား ကြည့်တယ်၊ ရိုက်တယ်။
.
အားတဲ့အခါ ကိုယ့်ကို Yes or No ပြောတတ်သူတွေနဲ့ စကားပြောဖြစ်သလို ကိုယ့်ကို ဘယ်တုန်းကမှ Noလို့ မပြောတတ်သူတွေဖြစ်တဲ့ ပန်းကလေးတွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ ပြီးတော့ သူတို့ရဲ့အရိပ်ဖြစ်တဲ့ ဓာတ်ပုံ လေးတွေနဲ့ ကျနော် စကားပြောဖြစ်တယ်။ စိတ်တည်ကြည်မှုတမျိုးကို ဖြစ်စေလို့ ဓာတ်ပုံများနဲ့စကားပြောခြင်း ဟာ ကိုယ့်အတွက်တော့ အဓိပ္ပါယ်လေးနက်မှု ရှိနေပါတယ်။ ပြီးတော့ ဓာတ်ပုံချစ်သူတွေ လိုလို့သုံးချင်သူတွေ လည်း သုံးလို့ရတာပေါ့ဗျာ။ ဒီဓာတ်ပုံတွေဟာ ကျနော်ဒီနေ့ရိုက်ထားတဲ့ ပုံတွေထဲက တချို့ဖြစ်ပါတယ်။

အားလုံးငြိမ်းချမ်းပါစေလို့ ဆန္ဒပြုရင်း ...

ကိုသက်
အယ်ဒီတာအမှာ.....


စာရေးသူ ကိုသက်ကတော့ အမေရိကန်၊ လောစ့်အိန်ဂျလိစ်၊ ကာလီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေသူတစ်ဦးဖြစ်ပြီး ၊ ဓာတ်ပုံပညာကို The Art Institute of CaliforniaHollywood မှာ သင်ယူနေတဲ့ ကျောင်းသားတစ်ဦးဘဲ ဖြစ်ပါသည်။ ကိုသက်အမည်နဲ့ ဆောင်းပါးတွေ၊ ကဗျာတွေလည်း ရေးနေသူတစ်ယောက်ဖြစ်ကြောင်း ရွှေမော်ကွန်းမှ မိတ်ဆက်ပေးလိုက်ပြစေ။
ဓါတ်ပုံ ရိုက်ရတာ ၀ါသနာပါတဲ့ စာဖတ်သူတွေအတွက် ကိုသက်ရဲ့ ဓါတ်ပုံဆောင်းပါးတွေက တစ်စုံတရာ အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ ထင်ပါတယ် 

ဝတ်မှုန်သင်းမည့်နေ့

" The Day When Pollens' Fragrance Come "
     By   Khet Mar
 
khat mar
(က)
ဒီနေ့မနက် အိပ်ရာအထမှာ ညီမတစ်ယောက် ဘာအိပ်မက် အကြောင်းများ ပြော လာဦးမည်လဲဟု မြ၀ါးရုံက စိတ်ဝင်စားစွာ၊ ပြီးတော့ ရယ်ချင်စွာ တွေးနေမိသည်။ တကယ်တမ်းကျတော့ ညီမအိပ်မက် အကြောင်းတွေ ပြောလာတိုင်း မရယ်ရက်တော့တာ တော်ကြာနေခဲ့ပြီပဲ။ ညီမအိပ်မက် အကြောင်း မြိန်ရေ ရှက်ရေ ပြောနေသည့် အချိန်မှာ ပေါ်လာတတ်သော ရယ်ချင်စိတ်တွေက သနားကရုဏာအဖြစ် အသွင် ပြောင်းလဲ၍ ထုထည်ခဲဖွဲ. ကြီးထွားခဲ့ရသည်။ ‘ညီမ’ကို အလျင်အမြန်ပြောရင်း ‘ညကလေ’ ‘ညပြောပြမယ် သိလား’ ဟူ၍ ဖြစ်သွားတတ်သော ညီမ၏ ညအိပ်မက် တွေအကြောင်း နားထောင်ဖို့အတွက် ညီမကို စူးစုးကြည့်ရင်း “ကဲပါညရယ် ညရဲ့တစ်ထောင့်တစ်ည အိပ်မက်ပုံပြင်တွေကို ရပ်တန်းက ရပ်ပါတော့“ ဟု ရယ်ကာမောကာပင် မပြောဖြစ်တော့ပါ။ မနက်မိုးလင်း ပြီဆိုလျှင် မျက်နှာသစ်ရင်း ထမင်းဟင်းချက်ရင်း၊ ရေချိုးရင်းနှင့် ညီမပြန်ပြောပြမည့် ညကအိပ်မက် အကြောင်း နားထောင်ဖို့ ပင် စိတ်စောနေတတ်ပြီ။

