This is default featured post 1 title
Shwemawkunn Magazine's
This is default featured post 2 title
ရွှေမော်ကွန်း လိုဂိုဒီဇိုင်းကို ကဗျာဆရာ ကိုသက်က မေတ္တာဖြင့် ရေးဆွဲပေးပို့လာတာပါ။
This is default featured post 3 title
blank
This is default featured post 4 title
blank
This is default featured post 5 title
blank
ပေါက်ကရကဗျာ “ သူရိန်ထက် ”
Photobucket
အို.. အချင်း အလင်္ကာဆရာတို့
ငြင်းကြ ခုန်ကြ ဆွေးနွေးတော်မူကြပါကုန်။
မှက်၊ ခြင်၊ ယင်၊ ကြွက၊်
ပိုးဟပ်နှင့် ခြ စတဲ့ သတ္တ၀ါတွေဟာ
လူကို ကမ္ဘာဦးကတည်းက
အန္တရာယ်ပြုခဲ့ကြပါသတဲ့။
ဒါပေမယ့် ဒင်းတို့ကို
အငြိုးအတေးကြီးလွန်းသူများအဖြစ်
သတ်မှတ်သမှု မပြုခဲ့ကြပါကုန်။
ငါးတို့သည် ရေထဲတွင်
အမြဲကူးခတ် ရုန်းကန်နေသူများဖြစ်ကုန်၏
သို့သော် ဘ၀တိုက်ပွဲရဲရဲဝင်သူ
စံပြရဲဘော်များအဖြစ်
သတ်မှတ်သမှု မပြုခဲ့ကြပါကုန်။
ပုစဉ်းရင်ကွဲတို့သည်
မြဲစဉ်မပျက် သံစဉ်ဟစ်ကြွေး
သံစုံပေး၍ တေးသီကြလည်း
ဘာဆုမှလည်း မပေးအပ်
အနုပညာသမားအဖြစ်လည်း
သတ်မှတ်သမှု မပြုခဲ့ကြပါကုန်။
အနီရောင်ကို
ရဲရင့်ခြင်းဟု တင်စားသမုတ်
အလင်္ကာများဖွဲ့အပ်ကြသည့်တိုင်
နီရုံမက ရဲလည်းရဲသည့်
ဖရဲသီးကို သတ္တိရှင်ဟုစံတင်ကြရန်
သတ်မှတ်သမှု မပြုခဲ့ကြပါကုန်။
သတ္တ၀ါတို့တွင်
မောဟိုက်ပင်ပန်း၊ အိုက်စပ်သည့်ခါ
ချွေးထွက်သည်မှာ မြင်းနှင့်လူသာတူညီတာမို့
လူမြင်း၊ မြင်းလူ ရူပကယူ၌
လူသည်မြင်းမှ ဆင်းသက်သည်။
မြင်းသည်လူမှ ဆင်းသက်သည်ဟု
ဒါဝင်လည်းမဆို၊ စာမှာလည်းမတွေ့
သတ်မှတ်သမှု မပြုခဲ့ကြပါကုန်။
အို.. အချင်း အလင်္ကာဆရာတို့
ငြင်းကြ ခုန်ကြ ဆွေးနွေးတော်မူကြပါကုန်။
ရေးသူ.. သူရိန်ထက်
ကဗျာအမျိုးအစား.. ပေါက်ကရ
၃၀.၁.၂၀၁၁ (၁း၁၈)
ကောင်းကင်ငတ်တဲ့သူ “သစ်ငြိမ်း”
Photobucket
ကြယ်တွေက…
ကျွန်တော့်ကို ငုံ့ကြည့်နေတာလား
ကျွန်တော်ကပဲ…
ကြယ်တွေရှိရာ … မော့… ကြည့်နေမိသလား …
အဲဒီ အကြည့်ရဲ့ မသေချာခြင်းမှာ
ခဏ..ခဏ …
လိပ်စာပြောင်း ပြောင်းပေးနေရတဲ့
ကြယ်လေးတွေအတွက် …
မောတယ် …။
ရှည်ရှည်ဝေးဝေး လရောင်လမ်းမကြီးရေ …
အရှိန်ပြင်းပြင်း မောင်းနှင်နေတဲ့
ဝန်တင်ဝိဥာဉ်လေညှင်းအိမ်မက်များ …
ရပ်တန့်မသွားကြပါစေနဲ့ …။
ခြေရာဖျောက်သွားတဲ့ ကြယ်တစ်ပွင့်အား
“ကျေးဇူးပြု၍“
လက်ခုပ်ကလေးနဲ့ ၀ှက်ထားပေးကြပါ …
အာရုဏ်ဦးမှာ
ကျွန်တော်တို့တွေ
ကြယ်ပွင့်များရဲ့ ကိုယ်စား မျက်နှာသစ်
ပန်းမျိုးသစ်တွေ ထပ်ပွင့်မယ် … ။
သစ်ငြိမ်း
၂၀၀၃၊ မတ်လထုတ် ရွှေမော်ကွန်းမဂ္ဂဇင်း အမှတ် ၃၇
လက်တွေ လေထဲ မြှောက်ထားလိုက် “ ကမာနီလာ”
kamanilar
ဂျပန် နိုင်ငံ ဟာ လူဦးရေ ထူထပ် သိပ်သည်းမူ များပြား လှသလို၊ ရထား နဲ့ ကားတွေ ကလည်း၊ များပြား လှပါတယ်။ နယ်မြို့လေးတွေ မှာ ရထားရော ကားပါ မျှတစွာ သုံးစွဲ နေကြပေမယ့် ၊လူဦးရေ အထူထပ်ဆုံး တိုကျို မြို့တော်လို နေရာမျိုး မှာတော့၊ ကားကို လုပ်ငန်း နဲ့ ပတ်သက်တဲ့ သယ်ယူ ပို့ဆောင်ရေး တွေလောက် နဲ့ ရုံးပိတ်ရက် လို နေ့မျိုးတွေ လောက်မှာ၊ မိသားစု နဲ့ အပျော် ထွက်လည်ကြတဲ့ အခါတွေ လောက်ဘဲ အသုံးပြုကြတာ များပါတယ်။
      သာမာန် ရုံးဖွင့်ရက် နေ့တွေရဲ့၊ အလုပ်သွားချိန်နဲ့၊ အလုပ်ဆင်းချိန်တွေမှာ၊ ကိုယ်ပိုင်ကားကို အသုံးပြုကြမယ် ဆိုရင် လမ်းမပေါ် တလျှောက်က မဆုံးနိုင်တဲ့ ကားတန်းကြီးတွေနဲ့ စီတန်း ပိတ်ဆို့နေမှာ ဖြစ်သလို။ သတ်မှတ်ချိန်အတွင်း၊ ရုးံတက်ချိန် အမီရာက်နိုင်ဖို့ မရောက်နိုင်ဖို့ ဆိုတာ မသေချာ မရေရာလှသလို၊ ကားရပ်ဖို့ နေရာ အခက်အခဲတွေနဲ့၊ ရပ်နားခတွေက အဆမတန် ဈေးကြီး မြင့်နေမှု တွေကြောင့် ၊ မြို့နေ လူတန်းစားတွေနဲ့ မြို့နဲ့ နီးတဲ့ ယိုကိုဟားမား၊ ဆိုက်တမ နဲ့ ချီးဘား တို့လို နယ်မြို့တွေက တိုကျိုကို အလုပ်သွား အလုပ်ပြန်တွေ၊ ကျောင်းသူ၊ ကျောင်းသားတွေဟာ အချိန်မှန်ပြီး ဈေးနှုန်းချိုသာလှတဲ့ ဂျပန်က ရထားကိုဘဲ အဓိက အားကိုးလို့ စီးကြတာမို့ ရုံးတက် ရုံးဆင်းချိန်တွေဟာ ဘူတာရုံတွေမှာ အလုပ်သမား၊ ကုမ္မဏီဝန်ထမ်း နဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ကြိတ်ကြိတ်တိုး စီတန်းနေကြပြီး။ အချိန်မီ လုပ်ငန်းခွင် ၀င်နိုင်ဖို့အရေး၊ ကျောင်းတက်ချိန်မီရေး အတွက် အလုအယက် တိုးဝှေ့လို့ နင်လား ငါလား စီးနင်းကြတာ ရထားပါဘဲ။
          လူအပြည့် အသိပ် တင်ဆောင်ထားတဲ့၊ ရထားကြီးကို စီးနင်းလို့၊ အတွေးကိုယ်စီနဲ့ စီးမျှော လိုက်ပါကြသူတွေ ရှိသလို။ ရထားပေါ်မှာ စာအုပ် ဖတ်သူ၊ သတင်းစာ ဖတ်သူ၊ ဂိမ်းဆော့သူ တွေနဲ့ လက်ကိုင်ဖုန်းကနေ တီဗွီကြည့်သူ၊ ဂိမ်းဆော့သူ တွေနဲ့ အင်တာနက် ကြည့်သူ တွေနဲ့မို့ ၊ရထားစီးနေတဲ့ အချိန်လေးဟာ မြို့ပြ ကိုယ်ပိုင် အားလပ်ချိန်လို့တောင် တင်စား ပြောရမလိုပါဘဲ။ ရုံးချိန် ရထားစီးပြီဆိုမှတော့၊ လူတစ်ယောက်နဲ့ တစ်ယောက် ထပ်ရပ်ကြ၊ တိုးကြ ဝှေ့ကြနဲ့ပေါ့။ အမျိုးသမီး ခရီးသည်တွေလည်း ယောကျာင်္းသားတွေနဲ့ ယှဉ်ပြီး လူဗျောက်သောက် ရုံးနဲ့ ကျောင်းအချိန်မီဖို့ အရေး တိုးကာဝှေ့ကာ စီးနင်းကြရတာမို့ ရထားပေါ်မှာ အကြီးမားဆုံး ပြဿနာတခုက ရှိနေခဲ့ပါတယ်။
           အဲဒါကတော့၊ ချိကန်း (Chikan) လို့ခေါ်တဲ့ အမျိုးသမီးတွေကို ရထားပေါ်မှာ မဖွယ်မရာ လုပ်ဆောင်ခံရမှု တွေပါဘဲ။ သာမာန် ဖြစ်ရိုးဖြစ်စဉ် တခုလို့ သဘောထားချင်ယင် ထားနိုင်ပေမယ့် အခုတလော ရထားစီးနင်းရာမှာ အမြဲလိုလို၊ ချိကန်း (Chikan) ကိစ္စတွေဟာ ကြုံတွေ့ ကြားသိနေရသလို ၊ လူကြပ်တဲ့ အချိန်တွေမှာ ရထားစောင့်ရဲတွေ၊ ရထားတွဲထဲက ကြော်ငြာချက်တွေက ၊(Chikan) ချိကန်းကို သတိပြုဖို့နဲ့ မိမိကို မဖွယ်မရာ အလုပ် ခံရမယ်ဆိုရင် နီးစပ်ရာ ရထားရုံးခန်းနဲ့ ၀န်ထမ်းတွေကို အကူအညီ တောင်းခံ တိုင်ကြားနိုင်သလို၊ နီးစပ်ရာ ရဲစခန်းတွေကိုလည်း တိုင်ကြားနိုင်တယ်လို့ အဆက်မပြတ် ကြော်ငြာပေးနေတာမို့။ သာမာန် အသေးအဖွဲ ပြဿနာ မဟုတ်မှန်း၊ သိသာ ထင်ရှားလာပါတယ်၊ ချိကန်း ဆိုတာ လူမြင်ကွင်းမှာ အခွင့်ကောင်းယူပြီး မဖွယ်မရာပြုတာပါ၊ ဟုတ်လို့ကျော်၊ ပုပ်လို့ပေါ်၊ ဆိုတဲ့ စကားအတိုင်း၊ ချိကန်း (Chikan) ဆိုတဲ့ စကားလုံးဟာ ပြည်ပနိုင်ငံ တော်တော်များများ မှာလည်း ပြန့်နှံ့သိရှိနေကြ အောင်ကို နာမည်ကြီးပါ ရောလား။
ချိကန်း ဆိုတာ ဘာလည်း?