ပင်လယ်ရဲ့ဒဿန

ပင်လယ်ရဲ့ လှိုင်းလုံးတွေပေါ်မှာ
အဖော်အဖြစ် လမင်းရောက်တော့
ရွှန်းရွှန်းတောက်ပြီး လွမ်းလောက်တယ်။

လမင်းနဲ့ လှိုင်းလုံး
နပန်းလုံးနေသလို
တရုန်းရုန်း တ၀ုန်းဝုန်း
ရွှေတုံးငွေတုံး ပြန့်ကြဲနေတယ်။

မြင်းရိုင်းခုန်ပေါက်
ကန်ကျောက်သည့်နှယ်
ပင်လယ်လှိုင်းတို့
                                                   မုန်တိုင်းပင့်မြှောက် ခုန်ပေါက်ကြတယ်။

ရုံးကန်ခြင်းသည် ခွန်အားမည်သတဲ့
ပန်းချီစုတ်ချက် မသနိုင်တဲ့
ရုံးကြွနေတဲ့ ပင်လယ်
ငြိမ်သက် နေတယ်လို့
ဘယ်မှာရှိနိုင် မှာလည်းကွယ်။

တင်မိုး
၂၈.၁၀.၉၈
ရွှေမော်ကွန်း-အတွဲ ၁၈

ဂျာမနီ အင်ဂျင်နီယာ

စာရေးဆရာ- သာဓု
ရွှေတိဂုံဘုရားလမ်း ကျားကူးကွက်သစ်တွင် 'ပူတူတူး ရောင်စုံ ပုံနှိပ်စက်' ဟူ၍ ချောက်ချောက်ချက်ချက် ရိုက်နှိပ်သော အလုပ်ကလေးဖြင့် ထမင်းဝသော် လည်း ဟင်းမကောင်းတကောင်း စားနေရသော သာဓု၊ သင်္ကြန်ကျတိုင်း 'အိမ်မိုး ရတော့မည်' ဖြစ်၍ ဓနိဖိုးအတွက် စိတ်မောခဲ့ရသော သာဓု၊ နေထွက်သည်မှ ညသန်းခေါင်တိုင် ချွေး တပြိုက်ပြိုက်ဖြင့် စက်ရိုက်နေရသော သာဓုမှာ မြင်းပျံ ဦးတင့် ကောင်းမှုကြောင့် ကျားကူးကွက်သစ်ထက် အဆင်ပြေသော၊ ဣနြေ္ဒရ သော ရေကျော်ဘက်သို့ ရောက်ခဲ့ရ၏။

မြို့တော်ဟောင်းက ဇတ်လမ်းသစ်

ကိုကျော်သူရဲ့ facebook http://www.facebook.com/home.php?#!/note.php?note_id=429494157913  မှာ  လောကကြီးက မတရားဘူး ဆိုတဲ့  စာနဲ့တကွ ဓါတ်ပုံတွေပါဖေါ်ပြထားတဲ့ ခံစားချက် စာတိုလေးကို ဖတ်မိတော့ ဒီအဖြစ်အပျက်ဟာ ဟိုးတုန်းက အဖြစ်အပျက်တခု အပေါ်ပဲ ကိုကျော်သူ ကောက်ကြောင်းဆွဲတာလား။ လတ်တလောဖြစ်တာများလားလို့  တွေးမိတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ဟိုး လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် မတ်လလောက်မှာ ကျနော် ကြားမိတဲ့ (အလားတူ) အဖြစ်အပျက် လေးကို ကဗျာရေးခဲ့ဖူးတာမို့ပါ။
(www.burmatoday.net မှာ ဖေါ်ပြခဲ့ဖူးပါတယ်။ ) တိုက်ဆိုင်မှုလား၊ အလားတူ အဖြစ်မျိုးလားတော့ မသိပါဘူး။ ကိုယ်ချင်းစာ ခံစားမိပြီး ကျနော်ရေးဖွဲ့မိခဲ့တာလေး ပြန်တင်ပြလိုက်ပါရစေ။ ခံစားချက်နဲ့ တွေးစရာတွေပေးတဲ့ ကိုကျော်သူကို ကျေးဇူးတင်ပါတယ်။
(ကဗျာနာမည်မှာ မြို့တော်ဟောင်းလို့ သုံးထားတာက အဲဒီအချိန်မှာ နေပြည်တော်မြို့တော်သစ် အကြောင်းတွေ ခေတ်စားနေတဲ့အချိန် မြို့တော်ဟောင်း ရန်ကုန်တ၀ိုက်က အဖြစ်အပျက်မို့ပါ)
(ပူးတွဲပါ ဓါတ်ပုံများဟာ ကိုကျော်သူ့ဖေ့ဘွတ်က ဖြစ်ပါတယ်)


မြို့တော်ဟောင်းက ဇာတ်လမ်းသစ်

ပုံပြင်မဟုတ်ဘူး။ တကယ်ဖြစ်ခဲ့တာပါ။
မြို့တော်ဟောင်းရဲ့ မြို့သစ်စွန်ဖျားမှာ
တကယ်ဖြစ်ခဲ့တာပါ

ဦးပုညရဲ့ ရေသည်ပြဇာတ်ထဲက မဟုတ်ဘူး။
ဒါပေမယ့် သူတို့ရဲ့အဖြစ်အပျက်က
ရေသည်ပြဇာတ်ထက်သာတယ်။

အိမ်ဦးနတ်က
နေမထွက်ခင် အလုပ်ဝင်
နေအဝင်မှာ အလုပ်ဆင်း
ညအလင်းမှာလည်း ဆိုက်ကားနင်းပါတယ်။

အိမ်ရှင်မကတော့
လသားအရွယ် သားငယ်တဖက်နဲ့
တအိမ်တက်ဆင်း လျှော်ဖွတ်ရင်းထမင်းချက်
ဒိုးတူဘောင်ဖက် အကျိုးတူ ဆောင်ရွက်ရှာပါတယ်။

လင်ကလည်း စီးပွားရှာ
မယားကလည်း အလုပ်လုပ်ပေမယ့်
အဝတ်က အချုပ်အဖာ
အစားက နပ်မမှန်ရှာတဲ့အပြင်
အနေကလည်း စုတ်ချာတယ်။

စံအိမ်တော် တဲ့စုတ်ဟာ
အမိုးကအပေါက်တရာမို့
ညအခါ လသာတာကိုလည်း မြင်နိုင်တယ်။
ကြယ်တာရာ အစုအဝေးကိုလည်း ရှုငေးနိုင်တယ်ပေါ့။

တရံတခါ မိုးရွာရင်တော့
ထီးစုတ်အောက် တိုးဖက်ရင်း
ငုတ်တုတ်နဲ့ မိုးလင်းရရှာတယ်။

အိမ်အမိုးရဲ့ ဂုဏ်အင်္ဂါနဲ့အညီ
အိမ်အကာကလည်း ကာရန်ညီပါတယ်။
မူလအစ ဝါးထရံအကာဟာ
ကျိုးပေါက် ရွဲ့ယိုင်ကာ ဟောင်းဆွေးနေလေတော့
ကျွတ်ကျွတ်အိမ်လေးတွေစီကာ ကာရံထားလိုက်တာ
ခေတ်သစ်ဟန် ပန်းချီကားလိုပါပဲတဲ့။

အမိုးမကောင်း အကာဆန်းသလို
အခင်းကြမ်းကလည်း သဏ္ဍာန်တမျိုးပါ။
အိမ်ကြမ်းကို ခင်းတဲ့အခါ
ကြမ်းအပြည့် စီခင်းဖို့ မလောက်တော့
အခင်းဖြစ်ရုံ ဝါးအခြမ်းတွေကို
တချပ်တချပ် တထွာလောက်ခွာပြီးခင်းပါသတဲ့။

အဲဒီတော့
နွေအခါဆို လေတိုးရုံပေမယ့်
မိုးအခါဆို အိမ်အောက်က ရေအိုင်မှာ
ရေဆိုးနံ့ကလည်း လှိုင်တဲ့အပြင်
ခြင်ပဒေသာလည်း မြိုင်ပါဘိသနဲ့။

ဒီလိုနဲ့
မိုးမရွာတဲ့ မိုးတွင်းတည
အလုပ်ပင်ပန်းသမျှ အပန်းဖြေ
သားငယ်ကို ဘေးချ
ကလေးငယ်ကို အမည်ပေးကင်ပွန်းတပ်ဖို့ စိတ်ကူးယဉ်ကြရင်း
လင်မယားနှစ်ယောက် အိမ်မောကျသွားကြပါသတဲ့။

အာရုံအကျင်း မိုးမလင်းခင်မှာတော့
နှိုးသံ ခေါ်သံ တီးတိုးသံမှ
ငိုသံအော်သံ ဆဲဆိုမာန်ရင်း
မယားနဲ့လင် စစ်ပွဲခင်းကြပါလေရော။

ရပ်ကွက်တွင်းက
ရပ်ကွက်လူကြီးအိမ်နီးချင်းတွေ
ဆွဲကြထိန်းကြ ဖြန်ဖြေကြနဲ့
ဘာများ ဖြစ်ကြတာပါလိမ့်ပေါ့။

လင်ကလည်းငို မယားငိုနဲ့
ရပ်ကွက်သားတို့ မေးကြမြန်းကြ ချော့မော့ကြနဲ့
ဝိုင်းဝန်းစပ်စုကြတဲ့အခါ—