ချိကန်း ဆိုတာကတော့၊ ရထားပေါ်၊ ကားပေါ်တွေမှာ၊ အမျိုသမီးတွေကို မဖွယ်မရာလုပ်တာ ပြုတာ အမျိုးသမီးတွေရဲ့ ရင်သားနဲ့၊ တင်ပါးတွေကို ကိုင်တွယ်တာလို့ သိရှိသူ တော်တော်များများပေမယ့် ညလူပြတ်တဲ့ နေရာမျိုးတွေမှာ၊ အမျိုးသမီးတွေကို မဖွယ်မရာ လုပ်တာဟာလည်း ချိကန်းလို့ သတ်မှတ်နိုင်ပါတယ်။ လူပြတ်တဲ့ နေရာမျိုးတွေမှာ၊ စက်ဘီး ရပ်နားရာ ရုံတွေရဲ့ အ၀င်အ၀မှာ၊ ချိကန်း အလုပ်ခံရမယ်ဆို အရေးပေါ် ဖုန်းနံပါတ်တွေကို ဆက်ဖို့၊ သတိပေး ရေးသားထားတွေကို တွေ့မြင်ရမှာပါ။
အထူးအဖြင့် ဆိုက်တမ၊ ယိုကိုဟားမား နဲ့ ချိဘား လို နယ်မြို့တွေ အတော်တော်များများ သတိပေး ဆိုင်းဘုတ်တွေ နေရာ တော်တော်များများမှာ ရေးသားထားတာ တွေ့မြင် ရနိုင်ပါတယ်၊ အားနွဲ့သူတွေ မဖွယ်မရာ လုပ်ခံရတာတွေဟာ အများအားဖြင့် အ၀တ်အစားနဲ့လည်း သက်ဆိုင်နေတယ်လို့ ထင်မြင်မိပါတယ်။ ပုရိသ ယောကျာင်္းတွေရဲ့ စိတ်(ကာမစိတ်) ကို ထကြွ သောင်းကျန်းစေနိုင်တာဟာ အမျိုးသမီးတွေရဲ့ ၀တ်တဲ့ အ၀တ်အစားနဲ့လည်း သက်ဆိုင် နေတတ်ပြီး ခေတ်ဆန်ဆန် Sexy ဖြစ်တဲ့ ၀တ်စား ဆင်ယင်မူတွေဟာ အမျိုးသမီးတွေ အတွက်၊ အန္တရာယ် ရှိစေနိုင်လှပေမယ့် ၊ ဂျပန်လို ခေတ်မှီတိုးတက်နေတဲ့ နိုင်ငံက sexy ဆန်ဆန် ၀တ်စားဆင်ယင်မှု တွေက ဖက်ရှင်တခု ဖြစ်နေတော့လည်း ပြောရတော့ အခက်သားပါ။
        ဂျပန်မှာ အ၀တ်အစား နှစ်ကြိမ်လှဲလယ်မူရှိပြီး ဂျွန်လ၁ရက်နေ့ မှစပြီး အေးတဲ့ ရာသီဥတုမှာဝတ်တဲ့ အ၀တ်အစား အထူတွေ အစား နွေရာသီဝတ်တွေကို ကုမ္မဏီတွေ၊ ကျောင်းတွေမှာ လှဲလယ်ဝတ်ဆင် လာကြပါပြီ။ု နွေရာသီ ၀တ်တွေကို အောက်တိုဘာလ အထိ ၀တ်ဆင်ကြပြီး အောက်တိုဘာလ မှစ၍ ဆောင်းရာသီဝတ် ထူထဲထဲ အ၀တ်အစားတွေကို ပြန်ပြောင်း ၀တ်ကြ ရပြန်ပါတယ်၊ ပူအိုက် စပ်ဖျင်းဖျင်း နိုင်လှတဲ့ ဂျပန်ရဲ့ နွေရာသီမှာ ပေါ့ပါးပြီး ၀တ်ရလွယ်တဲ့ အ၀တ်အစားတွေ ၀တ်ဆင်ကြတာမို့ ဂျပန် အမျိုးသမီးငယ်လေးတွေရဲ့ တိုနှံ့နှံ့ စကဒ်တွေနဲ့ ပါးလွှာတဲ့ အ၀တ်အစား တွေဟာလည်း ပုရိသတွေ အတွက် လှိုက်ဖိုရင်မော အပူပေါ် အပူဆင့်တယ် ခေါ်ရမလားဘဲ ချိကန်း ပြဿနာတွေလည်း နှစ်စဉ် ကြုံတွေ့နေရတဲ့ အတိုင်း ဂျပန်မှာ မနေ့ကလိုပဲ ဒီနေ့ ချိကန်းတွေ ကြုံတွေ့ မြင်တွေ့ရအုံးမှာ ပါဘဲ။
        ချိကန်းလို့ ခေါ်တဲ့ မဖွယ်မရာ လုပ်ဆောင်သူတွေဟာ ရထားပေါ် လူကြပ်မှုအပေါ် အခွင့်ကောင်းယူပြီး အမျိုးသမီးတွေရဲ့ စကဒ်တိုမှသည် အတွင်းပိုင်း အထိ အတင့်ရဲတဲ့ လက်နဲ့ ထိကိုင်မူတွေ ရှိနေပြီး တခါတရံ ကြုံတွေ့ ရမူရှိသလို နေ့စဉ် ပုံမှန်အလုပ်သွား တတ်ချိန်၊ ရထားတွဲနေရာ ပြောင်းလဲမှု မရှိဘဲ နေ့စဉ် ရက်ဆက် အချိန်မှန်စီးသူတွေကို သားကောင်အဖြစ် ပစ်မှတ် ထားတတ်ကြပါတယ်၊ ဒီလို ပြုမူခံရဖို့ အန္တရာယ် ရနံ့ရယင် နီးစပ်ရာ ရဲစခန်းကို တိုင်ကြားထားမယ် ဆိုရင် ရဲအကူအညီနဲ့ အချိန်နာရီနဲ့ တွဲနံပါတ်တွေ အတိုင်း တာဝန်ရှိ ရဲတွေပါ လိုက်ပါ စီးနင်းပြီး တရားခံကို ဖမ်းဆီးမှုတွေ ရှိသလို၊ မိမိကို မဖွယ်မရာ ပြုမူပြီဆိုတာနဲ့ တရားခံကို လက်ကို အမိအရ ဖမ်းဆုပ်ပြီး ဒီလူဟာ မဖွယ်မရာ ပြုမူသူလို့ အားလုံးကြားအောင် အော်ဟစ် အကူအညီ တောင်းခံတာတွေ ကြောင့်လည်း အဖမ်းခံရတာတွေ ရှိပါတယ်။
ချိကန်း အန္တရာယ် ဘေးကင်းဝေးစေဖို့ အတွက် တိုကျိုက ရထားလိုင်း တော်တော်များများမှာ နောက်ဆုံးတွဲ တတွဲကို အမျီုးသမီး သီးသန့်တွဲ အဖြစ်ထားရှိ ပေးထားပြီး ရထားစထွက်တဲ့ နံနက်ခင်း အချိန်က စလို့ ရုံးချိန် ကိုးနာရီ အထိနဲ့၊ ညနေ ၅နာရီမှ ညကိုးနာရီ အထိတွေကို အမျိုးသမီးတွေ အတွက် သီးသန့် စီစဉ် ထားရှိပေးထားသလို ရထားလိုင်းတွေ အပေါ်မှာလည်း တာဝန်ကျ အရပ်ဝတ်ရဲတွေနဲ့ ရဲမေတွေပါ စီးနင်းလိုက်ပါရင်း စောင့်ကြည့်နေတာ တွေလည်း ရှိနေပါပြီ။
          အများအားဖြင့် အလယ်တန်း ကျောင်းသူနဲ့ အထက်တန်း ကျောင်းသူလေးတွေက ပြုမူခံရတာ များနေတဲ့အတွက် သက်ဆိုင်ရာကျောင်းတွေက တာဝန်ရှိ ဆရာ၊ ဆရာမတွေက sexy ဆန်ဆန် ဝတ်ဆင်တာနဲ့ ပတ်သက်လို့ ကြိုတင် ကာကွယ်မူတွေနဲ့ တရားခံ ဖမ်းဆီးပုံတွေကိုပါ သင်ကြား ပြောပြ ထားတတ်ကြပါတယ်၊ မဖွယ်မရာ လုပ်ဆောင်သူတွေက ဘယ်သူတွေလည်း သာမာန် လက်လုပ်လက်စားတွေတင် မကပါဘူး ကုတ်အကျီင်္ စတိုင်လ်ကျကျနဲ့ ကုမ္မဏီဝန်ထမ်းတွေ၊ အစိုးရ အရာရှိကြီးတွေ အပါအ၀င် တက္ကသိုလ် ပါမောက္ခတွေတောင် ပါဝင်နေတာ ဂျပန်သတင်းတွေမှာ မြင်တွေ့နေရပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်ကဘဲ တီဗွီသတင်းမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့ ဂျပန်စစ်တပ်က အရာရှိကြီး တစ်ယောက် အမျိုးသမီး ကျောင်းသူလေးကို မဖွယ်မရာပြုမူ လုပ်ဆောင်မူကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်ရ သလို၊ အလုပ်ကပါ ထုတ်ပယ်ခံရပါ ရောလား။
ကိုယ့်ဘက်က အရှံး
      မဖွယ်မရာ လုပ်ဆောင်တယ်တဲ့ တကယ်ဘဲ လုပ်တာလား၊ တကယ် မလုပ်ဘဲ လုပ်တယ်လို့ စွပ်စွဲခံရတာလည်း ဒီပြဿနာတွေ ကြားမှာ တော်တော်ရှုတ်ထွေး လှပါတယ်၊ တချို့က တကယ်လုပ်ဆောင်လို့ မိတယ်၊ တချို့က ကိုယ်မလုပ်ဘဲ လူမှားပြီး လက်ဆွဲ အဖမ်းခံရတာတွေ ရှိသလို၊ ငွေညစ်ချင်လို့ အုပ်စုနဲ့ ရထားပေါ်မှာ လုပ်စားနေကြသူတွေလည်း အများသား၊ ဘာကြောင့်ဘဲဖြစ်ဖြစ် ကိုယ်မလုပ်လည်း လုပ်တယ်လို့ စွပ်စွဲခံလာရပြီဆို၊ အစွပ်စွဲခံရ သူဟာ သူ့ ပတ်ဝန်းကျင် အသိုင်းအ၀န်းမှာ လူ့ကျင့်ဝတ် သိက္ခာမစောင့်ထိမ်းတဲ့ လူတစ်ယောက်အဖြစ် အမြင်ခံရမှာ ဖြစ်သလို မလုပ်ပါဘူးလို့ ဇွတ်ငြင်းရင်လည်း တရားရုံးတော် တက်ရမှာဖြစ်သလို တရားစွဲဆိုချိန် အချိန်ကြာမြင့်မှု ကလည်း တနှစ်နီးပါး ကြာမြင့်တတ်သလို လောလောဆယ်လည်း အချုပ်ခံရမှာ ဖြစ်တာမို့ မလုပ်လည်း ရဲစခန်းမှာ ကိုယ်က ၀န်ခံလိုက်ရင် ပထမဦးဆုံးအကြိမ် ကျုးလွန်တာမို့ ယန်း၅သောင်းကနေ သောင်း၅၀လောက် အထိ ဒဏ်ခတ် ခံရမှာဖြစ်တာမို့ ပြဿနာ အရှည်ရှည် မဖြစ်လိုတာမို့ မလုပ်လည်း ၀န်ခံ၊ လုပ်လည်း ၀န်ခံရတော့တာပါဘဲ။
ဝန်မခံလည်း ကိုယ့်ဘက်က တရားရုံးတော်မှာ အနိုင်ရဖို့ဆိုတာ ရာခိုင်နှုန်း မရှိသလောက် နည်းပါးနေပြီး အမျိုးသမီးတွေ ဘက်က ၉၉.၉ ရာခိုင်နှုန်းကျော်က အသာစီး ရနေတာဆိုတော့လည်း ဒီပျော့ကွက်နင်း ဒီအချက်တွေကို သိနေတဲ့ လုပ်စားနေကြတဲ့ အမျိုးသမီးတွေ ကတော့ အမျိုးသား သုံးလေးယောက် လောက်နဲ့ အုပ်စုဖွဲ့ကာ လုပ်စားကြသလို တချို့ကလည်း ငွေလိုလို့ တစ်ယောက်တည်း လုပ်စားသွားကြသူတွေ အများသားပေါ့၊
     ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တခု ကတော့ ညဘက်အလုပ်ပြီးလို့ သူငယ်ချင်းတစ်ယောက် အိမ် ခေတ္တ၀င်ရင်း အပြန်နောက်ကျတဲ့ တညမှာ ည၁၁နာရီလောက်မှ တိုကျိုကနေ မနီးမဝေးရှိတဲ့နယ်မြို့လေးကို အပြန် ခရီးတခုမှာ လခစား ၀န်ထမ်းကုတ် အကျီင်္နဲ့ အိတ်တဖက်ကိုင်ပြီး နဲနဲမူးနေတဲ့ လူက အမျိုးသမီး တစ်ယောက် အနားမှာ ရပ်နေပြီး သူတို့ နောက်နားမှာ ကျွန်နော်က ရှိနေပါတယ်၊
ဒီအမျိုးသမီးက အိခဲဘုခုရို ဘူတာကနေ တက်လာတာဖြစ်ပြီး သူနဲ့ပါလာတဲ့ အမျိုးသားနှစ်ယောက်က ခပ်လှမ်းလှမ်းမှာ ရပ်နေတာကို တွေ့မြင်ရပြီး သူတို့ပုံစံက မသင်္ကာစရာမို့ သတိထား ကြည့်နေခိုက် ငါးဘူတာလောက် အရောက်မှာ မူးနေတဲ့ လူလက်ကို လက်ဆွဲဖမ်းပြီး ဒီလူ(Chikan)ပါလို့ စွပ်စွဲတော့တာပါဘဲ၊ အဲဒီအချိန် ဇါတ်တိုက်ထားသလို အဲဒီ အမျိုးသမီးနဲ့ အတူပါလာသူ နှစ်ယောက်က ချက်ခြင်း အနားရောက်လာပြီး သူတို့ကပါ စွပ်စွဲပြီး ဖမ်းဖို့လုပ်တာမို့ တရားခံမှာ ကြောက်အားလန့်အား မူးမူးနဲ့ ရထားပလက်ဖောင်း အတိုင်း ပြေးရင်း အရှိန်နဲ့ ရထားသံလမ်းပေါ်ကို ပြုတ်ကျပြီး အပေါ်ဆွဲတင်နေချိန်မှာ မျက်နှာတခုလုံး သွေးတွေက မြင်မကောင်းတော့တာမို့ ကိုယ်နဲ့မဆိုင်ပေမယ့် မြန်မာပီပီ မတရားတာ ကြည့်မနေနိုင်တာမို့ ၀င်ဖြေရှင်း ပေးခဲ့မိပါသေးတယ်၊ 
          သူတို့ တက်လာချိန်က စလို့ နောက်ဆုံးအခင်း ဖြစ်တဲ့အချိန်ထိ မြင်တွေ့နေတာကို မြင်တွေ့တယ် ဆိုတဲ့အကြောင်း မင်းတို့ အကြံအဖန်လုပ်တာ ငါကြည့်နေမှာ မဟုတ်ဘူး ပြောလိုက်တော့ ငတိနှစ်ယောက်နဲနဲ လန့်သွားပုံရပြီး နောက်ကိုရှဲ သွားကြပြီး မကြာမီမှာဘဲ ဘူတာ တာဝန်ကျ ၀န်ထမ်းနဲ့ ရဲနှစ်ယောက် ရောက်လာလို့ အကျိုးအကြောင်း ၀င်ရှင်းပြပေးလို့ ကိုယ့်ကိုပါ ရဲစခမ်း ခေါ်နေပေမယ့် အချိန်လင့်နေပြီမို့ ကိုယ့်အိမ် လိပ်စာ၊ ဖုန်းနံပတ်နဲ့ အလုပ်တွေကို ပြောပြပြီး ပြန်လာခဲ့ပေမယ့် မကြေမချမ်းနဲ့ အကြောင်းမရွေးတဲ့ နဂါးမျက်စောင်းခဲလိုက်တဲ့ အမျိုးသမီးကတော့ သူတို့အကြံ ၀င်ဖျက်တဲ့ ကောင်မို့ အမဲဖျက်ချင် နေပုံရပါတယ်။
နောက်တနေ့ ရဲစခန်းက ဖုန်းဆက်လာလို့ အဲဒီလူကို ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်း ၊ ဒါပေမယ့် အမျိုးသမီးက လျှော်ကြေးတောင်းနေတာမို့ တရားခံက ပေးဆောင်ရမယ် ဆိုတာတွေနဲ့ ကျေးဇူးတင်ရှိတဲ့ အကြောင်းပြောလာလို့ လျှော်ကြေး ဘယ်လောက်လည်းလို့တော့ မေးလို့ မကောင်းတာမို့ မမေးမိ လိုက်တော့ပါဘူး။
       ချိကန်း လုပ်ဆောင်တဲ့ လူအပေါ် ဂျပန်ဥပေအရ ငွေသားရော ထောင်ဒဏ်ပါ ချမှတ်နိုင်သလို ယန်း၅သောင်းမှ သောင်း၅၀အထိနဲ့ ထောင်ဒဏ်အမြင့်ဆုံး ၃နှစ်အထိ ချမှတ်လို့ရပြီး၊ တရားခံဟာ ဂျပန်အသိုင်းအ၀န်းမှာ လူအထင်သေးစရာ အဖြစ် ဆက်ဆံခံရပြီး လုပ်ကိုင်နေတဲ့ အလုပ်က ရပ်စဲခံရမူတွေ အပြင် လခစား ၀န်ထမ်းအလုပ်ကို လုပ်ဆောင်နိုင်ဖို့ အတွက်လည်း အရမ်းကို ခက်ခဲသွား နိုင်ပါတယ်ချိကန်းနဲ့ ပတ်သက်လို့ စွပ်စွဲခံရလာမယ်ဆိုရင် ယောကျာင်္းသားတွေ ဘက်က ၉၉.၉ ရာခိုင်နုန်းက အရှုံးဘက်မှာရှိနေတယ်ဆိုတဲ့အကြောင်းနဲ့ ဂျပန်ဥပဒေရဲ့ မှားယွင်းနေမူတချို့ကို မီးမောင်းထိုးပြလိုက်တဲ့ ဒါရိုက်တာ Masayuki Suo ရိုက်ကူးတဲ့ I Just Didn't Do It (sore demo boku way ate nai) ဆိုတဲ့ ဗွီဒီယိုကား ကတော့ တကယ့် အဖြစ်ပျက်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပြီး ရထားတွဲတံခါးနဲ့ ကုတ်အင်္ကျီစ ညှပ်နေတာကို ဆွဲထုတ်ရင်း အလယ်တန်း ကျောင်းသူလေးတစ်ယောက်ကို သွားရောက်ထိမိပြီး (Chikan) ပါလို့ အစွပ်စွဲ ခံရပေမယ့် ကိုယ်က ဘာမှမလုပ်တာ ဖြစ်တဲ့အတွက် အမှန်တရားအတွက် တရားဥပဒေ အတိုင်းရင်ဆိုင်ရင်း နောက်ဆုံး ထောင်ကျ ခံလိုက်ရတဲ့ ဖြစ်ရပ်မှန် အခြေခံဗွီဒီယို ဇါတ်လမ်းတစ်ပုဒ် ဟာလည်း ဂျပန်ပြည်သူတွေကြားမှာ တော်တော်လေးကို ရေပန်းစား နာမည်ကြီး သွားခဲ့သလို ပြည်ပနိုင်ငံ တော်တော်များများ ဟာလည်း အင်္ဂလိပ်စာတမ်း ထိုးပြီးပြတဲ့ ဒီဇါတ်ကားကြောင့် (Chikan)ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိ နားလည် လာကြရပါတော့တယ်။
မင်းတို့ လက်တွေ လေထဲ မြှောက်ထားလိုက်
         ချိကန်း လုပ်ဆောင်သူတွေက ဂျပန်တင်မက နိုင်ငံခြားသားတွေလည်း ပါဝင် နေတတ်ကြသလို၊ မြန်မာတွေ ထဲမှာလည်း (Chikan) လုပ်ဆောင်မူကြောင့် လုပ်ဆောင်သူရော မလုပ်ဘဲ အစွပ်စွဲခံရပြီး ဖမ်းခံရသူတွေ ရှိခဲ့ဖူးပါသကော၊ လွန်ခဲ့တဲ့ နှစ်တွေမှာလဲ စင်္ကာပူမှာ မြန်မာတယောက် ချိကန်းလုပ်တာ ကြာလိုက်ရပါသေးတယ်၊ ဒီအမှုဖြစ်လို့ ရက်ကျော်ဗွီဇာနဲ့ နေသူဆိုရင်တော့ ပြည်တော်ပြန်ရမှာ ဖြစ်သလို၊ တခြား အလုပ်ဗီဇာသမား ဆိုရင်တော့ အလုပ်ပါပြုတ်ပြီး ပြည်တော် ပြန်ရကိန်း ရှိတာမို့ သတိထားနိုင်မှ တော်ရုံကျ ပါလိမ့်မယ်၊။
            ဂျပန်မှာကတော့ အလုပ်အဆင်း အလုပ်ပြန်နဲ့ ရထားကြပ်ချိန်တွေ မှာတော့ ရထားစီး အမျိုးသားတွေက ဘန်ဇိုင်းလို့ အဓိပ္ပါယ်ရတဲ့ လက်နှစ်ဘက်ကို ရထားလက်ကိုင်တန်း နှစ်ခုမှာ မြှောက်တင်ထားခြင်းဖြင့် အန္တရာယ်ကင်း ဘေးရှင်းတယ်လို့ ပြောဆိုနေကြတာမို့ စာရေးသူလဲ ရထားစီးနေရင်းက မြန်မာပြည်က နာမည်ကြီးနေတဲ့ ရက်ပါအဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းဟောင်းလေး တစ်ပုဒ်က အမ်ပီသရီး နားကြပ်ကနေ လွင့်ပြန့် စီးမျှောလာတာမို့ ဇတ်ကနဲ ဘန်ဇိုင်း သဏ္ဍာန် လက်ကိုကောက်ခါ ငင်ကာမြှောက်ထား လိုက်မိပါတော့တယ်။
        စိုင်းစိုင်း သီချင်းသံက နားစည်ထဲ တိုးဝှေ့ ၀င်ရောက်ပြီး မှတ်ဥာဏ်ထဲကို အန်အန် ချနေလို့ ....... ကြောက်ချွေးများ ပြန်ရင်း လက်နှစ်ဖက်ကို လူမြင်အောင် ရထားစီး၊ ကားစီးတိုင်း အပေါ်တန်းဆီ မြဲမြံစွာ ခပ်တင်းတင်း ဆုပ်ကိုင် ထားပြနေဆဲပါ......။
ကမာနီလာ
“လက်တွေ လေထဲမြောက်ထားလိုက်” ဆောင်းပါးကို ၂၀၀၉ခုနှစ်၊ ဇူလိုင် လထုတ်၊ ပေါ်ပြုလာနယူးစ်ဂျာနယ် (Popular News Journal )No-23 Vol 1 မှာ ကလောင်အမည် ကိုနိုင်( ခေတ္တဂျပန်)ဖြင့်လည်းကောင်း၊ လူထုအသံ အွန်လိုင်းဂျာနယ်မှာ ကမာနီလာ ဖြင့်လည်းကောင်း  ဖော်ပြခဲ့ပြီးပါပြီ။ 
Photobucket
ပန်းဆိုးတန်းသို့  ဖြတ်သန်းခြင်း “ ရဲရင့်သက်ဇွဲ”
Photobucket
အလွမ်းတွေနဲ့  မှိုင်းမှိုင်းဝေနေတဲ့ 
ညနေခင်းကို
လွယ်အိတ်ထဲက ထုတ်ခင်းလိုက်တယ် ….
စာငတ်နေတဲ့ စိတ်က
ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းမှာ
ထမင်းတနပ်နဲ့ ချိန်ဆ
ဒွိဟဖြစ်နေတယ် ….
အေမီ ဒေစီ ကေသီ
ဝေရီရီ အမှောင်ရိပ်မှာ
စိုးရိမ်စိတ်နဲ့  ဈေးဦးမှပေါက်ပါ့မလား
အရင်အတိုင်းပဲ အပြုံးများ နွမ်းလျ
အိမ်ပြန်ခက်တဲ့ ညတွေကြုံဦးမယ် ….