မိဘနှစ်ပါး အိပ်မောကျချိန်
လသားကလေးငယ်ဟာ
ကြမ်းကြားမှ ကျွံပြီး
အိမ်အောက်က နွံရေအိုင်ထဲကျလို့
အနိစ္စရောက်သွားရှာပါသတဲ့။

မိဘနှစ်ပါး ငိုကြွေးကြ
ကြားရသူတိုင်း ရင်နင့်ရနဲ့
သနားဖွယ် ဒီအဖြစ်ဟာ
တချို့က ကလေးငယ် ကံဆိုးရှာဖို့ ဖြစ်ရတာတဲ့။
တချို့က မိဘတွေ ဂရုမစိုက်နိုင်လို့ ဖြစ်ရတာတဲ့။
တချို့က စီးပွားရေး မပြေလည်ရှာလို့ဖြစ်ရတာတဲ့။
တချို့ကတော့ ခေတ်ဆိုး စနစ်ဆိုးကြောင့် ဖြစ်ရတာတဲ့။
ကဲ—--- လူကြီးမင်းတို့ကရော- ဘာကြောင့်လို့ ဆိုချင်ပါသလဲ။

ဘာပဲဖြစ်ဖြစ်
ဒါဟာ ပုံပြင်မဟုတ်ဘူး။
တကယ်ဖြစ်ခဲ့တာပါ။
မြို့တော်ဟောင်းရဲ့ မြို့သစ်စွန်ဖျားမှာ
တကယ်ဖြစ်ခဲ့တာပါ

သူရိန်ထက်
၁၆.၃.၂ဝဝ၇
နံနက် ၆းဝဝ

၂၀၁၀ ကိုကျော်ဖြတ်ခြင်း "ထွန်းအောင်ကျော်”


မြန်မာ့နိုင်ငံရေး အလားအလာနှင့် ယနေ့အခြေအနေကို အမှန်အကန် သုံးသပ်ရလျှင် ...
(၁) ပြည်ပရောက် အတိုက်အခံများ ညီညွတ်မှုမရှိဘဲ ဒီမိုကရေစီရေးအတွက် ထောက်ပံ့ငွေ သန်းချီရနေသော အဖွဲ့အစည်းများ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်၍ ကိုယ်ကျိုးရှာ စီးပွားရေးသမား နိုင်ငံရေးလုပ်စားသူများ ဖြစ်လာကြခြင်း၊ ခြံခတ်နိုင်ငံရေးကြောင့် ငွေကြေးဖြတ်တောက်မှုများဖြင့် နိုင်ငံရေးသေလာခြင်း။
 (၂) ပြည်တွင်း NLD ပါတီဆုံးဖြတ်ချက်ကို သဘောတူပြီးမှ NDF အမည်ဖြင့် ခွဲထွက်ပါတီထောင်ခြင်းကြောင့် နအဖမှ ကမ္ဘာသို့ NLD အဖွဲ့ဝင်များ ရွေးကောက်ပွဲတွင် ပါဝင်နေပါသည်ဟု အကြောင်းပြချက် ရရှိသွားခြင်း ကြောင့် ရွေးကောက်ပွဲကို NLD သပိတ်မှောက်ခြင်းမှာ ထိရောက်သင့်သလောက် မထိရောက်တော့ခြင်း။ ထို့ အပြင် NLD ခေါင်းဆောင်ပိုင်းမှ အသက်ကြီးရင့်သူများကို သွေးသစ်လူငယ်များဖြင့် အစားထိုး အားဖြည့်နိုင်မှု မရှိခြင်း။

ဝက်အူလှည့် ရွေးကောက်ပွဲ


စာရေးဆရာသာဓု

       ခေတ်မှာ ဖ ဆ ပ လ တို့ ဘုန်းတန်ခိုးထွားနေသည့် အခါသမယ။ ပထမ ဆုံး မြူရွေးကောက်ပွဲ ပြုလုပ်တော့မည့်အချိန် 'သာဓုက စာရေးဆရာပေါက်စ ဖြစ်နေဆဲကာလ။ တစ်နေ့တွင် ကျားကူးကွက်သစ် သာဓုတို့နှင့် မလှမ်းမကမ်း တွင်နေသော ကိုလှပို မသန်း (ယခု မောင်မော် ဘရားသား၊ ဗိုလ်ချုပ်ဈေး) တို့ နှင့်အတူ သခင်သိန်းမောင်ဆိုသူ (ယခင်က မသိဖူးသော) ရပ်ကွက်မိတ်ဆွေ သာဓုထံ ရောက်လာကာ . . .

    'ဒီမှာဗျ ဆရာ ဦးသာဓု၊ ခု မြူရွေးကောက်ပွဲမှာ ဝင်အရွေးခံပါလား'

    ရုတ်တရက် သာဓု အံသြသင့်သွားသည်။။ ဂျပန်ခေတ် လွတ်လပ်သော ရုပ်သေးအစိုးရ ဖွဲ့ပြီးသည်မှစ၍ ပါတီနိုင်ငံရေးကို စိတ်ဒုံးဒုံးချ ကျောခိုင်းခဲ့သူ သာဓုအဖို့ အဆန်းလို ဖြစ်သွား၏။

မှော်ဝင်ပန်းချီကားတစ်ချပ်





















ကိုပေါ်ဦးထွန်း ရင်းနှီးသူတွေကတော့ ပေါ်ဦးလို့ခေါ်ကြတယ် ပြည်သူတွေကခေါ်တော့မင်းကိုနိုင် အောက်တိုဘာလ ၁၈ရက်နေ့ တနလာင်္နေ့မှာ ကျရောက်တဲ့ ၄၈ နှစ်မြောက်မွေးနေ့အတွက် အမှတ်တရ 

မျှော်လင့်ခြင်း

ဆန္ဒနဲ့ဘ၀ တထပ်တည်းကျဖို့ဆိုတာက
ကူပွန်လေးတစောင်ထဲကိုင်ပြီး
ကံစမ်းမဲ ပထမဆုကို ထောင်မျှော်နေတာပါ။


ငါတို့တွေကိုက
တိုက်ဆင်တွေလို အရေထူဖို့ ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒါဏ်ရာ အောင်ပွဲမှပြကြေးကိုး။


ဓါတ်စာအမျိုးမျိုးကို
အိပ်ယာထဲက ပူစာနေတဲ့လူမမာနဲ့ တူနေပြီမှန်းလဲ သိပါရဲ့။


အမေခွံ့ကျွေးသမျှ
(တကျိကျိ အော်ပြီး) ပါးစပ်လိုက်ဟ
ငှက်ပေါက်ကလေးဘ၀က
ငါလဲ ကျော်ဖြတ်ချင်လှပါပြီဟာ။


လောင်ဂျီကျု မျဉ်းတကြောင်းထဲအပေါ်
မနေနိုင်ကြပေ
နေ့ညတွေ မတူကြ
ငါ့အိပ်မက်တွေ ပြောပြမယ့် မနက်တွေမှာ
နင်က အိပ်မောကျကာစ။


“နှင်း” သီချင်းထဲကလိုပေါ့
“အခုတော့ ပင်လယ်ပဲရှိတယ်” ဆိုတဲ့ အပိုဒ်
ငါကျော့ဆိုနေလိုက်မယ်။


တနေ့မှာတော့
ငါကောက်ထားသမျှ ခရုခွံတွေနဲ့
အရုပ်ကလေးတွေ လုပ်ပြဦးမယ်
မျောက်ကလေးတွေ သန်းရှာနေတဲ့အရုပ်လဲပါ။ 

မင်းကိုနိုင် 
အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် မင်းကိုနိုင် အသက် ၄၈နှစ်မြောက်မွေးနေ့ကို သူ့ကဗျာလေးနဲ့ဘဲ ဂုဏ်ပြုလိုက်ပါတယ်၊

မင်းသုဝဏ်ရဲ့ စာ


ငယ်ငယ်တုန်းက လွမ်းစရာ
မင်းသုဝဏ်ရဲ့စာ
သူ့ကဗျာတွေ ကြိမ်ကြိမ်ဖတ်
ဘကြီးအောင်တို့ဇတ်
လွမ်းတတ်သူတိုင်း လွမ်းရတယ်
တို့များမျက်ရည်လွယ်
မျက်နှာငယ်သူ တို့သနား
ကိုယ်ချင်းစာတရား ။ ။
အဘိဓါန်နဲ့ သတ်ညွှန်းကို
ဖတ်တော့ တို့ကြည်ညို
သပြေညို စာဆိုကြီး
ပညာမြတ်ဆီမီး ။ ။
အသက်ကြီးလဲ ရေးတုန်းပါ
ကဗျာတေးနဲ့ ရှေးကစာ
အဖွင့်ဋီကာ စာစုံကိုး
ရေးတုန်းချွတ်တုန်း တို့အဘိုး
အကျိုးရှိရှိ အသက်ရှင်
မေတ္တာကြီးတဲ့ တို့ဖခင်
ဇာတာခွင်က စာအလား
အသက် ၁၂၀ ရှည်စေသား
တင်မိုး
၁.၅.၉၇
ဤကဗျာမှာ ကမ္ဘာသိ သက်တော်ရှည်ကဗျာဆရာကြီး မင်းသုဝဏ်၏ (၈၉)နှစ်မြောက် မွေးနေ့ပွဲကို အသက် ( ၆၃ )နှစ်ရှိ ကဗျာဆရာအကျော်အမော် တင်မိုးမှ ဂုဏ်ပြုရေးသားခဲ့သောကဗျာဖြစ်ပါသည်
ေ၇ွှမော်ကွန်း -အတွဲ ၎