သစ်ရွက်အသေများပေါ်က
ရက်စက်သောဂီတ
လိုချင်တပ်မက်မှုက
ငါ့ ရင်ကို ချေမွနေတယ်
ခပ်လှမ်းလှမ်းက
ခလေးငယ်ရဲ့ တောင်းရမ်းသံမှာ
အိပ်ကပ်ထဲက အသပြာ
ခေါင်းထောင်ထလာတယ် …..
ငါ မမြင်ဘူးသော မျက်နှာစိမ်းများ
အကောင်းစားကားများ
ကဗျာတစ သတိရတယ်
သူခိုးဖမ်းပါ
လမ်းကြားမှာလား
ပန်ကာအောက်မှာ ထိုင်နေသည် …..
ပန်းဆိုးတန်းပလက်ဖောင်းတလျှောက်
တလှမ်းချင်းလျှောက်အလာ
အဟောင်းဆိုင်ကလေးရဲ့  စာအုပ်ပုံကြား
ဖူးချစ်ရဲ့  ကြိုးစင်ပေါ်က မှတ်စု
ငါ့ နှလုံးသားကို တူနဲ့ ထုလေတယ် ….
စာအုပ်အဟောင်းတန်းကို ကျောခိုင်း
မြင်နေကြ နွမ်းလျလျမျက်နှာများ
သောကစွန်းထင်း ပေကျံနေသော မျက်ဝန်းများကို
ခပ်ယဲ့ယဲ့ ပြုံးပြ နှုတ်ဆက်ထွက်ခွါ
မောင်လေးအောင်ရဲ့ ကဗျာ
ဖူးချစ်က သင်တို့ ကို ချစ်ခဲ့သည်
ငါ့ အာရုံမှာ ငြိတွယ်လိုက်ပါ …..
ငါ မြင်ဘူးတဲ့ သူတွေနဲ့ 
ငါ စီးးဘူးတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန်ကားများ
တိုးဝှေ့  ဖြတ်သန်း
ငါ့ ၀ိညာဉ်ဟာ အခိုးအငွေ့ အဖြစ်
နာကျင်စွာ ပျံသန်းသွားခဲ့…….။
ရဲရင့်သက်ဇွဲ
၂၆ ၀၁ ၂၀၁၁
ကိုသူရ( ဇာဂနာ) သို့ ဂုဏ်ပြုတေး သီချင်း “ဖူးစုံလက်နဲ့ ”
မှန်တာကို ကိုယ်ကျိုးစွန့်လွှတ်ပြီးမှ လူအများအကျိုးရှိအောင် ပြောဆိုရဲတာ သူရဲကောင်းကွယ် ယုံကြည်ရာ မရွံ့သောစိတ်ဓါတ်နဲ့ စိတ်ကောင်းနှလုံးသားနဲ့ ဖိနှိပ်လည်းမခံ ပျက်လုံးတွေ ပျက်ခဲ့သူရှိတယ်
အာဏာရှင် ယိုယွင်းကာ တိုင်းပြည်ပျက်တဲ့စနစ်ဆိုးကြောင့်ကွယ် ....
တို့ပြည်တွင် ကောင်းမှုကင်းလို့ ပြည်ပျက်မယ့်အရေးမို့ကွယ် .....
အမှားတွေကိုကွယ် အမှန်ဖြစ်အောင် ပြုပြင်ရန်ကွယ် .....
ဟာသဂန္တ၀င် သုခုမနဲ့ ပေါင်းလို့ရယ် .....
ပြည်သူ့ရင်ခွင် စင်တင်ဖျော်ဖြေဖွင့်လှစ်တယ် .....
ပြည်နိုင်ငံအရေးကြောင့်ကွယ် ဖမ်းမိန့်ကို မမှုနိုင်ရှာတယ် ရက်စက်လေသောခေတ်ဝယ် 
မဲဇာအရပ်ကို ပို့ခဲ့လေတယ်။
အခါခါနှိပ်ကွပ်ခဲ့ပါစေ (အကြိမ်တရာနှိပ်ကွပ်ခဲ့ပါစေ) သူမမှုပါ သူရဲကောင်းလေ ....
ရင်ထဲမှာ ခွန်အားသစ်တွေ ပန်းပေါင်းတထောင် ဝေတယ်ပွင့်တယ် ....
ယုံကြည်ရာ ဇွဲစိတ်နဲ့ ခံယူချက်တွေ     မှန်ကန်ရာ ရဲရင့်ပြတ်သားတော်လှန်ခဲ့တယ် ...
တနေ့မှာ မျှော်လင့်ထားတယ် အမျိုးသားဂုဏ် ပြုထိုက်သူမို့ ...
ဆရာသမားရယ်.. ဂါရ၀ထားလို့ ဖူးစုံလက်နဲ့ ဦးညွှတ်အလေးပြုတယ်။
ဒီသီချင်းကို သူရိန်ထက်(ရွှေမော်ကွန်း အယ်ဒီတာအဖွဲ့ဝင်) က ရေးသားပြီး သီးလေးသီးက ကိုစိန်သီးနဲ့ ခေါင်းဆောင်မင်းသမီးချောစုမျိုးတို့က သီဆိုပြီး ကိုသူရ ရွှေရတုမွေးနေ့ ဂုဏ်ပြုအစီအစဉ်အဖြစ် ရွှေမော်ကွန်း က ထုတ်လွှင့်တာ ဖြစ်ပါတယ်။
သီချင်းကို ရယူချင်တယ်ဆိုရင်တော့ http://www.mediafire.com/?ypgm5551bn0xtup မှာ ရယူနိုင်ပါတယ်၊ မည်သူမဆို အခမဲ့ ကူးယူ ဖြန့်ဝေနိုင်ပါကြောင်းပါ ခင်ဗျာ။
တန်ဖိုးများ
Photobucket
(၁)
                 လူတွေပြောပြောနေသည့် “တန်ဖိုး” ဟူသော ဝေါဟာရကို ကျွန်တော်
ကြားဖူးခဲ့သည်မှာကြပေပြီ။ အကြိမ်ပေါင်းများစွာ။ သို့သော် ထိုဝေါဟာရ၏
အနက်အဓိပ္ပာယ်ကို သေသေချာစွာ ကျွန်တော် မသိသေး။ စီးပွားရေးလောကတွင်
ဒိတ်ဒိတ်ကြဲအောင်မြင်နေသော ကျွန်တော့် သခင်၏ ပတ်ဝန်းကျင်တွင်
ထိုတန်ဖိုးဟူသော ဝေါဟာရမှာ အတော်တွင်ကျယ်လေသည်။
                 “ဘော့စ်တို့များ ကားကိုထည်လဲပဲ။ စီးလိုက်ရင်လည်း တန်ဖိုးကြီးပေ့ဆိုတဲ့
                  နောက်ဆုံးပေါ် အကောင်းဆုံးကားချည်းပဲ”
ထိုသို့ မကြာခဏ ပြောသံကြားနေရသဖြင့် သခင်နှင့်အနီးကပ်ဆုံးနေရသော
ကျွန်တော့်အဖို့ “တန်ဖိုး” ဆိုသည်မှာ ငွေကြေး အနည်းအများအပေါ်မူတည်ပြီး
သတ်မှတ်သော ဝေါဟာရပင်ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့လေသည်။
(၂)
                        “ရှေးဟောင်းပစ္စည်းပြခန်း” ဆိုသော ပြခန်းတစ်ခုသို့ သခင်နှင့်အတူ
ကျွန်တော်ရောက်ဖူးခဲ့သည်။ ထိုပြခန်းရှိ လွန်ခဲ့သောနှစ်ပေါင်းများစွာမှ
အိုးခြမ်းပဲ့များ၊ အရိုးများနှင့် အခြားပစ္စည်းအဟောင်းများကို
တန်ဖိုးရှိလိမ့်မည်ဟု ကျွန်တော်မထင်ခဲ့။ ကျွန်တော်လုံးဝမှားယွင်းနေပေသည်
                 “တကယ့်ကိုတန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေပဲ။ ငွေနဲ့ဝယ်ယူလို့မရနိုင်တဲ့
                  သမိုင်းအတွက် တန်ဖိုးတွေပေါ့”
ကျွန်တော် သခင်ပြောစကားအရ အလွန်အဖိုးတန်သော ပစ္စည်းများဖြစ်ပေလိမ့်မည်။
သို့သော် ၄င်းတို့၏တန်ဖိုးဆိုသည်မှာကား ငွေဖြင့်ပိုင်းခြားသတ်မှတ်ခြင်း
မဟုတ်ပြန်။ ဤသို့ဆိုလျှင် “တန်ဖိုး” ဆိုသည်မှာ ပစ္စည်းတစ်ခု၏ သက်တမ်း
(နှစ်ပေါင်းတစ်ထောင်၊ တစ်သောင်းစသည် …..) ပေါ်မူတည်ပြီး သတ်မှတ်ခြင်းပေလော။
(၃)
              ကျွန်တော့်သခင်နှင့် အလွန်ရင်းနှီးသောဇနီးမောင်နှံနှစ်ယောက်ရှိလေသည်။
ပြည်တွင်းပြည်ပမှ အသိအမှတ်ပြုဘွဲ့ဒီဂရီ သုံးလေးခု ရရှိပိုင်ဆိုင်ထားပြီး
ဘာသာစကားလေးမျိုးကိုကျွမ်းကျင်ပိုင်နိုင်သော ပုဂ္ဂိုလ်ကြီးနှင့်
မထင်မရှားတောရွာလေးတစ်ရွာမှသာမန်ဘွဲ့ရသူ့ဇနီးတို့ပင်။
(၉၆) ပါးသောရောဂါဖြင့် ထိုပုဂ္ဂိုလ်ကြီး ကွယ်လွန်ချိန် ...  ....   ...
             “ အမလေး .. ကျေးဇူးရှင်ကြီးရဲ့  လူ့အဖိုးတန်ကြီးရဲ့တော်အရင်သွားမဲ့အစား
             ဘာတန်ဖိုးမှမရှိတဲ့ကျုပ်သာ အရင်သွားသင့်တာတော်ရဲ့ ...အီး...ဟီး..”
             ကျန်ရစ်သူဇနီးသည်ရဲ့ ပူဆွေးမြည်တမ်းသံ ။
             ဤသို့ဆိုလျှင် တန်ဖိုးဆိုသည်မှာ ဘွဲ့ထူး၊ ဂုဏ်ထူးများဖြင့်သတ်မှတ်ပါသလား။
ဘာသာစကားကျွမ်းကျင်မှုကိုကြည့်၍ ဆုံးဖြတ်ပါသလား။ ဥာဏ်ပညာကြီးရင့်ခြင်းသည်
တန်ဖိုးကြီးခြင်းလား ။
(၄)
                   “ဒီနာရီအစုတ်ကြီးများ ပတ်နေရသးတယ်ဘော့စ်ရာ …..။
                    အဖိုးတန်နာရီကောင်းကောင်းတစ်လုံ
းတော့ ၀ယ်ပတ်သင့်တာပေါ့”
                   ကျွန်တော့်သခင်နှင့် အလွန်ရင်းနှီးသူတစ်ဦး၏စကား။ ကျွန်တော့် သခင်က
ထိုသူကိုခေါင်းခါပြလိုက်ပြီး
                 “ကျွန်တော့်ဘ၀မှာ တန်ဖိုးအထားဆုံးကဒီနာရီပဲဗျ။
                  ကျွန်တော့်အဖေက ကျွန်တော် (၁၀)တန်းအောင်တဲ့ အထိမ်းအမှတ်နဲ့
                   ဤသို့ဆိုလျှင် မည်သည့်အရာဖြင့် “တန်ဖိုး”ကို သတ်မှတ်ပြန်လေသနည်း။
“တန်ဖိုး” ဟူသောဝေါဟာရကို ကျွန်တော်ကြားဖူးခဲ့သည်မှာကြာ
ီ။ သို့သော်
ဝေါဟာအနက်အဓိပ္ပာယ်ကို သေချာစွာ ကျွန်တော်မသိသေး။ ကျွန်တော့်တန်ဖိုးကရော...
မည်သို့ပင်ဖြစ်စေ ကျွန်တော့်သခင်၏ တန်ဖိုးအထားဆုံးမှာ
ကျွန်တော်ဖြစ်နေရခြင်းကိုဖြင့် အလွန်ကျေနပ်မိပါသည်။
________________________________________
“တန်ဖိုး” ဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ဟိုတစ်စ
ဒီတစ်စအတွေးတွေကို နိုင်သလောက်လေးဖမ်းဆုပ်ကြည့်လိုက်တာပါ....