မိုးဦးဆုတောင်း



အိုက်လှပူပူ၊ နေခက်စွဟု
နေ့ညညည်းခါ၊ တို့သူငါသည်
ရွာပါမိုးမင်း၊ တမ်းတလျှက်….။

တတမ်းတတ၊ နွမ်းလျှလျှနှင့်
မိုးစမျှော်ကာ၊ နေကြခါဝယ်
တက်လာတိမ်လိပ်၊ နောက်တောင်က….။

တက်လာတိမ်ပုတ်၊ မိုးကိုအုပ်သော်
မလှုပ်ရှက်သာ၊ ပိုအိုက်လာသည်
ရွာပါမိုးမင်း၊ တမ်းတမြဲ…..။

တမ်းတခိုက်မှာ၊ မိုးဒေ၀ါသည်
မျက်နှာပေါက်ဆိုး၊ ရှစ်ခေါက်ချိုးနှင့်
ဂျိုးဂျင်းဟိန်းဟောက်၊ ခြုံးချိန်းပျောက်သည်
အောက်မှာကျွန်းထိုး၊ တို့အများ
မိုးကြိုးပစ်မှာ၊ ပါလေလား……။

မိုးဖြူမစဲ၊ မိုးမဲမရွာ
ရှေးဆရာတို့၊ မိန့်မှာသည့်တိုင်း
တပိုင်းမှန်ကန်၊ တပိုင်းကျန်သည်
မှန်ပါစေတော့၊ ရှေးစကား…..။

မိုးဖြူရွာသွန်းပါစေသား
မျှော်လင့်စောင့်စား
လူအများ
မိုးဖြူရွာပါ၊ ခုမနား
ကယ်ပါ၊ ကယ်ပါ
အိုနတ်များ…..။

မင်းသုဝဏ်
မိုးဦးဆုတောင်းကဗျာ ၁၉၉၁ခုနှစ်၊ ဇွန်လ၊ ကလျှာမဂ္ဂဇင်းမှ ဆင်ဆာဖြတ်ခံရသော အဖွင့်ကဗျာဖြစ်ပြီး
ကော်ဖြင့်ကပ်ထားသည်ကို ကြိုးစားခွာ၍ သိမ်းထားခြင်းဖြစ်သည်။

သာဓု(စာရေးဆရာ)

သာဓု
သာဓု
မွေးသက္ကရာဇ် ၁၉၁၈ စက်တင်ဘာလ
အမည်ရင်း ဦးဖေသန်း
နိုင်ငံ မြန်မာ
မိဘအမည် ဦးမြမောင် + ဒေါ်ဖွားမျှင်
ကလောင် အမည်ခွဲများ စိန်ချယ်၊ ဥသြ၊ ပေါ်လွင်၊ ဘာဘူ၊ မောင်ဒါန၊ မောင်ဖေသန်း၊ မောင်သောကြာ၊ မြတ်သူ၊ ဖေသန်း၊ သခင်ဖေသန်း
အလုပ်အကိုင် စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ
မွေးဖွားရာဒေသ ပဲခူးမြို့
ထင်ရှားကျော်ကြားမှု စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ အဖြစ်

သတ်သတ်နှင့် တခြားစီ

စာရေးဆရာ သာဓု

၁၉၆ဝ ခုနှစ်၊ သာဓု၏ ဒုတိယကားဖြစ်သော 'အငိုလွယ်သည်' ဇာတ်ကား စတင် ပြသသည့် ဒုတိယနေ့၊ နေ့လယ်ဘက်။ သာဓု ပင်ပန်းလွန်းသဖြင့် အတိုးချ အိပ်မောကျနေဆဲ တစ်စုံတစ်ယောက်က မရဲတရဲ လာနှိုးနေသဖြင့် အော်လိုက် တော့မည်ပြုပြီးမှ မျက်လုံးဖွင့်အကြည့်တွင် သားကြီး မောင်ဝဏ္ဏကို တွေ့ရသဖြင့် ဖက်နမ်းလိုက်ရင်း အကြောင်းကို မေးသည်တွင်

ဟံသာဝတီသတင်းစာ သာဓု တရားစွဲမည်


 စာရေးဆရာ သာဓု
    လွန်ခဲ့သော နှစ် ၃ဝ ခန့်လောက်က သာဓုတစ်ယောက် စာရေးဆရာ ဖြစ် မှန်းမသိ ဖြစ်နေချိန်ကာလ၊ သာဓု ပင်ကိုယ်စိတ်ရင်းအတိုင်း မဟုတ်မခံ မှန်ရာ ကို အားမနာတမ်း ပြောတတ်ရေးတတ်သော စိတ်ဓာတ်က ပြင်းထန်နေသည့် သမယ။