                  ကျွန်တော်တို့ နေ့တိုင်းပြောပြောနေတဲ့ “တန်ဖိုး”၊
                 ကျွန်တော်တို့နေ့တိုင်းကြားကြား
နေတဲ့“တန်ဖိုး” ။
     “တန်ဖိုး”ဆိုတာဘာလဲ ?
      “တန်ဖိုး”ဆိုတာ  အဲဒီဝေါဟာရကို လက်ရှိသုံးစွဲလိုက်တဲ့ အခြေအနေနဲ့
အချိန်အခါကိုလိုက်ပြီး
       ပြောင်းလဲနေမယ်ထင်ပါတယ်...  ....  ....
ကိုကြည်နိုင်(ကျုံတိုင်းရွာ)
YOU TOO “ ငြိမ်းစိုးဦး”
Photobucket
ဆင်ကွက်ကို မြင်လို့ သမင်လည်ပြန်မှ ရှေ့ကိုဆက်တဲ့အခါ
မြင်းခုန်ကွက် နဲ့ ထွက်ခဲ့ပေမယ့် နယ်ကို ချန်ခဲ့ရတယ်
မင်း လိုပဲ ငါ
ငါ့ လိုပဲ မင်း
သတင်းတွေ နူးညံ့ဖို့ ကိုယ်ချင်းစာခဲ့ကြတဲ့ ဂီတ
အမှိုက် က စ ပြာသာဒ်ထိ မီးမလောင်ဖို့ မီးသတိပြု ဆိုင်းဘုတ်
ပျားရည် တစ်စက်နဲ့ ပြည်မပျက်စေဖို့ ချထာတဲ့ slow down
ကဗျာ သေတဲ့ ကိစ္စ ကို ကဗျာရေးရတဲ့ အကြောင်း
မြေနုကျွန်းအတွက် တိုက်စားခံရတဲ့ ကုန်းပြင်မြင့်
free fall & bungee jumping ရဲ့ သင်ခန်းစာ ပြင်ဆင်မှု
လေးစားအပ်သော အလုပ်မှန်သမျှမှာ ဖြတ်လမ်းမရှိပါ ။
မောင်ထင် ရဲ့ ငဘ ကို ဘာသာအမျိုးမျိုးသို့ ပြန်ဆိုခဲ့ကြပါတယ်
အကျအပေါက် များခဲ့တဲ့ ဘဝ
ခဏခဏ သတ်ပုံပြင်ရတဲ့ ရည်မှန်းချက်
ဖိတ်တစ်ဝက် စင်တစ်ဝက်နဲ့ မင်ကျမင်န မကောင်းသော နေထိုင်မှု
ညံ့ခဲ့တဲ့ အရေးသုံးပါးမှာ ပ၀ါကို ကြိုးဝိုင်းပေါ် မတင်ခဲ့ပါဘူး
အသက်အရွယ်အရ တစ်ကိုယ်ကောင်းဆန်ခွင့် မလိုပါဘူး
U 2 ဟာ Walk 0n သီချင်းကို ဆက်လက်ဆိုနေခဲ့ပါတယ်
မင်း နဲ့ ငါ ဆိုဖို့
အမှန်ကို လိုပါက အမှားကို ရှာပြီး ပြင်ဖို့ လိုတဲ့ အကြောင်း ...   ... ။
ငြိမ်းစိုးဦး
( 14 ; JAN : 2011 )
ရွှေဟင်္သာကွမ်းအုပ် “ကြည်ဦး ”
Photobucket
  မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဒါမှမဟုတ် မြန်မာတို့ရဲ့ ဓလေ့ထုံးစံ၊ မြန်မာမှုနယ်ပယ်ထဲမှာ စွဲစွဲ မြဲမြဲ နေရာယူထားကြတဲ့ မိရိုးဖလာ အခမ်းအနားတွေ အများကြီးရှိနေပါတယ် ။
ဥပမာ မောင်ဖြူနှင့် မောင်မဲ အမှုဖြစ်ပွားရာမှာ လက်ဖက်ကိုစားပြီး အမှုပြတ်ကြသည်ဟူသော ဓမ္မသတ် အခမ်းအနားကို တွေ့ရပါတယ်။ ဘာကြောင့် လက်ဖက်ကိုမှ စားရပါသလဲ။ တစ်ခြားသော မုန့်တစ်ခုခုကို စားလို့မဖြစ်ဘူးလား၊ လက်ဖက်စားပြီး အမှုပြတ်ကြတဲ့ ဓလေ့ထုံးစံ ဘယ်ကာလက စတင်ပေါ်ပေါက် လာပါသလဲ။ လက်ဖက်ကို စားပြီးမှ အမှူပြတ်ရမယ်လို့ ဘာကြောင့် လက်ဖက်ကိုမှ ရွေးချယ်သတ်မှတ် ရပါသလဲ ဆိုတဲ့ အကြောင်းရင်း ဗျုပ္ပါဒ်ကို ရှာဖွေလေ့လာဖို့ လိုလာပါတယ်။
    အစဉ်အလာက လုပ်လာကြတဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုရဲ့ လုပ်ရိုးလုပ်စဉ်ရှိလို့ လုပ်ဆောင်နေကြတာပဲလို့ ယူဆပါလျှင် ယူဆသူအတွက် ညံ့ဖျင်းရာ ရောက်သွားလိမ့်မယ်ထင်ပါတယ်။ အကြောင်းသင့်လို့ ဒီနေရာမှာ ကျွန်မမိတ်ဆွေ နိုင်ငံခြားသူတစ်ဦးရဲ့ အတုယူလောက်တဲ့ လေ့လာစူးစမ်းချက်ကို ပြောချင်ပါတယ်။ သူက အရှေ့ဂျာမဏီသူ ဒေါက်တာ `အယ်နီမာရီအက်ရှဲလ်` မြန်မာအမည် ဒေါ်နှင်းဆီ လို့ ခေါ်တဲ့ အမျိုးအသမီးပါ။ မြန်မာနိုင်ငံကိုလာပြီး မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့အထွေထွေကို အများကြီး လေ့လာသွားပြီး နိုင်ငံခြားမဂ္ဂဇင်းတွေမှာ ဆောင်းပါးတွေ ရေးပါတယ်။ မန္တလေးမြို့က ရွှေကျောင်းကြီးကို ဓာတ်ပုံ စုံစုံလင်လင်နှင့် စာတစ်အုပ်ထုတ်ပါတယ်။
   မြန်မာနိုင်ငံမှာ သူရှိနေတုန်းကျွန်မနဲ့ အများဆုံးတွေ့ဆုံသွားပါတယ်။ မြန်မာ့စောင်းကောက်မှာရှိတဲ့ “ နတ်သမီးပေါက်”ဆိုတာ ဘာကြောင့် နတ်သမီးပေါက်ခေါ်တာလဲ၊ ရှင်ဥပဂုတ္တ ပုံတော်က သပိတ်ထဲကို ဘာဖြစ်လို့ လက်နှိုက်ထားတာလဲ။ ဒိက္ခိဏသာခါ ပုံတော်ရဲ့ ဦးခေါင်းတော်မှာ ကြာရွက်ကို ဘာကြောင့် ဆောင်းထားလဲ၊ ဘုရားစေတီတော်တွေမှာ တံခွန်တိုင် တွေထားတာ ဘယ်လို အဓိပ္ပါယ်လဲ၊ ဘယ်ခေတ်ကစပြီး ထားခဲ့တာလည်း ဆိုတဲ့ မြန်မာ့ယဉ်ကျေးမှုထဲမှာ အကြုံးဝင်နေတဲ့ ဓလေ့ထုံးတမ်းတွေကို မေးပါတယ်။
   သူ့မေးခွန်းတွေထဲမှာ မြန်မာဘုရင်တွေရဲ့ အခမ်းအနားမှာ မပါမဖြစ်တဲ့ ` ဟင်္သာရုပ်ကွမ်းအုပ်` အကြောင်းပါလာပါတယ်။ ဒီကွမ်းအုပ်မှာ ဟင်္သာရုပ်ကိုမှ ဘာကြောင့်ထုလုပ်ထားရသလဲ၊ မြန်မာတို့ အလေးအမြတ်ပြုထားတဲ့ ဒေါင်းငှက်၊ ကရ၀ိတ်ငှက် တို့ကို ဘာဖြစ်လို့ မထုလုပ်တာလဲဆိုတာ ကိုမေးပါတယ်။ သူက အင်မတန်မှ အမြင်စူးပါတယ်။ သူရန်ကုန်မှာ ရှိနေခိုက် မြန်မာရှင်ပြုမင်္ဂလာ၊ လက်ထပ်မင်္ဂလာ၊ မွေးနေ့မင်္ဂလာတွေကျင်းပပုံကို တွေ့ချင်ပါတယ်ဆိုလို့  ဒေါ်ဒဂုန်ခင်ခင်လေး မွေးနေ့နဲ့ ကော့ကရိတ် စုစုလှိုင်(စာရေးဆရာမ) မင်္ဂလာပွဲကို လိုက်ပို့ရပါတယ်။ ရှင်ပြုမင်္ဂလာက ရွှေတိဂုံဘုရားကြီးကို လာကန်တော့ကြတဲ့ အခမ်းအနားကို သူ အားရပါးရ ကြည့်သွားရပါတယ်။
    ဒီတော့ သူရောက်ရှိနေတဲ့ အဲဒီအခမ်းအနားတွေမှာ အလှအပ ခမ်းခမ်းနားနား ပစ္စည်းတစ်ခုအနေနဲ့ မပါလျှင်မပြီး အမြဲပါတတ်တဲ့ ` ဟင်္သာရုပ် ကွမ်းအုပ် `ကို သူအမြင်စူးပြီး ကျွန်မကို ဗျုးတော့တာပါပဲ။ သူဗျုးပုံက “ မြန်မာတို့ အထူးအမြတ်ထားတဲ့ ဒီလိုမင်္ဂလာအခမ်းအနားတွေမှာ ဟင်္သာရုပ် ရွှေကွမ်းအုပ်ကို ဘာဖြစ်လို့ ထားကြတာလဲ” ဆိုတာပါပဲ။ ရှေးစာတွေမှာတော့ “ ရွှေဟင်္သာရုပ်” လို့ရေးပါတယ်။ အထဲမှာ ကွမ်းစားစရာအစုံကို ထည့်ထားပါတယ်။ ကျောက်စီရွှေကလပ်မှာ ဟင်္သာရုပ်ပုံပါတဲ့ ရွှေသားအုပ်ဖြစ်ပါတယ်။ လည်ရစ်သုံးတန့်၊ ရွှေအုပ်နှင့် တောင်ပံမှာ ကျောက်မြတ်ရတနာ အစုံကို စီချယ်ထားပါတယ်။ ကွမ်းအစုံထည့်ဖို့ ရွှေသားအံ တစ်ခုကို ဟင်္သာရုပ် ၀မ်းဗိုက်ထဲမှာ ထုတ်သွင်းနိုင်အောင် မွမ်းမံထားပေးပါတယ်။ ရှေးစာတွေမှာ ရွှေဟင်္သာကွမ်းအုပ်ကို “ ဇမ္ဇူသိင်္ဂါ၊ မြတ်စီမြွာသား၊ ဟင်္သာရုပ်ကျော်၊ ကွမ်းအုပ်တော်နှင့် ” လို့ စပ်ဆိုညွန်းပါတယ်။ ဒီတောပ ဒေါ်နှင်းဆီသိချင်တာကို ကျွန်မ ဒီလိုပြောဆိုရှင်းလင်းလိုက်ပါတယ်။
   ဗုဒ္ဓမပွင့်မီကာလ၊ တစ်ခုသောစိတ္တကုဋ်တောင်မှာ အားခွန်ဗလ ကြီးမားတဲ့ ရွှေရောင်အဆင်းလဲရှိတဲ့ ဟင်္သာငှက်မင်းကြီးဆိုတာရှိပါတယ်။ ဟင်္သာအခြံအရံတွေ အများကြီးရှိတဲ့အပြင် ရွှေဟင်္သာမင်းကို အင်မတန် ချစ်ကြည်ညိုတဲ့ သုမုခ လို့ခေါ်တဲ့ ဟင်္သာစစ်သူကြီးဆိုတာလဲ ရှိပါတယ်။ တစ်နေ့တော့ ရွှေဟင်္သာမင်းနဲ့ အခြံအရံအားလုံး စားသောက်နေကြဖြစ်တဲ့ ရေကန်ကြီးထဲက သစ်သီးတွေကို လာစားကြရင်း ရွှေဟင်္သာမင်း မုဆိုးထောင်ထားတဲ့ ညွှတ်ကွင်းမှာ မိသွားတယ်။ ဟင်္သာအားလုံး လန့်ပျံသွားတော့ သုမုခ ဟင်္သာဘဲကျန်ခဲ့တယ်။ ဒီတော့ ရွှေဟင်္သာမင်းကပြောတယ်။ “ သုမုခ သူများတွေ သေဘေးကိုကြေက်လို့ ပြေးကုန်ပြီ မင်းလဲပြေးတော့ ”
သုမုခက ဘာမှပြန်မပြောပဲနေတော့ နောက်တစ်ကြိမ်ထပ်ပြီး ရွှေဟင်္သာမင်းက ပြောပြန်တယ်။ “ သုမုခ သေဘေးနီးနေပြီ ဖြစ်တဲ့ ငါ့အနားမှာနေလို့ အကျိုးမရှိဘူး။ ငါ့ဆွေမျိုးတွေရော မိတ်ဆွေတွေပါ ငါ့ကို အားလုံးစွတ့်ပစ်သွားကြပြီ၊ မင်းလည်းသွားတော့”  ဒီတော့ သုမုခက ပြောတယ်၊ “ခုလောက် ဒုက္ခဆင်းရဲတွေ့တာနဲ့ အရှင့်ကို ပစ်မပြေးနိုင်ဘူး။ အရှင်သေလျှင် ကျွန်တော်သေတာနဲ့ အတူတူပါပဲ။ သေခြင်းရှင်ခြင်းမှာ အရှင်နဲ့ ကျွန်တော် အတူတူဖြစ်ပါရစေ” ။
ဒီတော့ လှံကိုင်ထားတဲ့ ငှက်မုဆိုးရောက်လာတော့ ရွှေဟင်္သာမင်းကိုမေးတယ်။
“ ဟင်္သာမင်း ကျုပ်ထောင်ထားတဲ့ ကျော့ကွင်းကို ဘာဖြစ်လို့ မမြင်တာလဲ”
“ အဆွေ မုဆိုး ပျက်စီးချိန်ရောက်လာတဲ့ သတ္တ၀ါတိုင်း မိမိအန္တရယ်ကို မမြင်တတ်ကြဘူး”
လို့ ဟင်္သာမင်းက ပြောတော့ မုဆိုးက သုမုခ ဟင်္သာကို ဆက်မေးပြန်တယ်။
ဒီတော့ သုမုခ ဟင်္သာက မုဆိုးကို ပြန်ပြောတယ်။
“ အဆွေမုဆိုး၊ ကျော့ကွင်းမိနေတဲ့ ဟင်္သာမင်းဟာ ဟင်္သာကိုးသောင်းရဲ့ အရှင်အရှင်မင်းကြီး ဖြစ်ပါတယ်။ ပညာဥာဏ်ကြီးမားပြီး လက်အောက်ငယ်သားတွေကို မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်သူဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်ကို သတ်မယ်ဆိုရင် အဆွေအပြစ်ကြီးပါလိမ့်မယ်။ သတ်လိုတာဖြင့် ငါ့ကိုသတ်ပါ၊ ငါ့အရှင်ကိုလွတ်ပေးပါ၊ အတောင်ကို လိုက ငါ့အတောင်ကိုယူပါ၊ အရိုးကို လိုက ငါ့အရိုးကိုယူပါ”
မုဆိုးက သိပ်အံသြသွားတယ်၊ တိရစ္ဆာန်ဖြစ်ပေမယ့် စိတ်ထားမြင့်မြတ်လှတယ်၊ ကိုယ့်အရှင်အခင်အတွက် အသက်စွန့်လွှတ်ဝံ့ပါပေတယ်၊ အဆွေခင်ပွန်း ပီသပါပေတယ် လို့ အောက်မေ့ပြီး လက်ထဲကိုင်ထားတဲ့ လှံတံကိုင် လွင့်ပစ်လိုက်ပြီး ဘယ်လိုပြောသလဲဆိုတော့ ……
“ အဆွေတို့နှစ်ဦး လွတ်ရာကို သွားကြပေတော့”
ဆိုပြီး  ကျော့ကွင်းကို ဖြည်ပေးတယ်။ ဒီတော့ ဟင်္သာမင်းက မုဆိုးကိုမေးတယ်။
“ အဆွေမုဆိုး၊ ဒီရေကန်ဟာ ဘေးမဲ့ရေကန်ဖြစ်တယ်လို့ မင်းမိန့်နဲ့ ကြွေးကြော်ထားတယ် မဟုတ်လား၊ ဘာကြောင့် ခုလိုဖမ်းရတာလဲ”
မုဆိုးကဖြေတယ်။ “ အဆွေဟင်္သာမင်းရဲ့ တရားကို အိမ်မက်ထဲမှာ နာရတဲ့ ဗာရာဏသီမင်း သံယမဘုရင်ရဲ့ မိဖုရားကြီး ခေမာဒေ၀ီက ဟင်္သာမင်းရဲ့ တရားကို နာယူလိုတယ် ပူဆာလို့ ဘုရင့်အမိန့်နဲ့ အခုလိုဖမ်းယူရတာပဲ”
ဒီတော့ ဟင်္သာမင်းက “ ဒါဖြင့် ငါ့ကိုမလွတ်ပါနဲ့၊ သယမမင်းဆီ ငါ့ကိုပို့ပါ ပြောတော့ မုဆိုးက ဟင်္သာမင်းကို မင်းကြီးဆီ ပို့ပေးတယ်”
  မင်းကြီးဆီရောက်တော့ ဟင်္သာမင်းကို ၀မ်းသာအားရ ကြိုဆိုပြီး အစားအစာ အမျိုးမျိုးကို ရွှေခွက်မှာ ထည့်ကျွေးတယ်။ ဒီတော့ ဟင်္သာမင်းက ” မြတ်သောမင်းကြီး ကျမ်းမာပါရဲ့လား၊ နိုင်ငံမှာ ၀ပြောသာယာပါရဲ့လား”
လို့ နုတ်ဆက်လိုက်တယ်။ မင်း၊ မိဖုရား၊ မှူးမတ်တို့အလယ် မှာရှိတဲ့ ဟင်္သာမင်းဟာ မင်းကိုနုတ်ဆက်ပြီးတာနဲ့  “မှူးမတ်တို့မှာ အပြစ်အနာ ရှိကြပါသလား၊ မင်းရဲ့ အမှုမှန်သမျှကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်ကြပါရဲ့လား” လို့ ဆက်ပြီးမေးတယ်။
“ ရွှေဟင်္သာမင်း … မှူးမတ်အားလုံး အပြစ်အနာမရှိကြပါ။ မင်းရဲ့အမှုမှန်သမျှ ကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်ကြပါတယ်“ လို့ မင်းကဖြေတော့ ရွှေဟင်္သာမင်းက ဆက်မေးပြန်တယ်။
“မြတ်သောမင်းကြီး … သားမယားတို့ဟာ မင်းကြီးရဲ့ စကားကိုနားထောင်ပါရဲ့လား၊ ချစ်ခင်ဖွယ်သော စကားကို ပြောတတ်ကြပါရဲ့လား သားသမီး အခြံအရံ စည်းစိမ်များနှင့် ပြည့်စုံပါရဲ့လား”
“ရွှေဟင်္သာမင်း .. သားမယားတို့ဟာ ကျွနှ်ပ် စကားကိုနားထောင်ပြီး ချစ်ခင်ဖွယ်သော စကားကိုလည်း ပြောတတ်ကြပါတယ်၊ သားသမီးအခြံအရံ စည်းစိမ်ဥစ္စာတို့လဲ ပြည့်စုံပါတယ်” လို့ မင်းကြီးက ဖြေတယ်၊ ဒါပေမယ့် ရွှေဟင်္သာမင်းက ထပ်မေးပြန်ပါတယ်။
“ မြတ်သောမင်းကြီး … နိုင်ငံသားများကို ကိုယ်စိတ်နှလုံး ညိုးနွမ်းဆင်းရဲအောင် နှိပ်စက်မိပါသလား၊ နိုင်ငံမှာ ဘေးအန္တရယ်တို့ ရှိပါသလား၊ ကြီးနိုင်ငယ်ညှင်း၊ နှိပ်စက်ကလူ မပြုမူပဲ တရားနဲ့အညီ ဆုံးမပါရဲ့လား”
”ရွှေဟင်္သာမင်း … နိုင်ငံသားများကိုလည်း ကျွနှ်ပ်မညှင်းဆဲပါ၊ ဘေးအန္တရယ်တို့လဲ မရှိကြပါ၊ တရားနှင့်အညီ ဆုံးမအုပ်ချုပ်ပါတယ်” လို့ မင်းကဖြေတယ်။
“ဒါဖြင့် မြတ်သောမင်းကြီးမှာ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရဲ့လား၊ သူယုတ်မာတို့ကို ရှောင်ခွာပါရဲ့လား၊ ကုသိုလ်တရားတို့ကို ကျင့်ကြံအားထုတ်ပါရဲ့လား ” လို့ ရွှေဟင်္သာမင်းက ဆက်မေးပြီးတဲ့နောက်မှာ မိဖုရားကြီး နာကြားလိုတဲ့ တရားတော်ကို ဟောကြားတယ်။ အဲဒီ တစ်နေ့နဲ့ တည ဟောပြောပြီးတဲ့ နောက်တစ်နေ့ နေထွက်လာတဲ့ အချိန်မှာတော့ ရွှေဟင်္သာမင်းနဲ့ သုမုခဟင်္သာတို့ဟာ စိတ္တကုဋ်တောင်ကို ပျံသွားကြပါတယ်။
အဲဒီအချိန်ကစပြီး ရွှေဟင်္သာမင်း( ဓတရဋ္ဌ) ကို ကြည်ညိုချစ်ခင်လေးစားတဲ့ ခေမာဒေ၀ီ မိဖုရားကြီးဟာ ရွှေဟင်္သာမင်းရဲ့ ပုံတူ ရွှေကွမ်းအုပ်တော်ကို  ပြုလုပ်စေပြီး နန်းတော်ထဲမှာ အထူးအမြတ်ထားစေခဲ့တယ်။ မင်္ဂလာရှိတဲ့ အခမ်းအနားတိုင်းမှာ ရွှေဟင်္သာ ကွမ်းအုပ်ကို အဆောင်ကောင်းတစ်ခုလို မရှိမဖြစ် အသုံးပြုခဲ့တယ်လို့ `ဇေယျသိင်္ခယာ အမတ်ကြီး`ပြုစုခဲ့တဲ့ `ရွှေဘုံနိဒါန်း` နှင့် `အသီတိနိပါတ် မဟာဟံဇတ်တော်` မှာ မှတ်သားခဲ့ရဖူးတယ်လို့ ရှင်းပြလိုက်တော့ သူလက်ခံကျေနပ်သွားပါတယ်။
မြန်မာမှုနယ်ပယ်ထဲမှာ အဲသလို စွဲမြဲလက်ခံလာခဲ့ကြတဲ့ ရိုးရာယဉ်ကျေးမှုတွေ အတော်များများ တွေ့ရပါတယ်။ ဤအချက်၊ ထိုအချက်များကို လက်မခံနှင့်လို့ မဝေဖန်လိုပါ၊ ကျမ်းအကိုးအကား ရှိတာလောက်ကိုသာ တင်ပြခြင်း ဖြစ်ပါတယ်။
ကြည်ဦး
 ၁၉၉၈ခုနှစ်၊ ဂျွန်လထုတ် ရွှေမော်ကွန်းအမှတ်- ၁၂
ဖူးစုံလက်နဲ့ (ကိုသူရသို့ ဂါရ၀ တေး)
Photobucket
မှန်တာကို ကိုယ်ကျိုးစွန့်လွှတ်ပြီးမှ လူအများအကျိုးရှိအောင် ပြောဆိုရဲတာ သူရဲကောင်းကွယ် ယုံကြည်ရာ မရွံ့သောစိတ်ဓါတ်နဲ့ စိတ်ကောင်းနှလုံးသားနဲ့ ဖိနှိပ်လည်းမခံ ပျက်လုံးတွေ ပျက်ခဲ့သူရှိတယ်
အာဏာရှင် ယိုယွင်းကာ တိုင်းပြည်ပျက်တဲ့စနစ်ဆိုးကြောင့်ကွယ် ....