    တစ်နေ့သော် နံနက်စောစော သတင်းစာ ရောက်လာလာချင်း ကြော်ငြာပိုင်း ကို ကသုတ်ကသက် လှန်လိုက်၏။ သတင်းစာမှာ ဟံသာဝတီ သတင်းစာဖြစ် လျက် ထိုနေ့က ထုတ်ဝေသော အဆိုပါ သတင်းစာတွင် သာဓု၏ စာအုပ်တစ် အုပ် ကြော်ငြာပါရမည့်နေ့ ဖြစ်၍ ကြော်ငြာပိုင်းကို အာရုံစိုက်ကာ လှန်လိုက်ခြင်း ဖြစ်၏။

ခေဘိုထိုင်

စာရေးဆရာ သာဓု

ဂျပန်ခေတ် ဂျပန်တို့၏ ရက်စက်မှုကို ကြားဖူးသူတိုင်း သဲထိတ် ရင်ဖိုစရာ ရော အခဲမကျေစရာရော ဖြစ်ရပ်မျိုးစုံ ရှိခဲ့သည့်အနက် သာဓု ကြုံတွေ့ခဲ့ရသော ဇာတ်လမ်းတစ်ခုကို တင်ပြရသော်

ထိုစဉ်က ရန်ကုန်မြို့လယ် ကုန်သည်ရပ်ကွက်ပမာ လိုရာပစ္စည်းရနိုင်သော ဗဟန်းဈေးတစ်ဝိုက်နှင့် ရေတာရှည်လမ်းသစ် လမ်းဟောင်းစသည်တို့မှာ ယခု သိမ်ကြီးဈေး ဗိုလ်ချုပ်ဈေး လဟာပြင်ဈေး စသည်တို့ကဲ့သို့ပင် စည်ကားလှ၏။ ငွေသာလျှင် တတ်နိုင်လျှင် အလိုရှိရာ ကုန်ပစ္စည်း ဝယ်၍ရ၏။

အသံအက်သွားတဲ့ ခေါင်းလောင်းလေး

ရောင်စုံပန်းခြင်းတစ်ခု
စတုတ္ထတန်းကျောင်းသား/သူများ ကောင်းမှု ။
အဖူးအငုံ
ပွင့်ရုံပွင့်ချပ် ၊ ပွင့်ဖတ်ညိုးရော်
သော်ကဇီဇ၀ါ ၊ စကြာပုဏ္ဏရိတ်
သွယ်ချိတ်ကုံးယှက်
မျက်ရည်စက်တွေနဲ့
သူ့အတွက်လေ .....။

ခရေ……သခင် (မအိ)

” ဆရာထက်တော်တဲ့ တပည့်များ
ပေါက်ဖွား…ထွန်းကား…ကျော်ကြားရမယ်”
သူလိုလားမျှော်လင့်
ဟောဟိုမှာတပွင့် တဖူး
ခူးရင်း…ကောက်ရင်း….
နှင်းတောထဲ ကျောက်မီးသွေးပို့။     ။

ဘယ်သူက ပညာပေးခံသင့်သလဲ

စာရေးဆရာ  လူထုဦးစိန်ဝင်း
     ဂျာနယ်တစ်စောင်ရဲ့ အယ်ဒီတာတစ်ယောက်က သူတို့ဂျာနယ်မှာ နိုင်ငံရေးတို့ ဒီမိုကရေစီတို့ ရွေးကောက်ပွဲတို့နဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ပညာပေးတဲ့ စာတွေကို အထူးဆောင်းပါးများအဖြစ် ထည့်သွင်း ဖော်ပြ နေတာ ကြောင့် ဆောင်းပါးရေးပေးဖို့ တောင်းခံလာပါတယ်။ ဒါလည်း ခုတလောမှာ ဖက်ရှင်ဖြစ်နေတဲ့ ကိစ္စ တစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးစကား ဒီမိုကရေစီစကားဆိုတာ နှစ်ကိုယ်ကြား လေသံလေးနဲ့ တိုးတိုးပြောရတဲ့ အခြေအနေ ကနေ ခုလိုဂျာနယ် မဂ္ဂဇင်းတွေထဲမှာ လူသိရှင်ကြား ပြောဆိုရေးသား လာကြတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ်လို့ ၀မ်းသာပါတယ်။