တို့ပြည်တွင် ကောင်းမှုကင်းလို့ ပြည်ပျက်မယ့်အရေးမို့ကွယ် .....
အမှားတွေကိုကွယ် အမှန်ဖြစ်အောင် ပြုပြင်ရန်ကွယ် .....
ဟာသဂန္တ၀င် သုခုမနဲ့ ပေါင်းလို့ရယ် .....
ပြည်သူ့ရင်ခွင် စင်တင်ဖျော်ဖြေဖွင့်လှစ်တယ် .....
ပြည်နိုင်ငံအရေးကြောင့်ကွယ် ဖမ်းမိန့်ကို မမှုနိုင်ရှာတယ် ရက်စက်လေသောခေတ်ဝယ် 
မဲဇာအရပ်ကို ပို့ခဲ့လေတယ်။
အခါခါနှိပ်ကွပ်ခဲ့ပါစေ (အကြိမ်တရာနှိပ်ကွပ်ခဲ့ပါစေ) သူမမှုပါ သူရဲကောင်းလေ ....
ရင်ထဲမှာ ခွန်အားသစ်တွေ ပန်းပေါင်းတထောင် ဝေတယ်ပွင့်တယ် ....
ယုံကြည်ရာ ဇွဲစိတ်နဲ့ ခံယူချက်တွေ     မှန်ကန်ရာ ရဲရင့်ပြတ်သားတော်လှန်ခဲ့တယ် ...
တနေ့မှာ မျှော်လင့်ထားတယ် အမျိုးသားဂုဏ် ပြုထိုက်သူမို့ ...
ဆရာသမားရယ်.. ဂါရ၀ထားလို့ ဖူးစုံလက်နဲ့ ဦးညွှတ်အလေးပြုတယ်။
သူရိန်ထက်
၁၈.၁.၂၀၁၁
ဒီသီချင်းကို သီးလေးသီးက ကိုစိန်သီးနဲ့  ခေါင်းဆောင်မင်းသမီးချောစုမျိုးတို့က သီဆိုပြီး ကိုသူရ ရွှေရတုမွေးနေ့ ဂုဏ်ပြုအစီအစဉ်အဖြစ် မကြာခင် မီဒီယာတွေက ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
ကြောက်မွှေးပါ ဇာဂနာနဲ့ နှုတ်
zaganar
ပါရမီအခံမရှိပဲနဲ့  နဘေ တေးထပ်
ရေးတတ် ဖတ်တတ် ရွတ်တတ် ယုံနဲ့ 
လူရွှင်တော် ဖြစ်မလာနိုင်ဘူး …၊
တို့ တိုင်းတို့ ပြည်ကြီးမှာ
လူရွှင်တော်ပဲ ခေါ်ခေါ်
လူပျက်ပဲ ခေါ်ခေါ်
ပြည်သူလူထုကြီးအပေါ်
သူ့ တွေးလုံး ပျက်လုံးတွေက
တစိမ့်စိမ့်တွေး တရေးရေးမြင်
တငြိမ့်ငြိမ့်ပြုံး ၀ါးလုံးကွဲရယ်(ရီ)စေတဲ့
မဟာလူသား
သူဟာ … စွယ်စုံရ အနုပညာသမားပေါ့ ……။
မျိုးရိုးဗီဇ
ရေခံမြေခံ ကောင်းသမျှ
ရှင်သန်တဲ့ အပင်ရဲ့ သဏ္ဍန်
အနုပညာ စာပေ ဂီတ
မိဘနှစ်ပါးဆီက အမွေရ ပေမယ့်
နဂို မူလ မွေးရာပါ ပါရမီကလည်း
တခေတ်မှာ တယောက်
တယောက်ဆို ဆိုသလောက်ပါပဲ ….။
အကြောက်တရားနဲ့ ချောက်ခြားနေတဲ့
ပြည်သူလူထုကြီး အပေါ်
မကြောက်တရားနဲ့ ထောက်ပြပြောဆို
အနုပညာစွမ်းအားနဲ့ 
ခေတ်ရဲ့ ဝန်ကို ထမ်းသူ
သူ …. ဘယ်မှာလဲ …..။
သူ့ ရဲ့  အနုပညာတရားအောက်မှာ
အုပ်စိုးသူ ငမိုက်သားတစုဟာ
မှန်တောင် မကြည့်ရဲရှာ
အမှန်တရား စကားလုံးများ
ခါးသီး ရွံရှာ
အကြိမ်ကြိမ် အခါခါ
နရသိန်ထဲမှာ ညှဉ်းပန်းနှိပ်စက်
သူ့ ရဲ့ … အနုပညာ ဗီဇ ပိုထက်ရှလာခဲ့ …။
ဒုက္ခအဖုံဖုံ ကုံလုံကြွယ်ဝ
အနုပညာ ၀မ်းစာပြည့်သထက်ပြည့်ဝလာတဲ့အခါ
အုပ်စိုးသူတို့ ခမျာ အကြောက်တရားဟာ
မစင်မှာ လောက်ပွားသလိုမျိုး
အမျိုးမျိုး ပွေလီလိမ်
သူ့ ကို ….
ဟိုး …. အဝေးက နရသိန်ထဲမှာ
အုတ်တံတိုင်း အထပ်ထပ် ကာရံထားလိုက်ကြတယ်…။
အနုပညာသည် တယောက်ရဲ့ 
တိုင်းပြည်ကိုချစ်လို့ 
ရင်ထဲကတောက်တဲ့မီးအရောင်
အတားအဆီး အပိတ်အလှောင်
အမှောင်ကမ္ဘာကို ထိုးဖောက်
ပြည်သူရှေ့  ကိုရောက်လေတယ် …၊
အာဏာရှင်လက်အောက်က
လွတ်မြောက်လိုသူတိုင်း
သူ့ ကိုတမ်းတ သတိရ
ကြောက်မွှေးပါ ဇာဂနာနဲ့  နှုတ်ပြစ်ကြ
ကြောက်မွှေးပါ ဇာဂနာနဲ့  နှုတ်ပြစ်ကြ
ကြောက်မွှေးပါ ဇာဂနာနဲ့  နှုတ်ပြစ်ကြ ……။
(ကိုဇာဂနာ ၅၀ပြည့်နှစ် ရွှေရတုမွေးနေ့ သို့ )
ရဲရင့်သက်ဇွဲ
၂၂ ၀၁ ၂၀၁၁
ရွှေမော်ကွန်းမဂ္ဂဇင်း
ဇာဂနာ
Photobucket
ဓာတ်ပုံက ဆရာကြီးနန်းညွန့်ဆွေ၊ ဆရာမကြီး ကြည်ဦးနဲ့ ကိုသူရနှင့် မြပုဏ္ဏမာ အငြိမ့်မှ လူရွှင်တော်နှစ်ဦး
ဇာဂနာလို့ ဆိုလိုက်တာနဲ့ ဦးပြည်းကတုံးနဲ့ ပြုံးဖြီးဖြီး သူ့ရဲ့ဟန်ကို မြန်မာတိုင်း မြင်ယောင်မိကြမှာပါ။
သူ့အနုပညာကလည်း အံ့သြလောက်အောင် ဂီတ၊ သုခုမ၊ သဘင်၊  စာပေ စွယ်စုံပညာရှင်။ သူ့အမည်ရင်း ကိုသူရဆိုတဲ့အတိုင်း အများအကျိုးအတွက်၊ အမှန်တရားအတွက်ဆို သူရသတ္တိနဲ့ ပြည့်စုံလိုက်ပုံများ အခုထိ အကျဉ်းထောင်ထဲမှာ ပြုံးပြုံးကြီး ပျက်လုံးတွေထုတ်နေတာ အားလုံးအသိ။
ဇန်န၀ါရီလ ၂၇ ရက်နေ့ဟာ ကိုသူရ ခေါ် ကိုဇာဂနာရဲ့ နှစ် ၅၀ ပြည့် ရွှေရတု မွေးနေ့ ဖြစ်ပါတယ်။
စွယ်စုံ အနုပညာရှင် ဆရာ ကိုသူရ (ဇာဂနာ)ကို ရွှေရတု အမှတ်တရအဖြစ် မြန်မာတ၀ှမ်းသာမက ကမ္ဘာအရပ်ရပ်က ဇာဂနာ့ချစ်သူတွေက နည်းအမျိုးမျိုးနဲ့ ဂုဏ်ပြုကြမှာ အသေအချာပါပဲ။
ရွှေမော်ကွန်းအနေနဲ့ တော့ ကိုသူရရဲ့ ဂုဏ်ကို ဘယ်လိုဖေါ်ပြမလဲလို့ တွေးကြည့်တဲ့အခါ သူဟာ သူမတူတဲ့ ထူးခြား ချက်တခုကတော့ မာတာပိတု မိဘနှစ်ပါးလုံးက ရဲရဲတောက် မျိုးချစ်စာဆိုတော်တွေချည်း ဖြစ်နေတဲ့ အချက်ပါပဲ။ (ဒါကြောင့်လည်း ရဲရဲတောက် ကိုသူရ  ဖြစ်နေတယ်ထင်ပါရဲ့)
ဒါကြောင့် ကိုသူရကို ဂုဏ်ပြုတဲ့အနေနဲ့ ကိုသူရရဲ့ မိဘနှစ်ပါးဖြစ်သူ ဆရာကြီး နန်ညွန့်ဆွေနဲ့ ဆရာမကြီး (သခင်မ) ဒေါ်ကြည်ဦးတို့ တချိန်က ရွှေမော်ကွန်းမှာ ရေးသားခဲ့တဲ့ ဆောင်းပါး ၂ ပုဒ်ကို ပြန်လည်အသက်သွင်း တင်ဆက်ပေးသွားမှာဖြစ်ပြီး ကဗျာဆရာ ရဲရင့်သက်ဇွဲရဲ့ ကိုသူရသို့ ဂုဏ်ပြုကဗျာနဲ့ကိုသူရိန်ထက်ရေးသားတဲ့ ဖူးစုံလက်နဲ့ (ကိုသူရသို့ ဂါရ၀ တေး) စာသားကို ဖော်ပြပေးသွားမှာပါ။ ဒီသီချင်းကို သီးလေးသီးက ကိုစိန်သီးနဲ့  ခေါင်းဆောင်မင်းသမီးချောစုမျိုးတို့က သီဆိုပြီး ကိုသူရ ရွှေရတုမွေးနေ့ ဂုဏ်ပြုအစီအစဉ်အဖြစ် မကြာခင် မီဒီယာတွေက ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
 ဆရာကြီး၊ ဆရာမကြီးနဲ့ ဆရာကိုသူရ (ဇာဂနာ) တို့ကို ရွှေမော်ကွန်း ၀ိုင်းတော်သားတွေက အစဉ်ထာဝရဂါရ၀ ပြုလေးစားလျက်ပါ။
ရွှေမော်ကွန်းဝိုင်းတော်သားများ
လပွတ္တာ မြို့တွင် ကျင်းပမယ့် ဆရာကြီးမောင်ထင် အမှတ်တရ စာပေဟောပြောပွဲ
လပွတ္တာ မြို့တွင် ကျင်းပမယ့် ဆရာကြီးမောင်ထင် အမှတ်တရ စာပေဟောပြောပွဲ ကို လပွတ္တာမြို့က  ဆရာကြီး မောင်ထင်ကို ချစ်ခင်လေးစားကြတဲ့ စာပေချစ်မြတ်နိုးသူများက ဦးစီးကျင်းပသွားမှာ ဖြစ်ပြီး  စာပေဟောပြောပွဲကို   ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၇ ရက်နေ့နဲ့ ဖေဖော်ဝါရီလ၊ ၈ ရက်နေ့ နှစ်ည ဆက်တိုက် လပွတ္တာမြို့နယ် ရဲတံခွန်အားကစားခန်းမမှာ ပြုလုပ်မှာဖြစ်သလို  စာရေးဆရာတွေဖြစ်တဲ့ ဆရာလယ်တွင်းသားစောချစ်၊ ဆရာမောင်စိန်ဝင်းပုတီးကုန်း၊ ဆရာနွမ်ဂျာသိုင်း၊ ဆရာမနုနုရည်(အင်းဝ)၊  ဆရာမသန်းမြင့်အောင်နှင့် ဆရာအကြည်တော်တို့ က ဟောပြောပေးသွားမှာဖြစ်ပါတယ်။