ဟန့်ရာကတန့် တန့်ရာကတုံးသွားတတ်တယ်

စာရေးဆရာ  လူထုဦးစိန်ဝင်း

       စာနယ်ဇင်း ကျင့်ဝတ်တွေ ရေးခဲ့သလို၊ ဘလော့ဂါ ကျင့်ဝတ်ဆိုပြီး ရေးပါဦးခင်ဗျ။ အခုဘလော့တွေ သိပ်များလာပြီး တချို့က မဟုတ်မဟတ်တွေချည့် ရေးနေကြတယ်။” လူငယ်စာနယ်ဇင်းသမားလေး တစ်စုရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်း ကျင့်ဝတ်တွေအကြောင်း အမြဲလိုလို ရေးနေရတာကြောင့် ခုလိုပြောလိုက်တာပါ၊ အင်တာနက် ၀ဘ်ဆိုက်တွေ ဘလော့တွေကို စောင့်ကြည့် ဖတ်ရှုနေသူဖြစ်တော့ သူတို့ပြောသလို ဘလော့တွေ သောင်းချီရှိနေတာ တွေ့ရပါတယ်။ အတော်များများကလည်း မဖွယ်မ၇ာတွေ ဖြစ်ပါတယ်။ တချို့ဆို ညစ်ညမ်းတာတွေ ဖြစ်ပါတယ်။

**လူထုဂျာနယ်လစ်တွေ**
      ဘလော့ဆိုတာတွေ ပေါ်ပေါက်လာတာ သိပ်မကြာလှသေးပါဘူး။ ကွန်ပြူတာသုံးနိုင်သူတိုင်း ကိုယ်ပိုင်ဘလော့တွေ လုပ်လို့ရတာကြောင့် အချိန်ပေးနိုင်သူတိုင်း ၀ါသနာသူတိုင်း ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူငယ်လေးတွေက အများဆုံးလုပ်ကြပါတယ်။ တချို့က သတင်းတွေ ဖလှယ်ကြတယ်။ တချို့က ဖျော်ဖြေရေးအတွက်၊ တချို့က ပညာရေးအတွက် လုပ်ကြတယ်။ လူတိုင်းလုပ်လို့ ရတာကြောင့် ဒီလိုလုပ်တဲ့ ဘလော့ဂ်တွေကို တချို့က “လူထုဂျာနယ်လစ်”(citizen jourmalist)လို့ အမည် တပ်ပေးကြတယ်။ စစချင်းတော့ အပျော်လုပ်ကြတာပါ။ လုပ်ရင်း လုပ်ရင်းနဲ့ နောက်တော့ တကယ် ၀ါသနာပါသွားပြီး။ တကယ်ကို ပုံမှန်ဘလော့တွေ ထောင်ပြီး သတင်းအလုပ်လုပ်တဲ့ ဘလော့ဂါတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ရွှေမော်ကွန်း ဖြစ်တည်မူ


၁၉၉၇ခုနှစ်၊ မတ်လမှစတင်၍ ဂျပန်နိုင်ငံတွင် ပထမဦးဆုံး မြန်မာရသစာစောင် မဂ္ဂဇင်းအဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၂၀၀၃၊ မတ်လ တွင် ရွှေမော်ကွန်းစာစောင်မဂ္ဂဇင်းအား အခက်အခဲအမျိုးမျိုးကြောင့် ရပ်နားခဲ့ရသည်။ ရွှေမော်ကွန်း မဂ္ဂဇင်းတွင်အသုံးပြုခဲ့သည့် စာရေးဆရာများ၏ စာများသည် ပုံနှိပ်စာလုံးအဖြစ် စာအုပ်ထဲတွင် နှစ်မြုပ်ပျောက်ကွယ်သွားမည်ကို နှမြောလှသောကြောင့် ၂၀၁၀ခုနှစ်၊ စတင်ဘာ၊ ၉ရက်၊ နေ့တွင် ရွှေမော်ကွန်း အားhttp://www.shwemawkunn.com/ ဖြင့် အွန်လိုင်မဂ္ဂဇင်းအသွင် ဖန်တီး၍ စာဖတ်သူများအား ရွှေမော်ကွန်း မဂ္ဂဇင်းတွင် အသုံးပြုခဲ့သော ပုံနှိပ်စာမူများအား ပြန်လည်ဖော်ပြခြင်း၊ မိတ်ဆွေ စာရေးဆရာ၊ဆရာမတို့မှ ချစ်ခြင်းမေတ္တာအားဖြင့် အသစ်ပေးပို့လာသည့် စာမူများအား အွန်လိုင်းဆိုဒ်တွင်ပါ ဖော်ပြပေးခြင်းနှင့် တခြား အွန်လိုင်းမီဒီယာများနှင့် စာရေးဆရာများ၏ ထုတ်ဝေပြီးခဲ့တဲ့ စာအုပ်များနှင့် ပြည်တွင်းမဂ္ဂဇင်း၊ ဂျာနယ်များမှ ကောင်းနိုးရာရာတွေကို ပြန်လည်ဖော်ပြထားတွေလည်း ပါရှိပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More