Photobucket Photobucket
ဆရာတင်မိုး အမှတ်တရ
u tin moe
.လေယာဉ်ထွက် ဖို့ စောသေးတယ်။ ကော်ဖီတခွက်နဲ့ လေဆိပ်ကော်ဖီဆိုင်မှာ ကျနော် အချိန်ဖြုန်း နေမိတယ်။ မြင်ကွင်းထဲမှာ ခရီးသည်တွေ ဥဒဟို လှုပ်ရှားသွားလာနေတယ်။ ထို့အတူ ကျနော့်ရဲ့ အတွေးမြင်ကွင်းထဲမှာလဲ ဒီနေရာရောက်လာတိုင်း အ တိတ်ရဲ့ အရိပ်အချို့က ထင်ဟပ်လာ တတ်ပြန်တယ် . . . ။
“ ဂရင်းကဒ် ရောက်လာရင် လွတ်လွတ်လပ်လပ် ခရီးသွားလို့ရပြီ . . . အဟွတ် . . . အဟွတ် . . . အဟွတ် ”
“ ဂရင်းကဒ် နဲ့ လျှောက်ရင် ခရီးသွားခွင့် လက်မှတ်က ၂-နှစ်တောင်ရတော့ ပြည်ပမှာ ကြာကြာ နေလို့ လဲရတယ်”
ကျနော့်ရဲ့ ဂရင်းကဒ်ကို အပြန်ပြန် အလှန်လှန်ကြည့်ရင်း ဂရင်းကဒ်နဲ့ပတ်သက်တဲ့ ခံစားချက်တွေ၊ မျှော်မှန်းချက် တွေကို ဆ ရာတင်မိုးက ဖွင့်ဟနေတယ်။ လက်ထဲက စီးကရက်က အငွေ့တလူလူ တက်နေတယ်။
ဂရင်းကဒ်ကို ကြည့်နေတဲ့အကြည့် မခွာဘဲ ရှေ့မှာချထားတဲ့ ကော်ဖီခွက်ကို ဆရာက ကောက်ကိုင် ပြီး တဖြေးဖြေးသောက် ချလိုက်တယ်။ ပြီးတော့ စကားဆက်လာပြန်တယ်။
“ ဂရင်းကဒ်ရ လို့ ဂျပန်သွားဖြစ်ရင် ဟိုမှာ ကြာကြာနေမယ်။ ဂျပန်မှ တဆင့် ယိုးဒယား သွားမယ်။ ချင်းမိုင်မှာ နေမယ်။ အဲဒီ ကပြီးတော့ မဲဆောက်ဖက် ဆင်းမယ်။ ကလေးကျောင်းတွေ မှာ ကလေး တွေကို မြန်မာစာ သင်ပေးမယ်။ မြန်မာအစားအစာ နဲ့ နီးစပ်တဲ့ ယိုးဒယားအစာတွေ ကို စားမယ်။ ပျင်းလို့ မြန်မာပြည်ကိုလွမ်းတဲ့အခါ မဲဆောက်တံတားထိပ် သွားထိုင်ပြီး မြ၀တီ မြို့ကို လှမ်းကြည့် မယ်။ ဒီလိုသာ နေရမယ်ဆိုရင် ယိုးဒယားမှာ အနည်းဆုံး သုံးနှစ်လောက်နေနိုင်မယ်ထင်တယ်။ ”
“ ဟား ဟား ဟား . . . ဆရာကြီးရာ ဖြစ်ပါ့မလား ”
ကျနော်နဲ့ ဆရာက အကြောင်းသိချင်းတွေ မဟုတ်လား။ ဆရာ ပြောပြောနေတဲ့ ဒါမျိုး အပြော တွေက ကျနော့်အဖို့မှာ ရိုးနေပြီ ဖြစ်လို့ ဟာသနှောတဲ့ သဘောနဲ့ ကျယ်လောင်စွာပဲ ကျနော်ရယ် လိုက်မိတယ်။ ဆရာက ကျနော့်ကို ကြည့်နေတယ်။
ဆရာက ကဗျာဆရာမို့ ကဗျာဆန်ဆန်တွေးပြီး ကာရန်ချိုချိုလေးတွေနဲ့ ဘ၀ကို ချိုမြိန်စွာ မြင်တတ် တွေးတတ် ပုံဖော်တတ် လေ့ရှိတယ်။ နေရာတခုကို မရောက်ဘူးသေးသော်လဲ စိတ်ကူးနဲ့ပုံဖော်ကာ ပျော်ရွှင်စွာ နေကြည့်လေ့ရှိပုံရတယ်။ တကယ် လက်တွေ့ဝယ် နေရာတခုမှာ ဆရာ ကြာကြာ မနေနိုင်မှန်း ကျနော်တို့တွေအားလုံး သိတယ်။
မိုးမိုးနှင်းတို့ မိသားစုလေးထံမှာ နေတာ နည်းနည်းကြာသွားပြီဆိုရင် ကာလီဖိုးနီးယားက သမီးချို သင်း တို့ထံ ဆရာ ပြန်လာ ချင်ပြီ။ ကာလီဖိုးနီးယားမှာ ကြာသွားပြီဆိုရင် ဆရာက အင်ဒီယားနားနဲ့ နယူးယောက်ဖက် ကို ခြေဦးလှည့်ချင်ပြန်ပြီ။ ထိုမှတ ဖန် ဂျပန်၊ ယိုးဒယားကို သွားဦးမယ်လေ။ တခါတရံ ကိုမောင်ရစ်၊ ကိုထိန်လင်း၊ ကိုကျော်အောင်လွင်တို့ နဲ့ ၀ိုင်းဖွဲ့ပြီး စီဒီတွေထုတ်၊ အသံ တွေလွှင့်၊ စာတွေရေးရင်း ဆန်ဖရန်စစ္စကိုမြို့မှာ တလ ကိုးသီတင်း နေတတ်သေးတယ်။
ကဗျာကို ကာရန်၊ ပုံစံ၊ အသံ အမျိုးမျိုးနဲ့ အပြောင်းအလဲလေးတွေ ရေးဖွဲ့တတ်သလို ဘ၀ခရီးကိုလည်း အစဉ်မငြီးရအောင် တနေရာပြီးတနေရာ ပျော်စရာဖြစ်အောင် ဆရာက ပြောင်းလဲနေ တတ်ပြန်ပါတယ်။ အကယ်၍ ဆရာ ပေါ်မလာခဲ့ဘူးဆိုရင် လဲ ဆရာ့တပည့်တွေက ဆရာ့ကို “ဆရာ ကျနော်တို့ဆီ လာလည်ပါအုံး”လို့ ခေါ်ကြပါတယ်။
ဂရင်းကဒ် ရပြီးတဲ့နောက်မှာ ခရီးသွားလက်မှတ်ကို ဆရာ စောင့်မျှော်နေတာ ခုနစ်လလောက် ကြာ သွားတယ်။ ခရီးသွားတဲ့ လက်မှတ် အိမ်သို့ ရောက်လာချိန်မှာ သူချစ်မြတ်နိုးတဲ့ အသိုင်းအ၀န်း လေးထဲက ဆရာ ထွက်ခွာသွားခဲ့ပါပြီ။ အပြာနုရောင် ခရီးသွားလက်မှတ် စာအုပ်လေးဟာ ဆရာ နောက်ဆုံးနေသွားခဲ့တဲ့ လောစ့်အိန်ဂျလိစ်မြို့က အိမ်မှာ ဆရာ့နဲ့အတူ ခရီးသွားဖို့ရာ စောင့်ကြို နေဆဲပင် ဖြစ်ပါတယ် . . . ။
အခုတလော ခရီးသွားရတာများတော့ လေဆိပ်ကို မကြာခဏ ရောက်ဖြစ်တယ်။ ဟိုစဉ်ကဆို ဆရာနဲ့ကျနော် ခရီးအတူတူ သွားတတ်တယ်။ ကျနော် တဦးတည်း သွားတဲ့အခါတွေမှာ ဆရာက လိုက်ပို့တတ်သလို ဆရာတဦးတည်း သွားတဲ့အခါများ မှာလည်း ကျနော်နဲ့ ဆရာ့တပည့်၊ မိသားစု ၀င်တွေက လိုက်ပို့တတ်စမြဲမို့ ဒီလေဆိပ်ကို ဖြတ်နေကြပါပဲ။
အခုတော့ ကျနော် တယောက်တည်းပါ။ နေရာဟောင်းမှာ တယောက်တည်း ပြန်ရောက်တဲ့အခါ အရိပ်တွေက အတိတ်တ စ္ဆေပမာ ပြန်ပေါ်လာတယ်။ ထွက်ခွာရန် အချိန်နီးပြီမို့ လေယာဉ်ပေါ်သို့ ကျနော် ရောက်ခဲ့ပြီ။ ဆရာနဲ့ ပတ်သက်တဲ့ အတွေး အမြင်တို့ကား မပျောက်တတ်ချင်သေး။ ဆရာပြောပြဖူးတဲ့ သူ့ဘ၀အပိုင်းအစတွေ တခုပြီးတခု ၀င်ရောက်လာပြန်တယ်။
“ ပုံစံ”
အင်းစိန်ထောင်ထဲသို့ ၀င်ရောက်လာသူအားလုံး ပုံစံဆိုတဲ့အသံကို ထောင်အ၀က အရာရှိ ပေါက်စက အော်လိုက်တာနဲ့အား လုံး ထိုင်ချလိုက်တယ်။ ဆရာတင်မိုးလည်း ဘုမသိ ဘမသိနဲ့ ရောထိုင်လိုက်တယ်။
ခဏအကြာ အဖေနာမည်နဲ့တွဲပြီး တဦးချင်းနာမည်ကို ခေါ်တယ်။ အုပ်စုခွဲပေးတယ်။ ဆရာ အလှည့်ရောက်တော့ “ဘဂျမ်း” “ အဖ . . . ” လို့ ခေါ်လိုက်တော့ “ ဒီသူငယ်ကွာ . . . မယဉ် ကျေးလိုက်တာ၊ လူကြီးကို ဦးလေး ဘာလေး တပ်ခေါ်တာ မဟုတ်ဘူး ” လို့ တွေးမိပြီး ဆရာ့  စိတ်ထဲမှာ ကသိကအောက်လေးဖြစ်သွားတယ်။
“ ကြီးမှမိုက်တဲ့ ကြီးမိုက်ကြီး . . . ဒီဘက်ကိုလာ ”
ထိုလူငယ်က အသံမာမာနဲ့ အော်ခေါ်လိုက်တော့ ဆရာလည်း သူ့အနားကဖြတ်ပြီး အတွင်းဘက်ကို ၀င်လိုက်ရတယ်။ ဖြတ် သွားစဉ်မှာ “ဆရာ . . . ဒါလေးတွေ ယူသွား၊ ကျနော့်နာမည် . . . ပါ၊ နောက်လိုရင်လဲ ပြောပါ။ ဒါတွေက ထောင်ထဲမှာ မရှိ မဖြစ် လိုအပ်တယ်၊ အလုပ် သဘော အရ ဖြစ်လို့ အော်ရတာ ကျနော့်ကို ခွင့်လွှတ်ပါဆရာ။ ဂုဏ်ယူပါတယ် ဆရာ” တဲ့။
ဆရာလည်း အရာရှိပေါက်စ လူငယ်က လက်သိပ်ထိုးပေးလိုက်တဲ့ ဆေးလိပ်နဲ့ ဆပ်ပြာခဲတွေကို ကြည့်ရင်း အံ့သြနေတယ်။ ဒီလူငယ်ဟာ ဆရာ့တပည့်ဖြစ်ဖူးခဲ့ကြောင်း နောင်တော့မှ သိရတယ်။ ထောင်ထဲမှာ ဆရာဆင်းရဲမှာ ကြောက်လို့ ထောင်ကျ သူတွေအတွက် အသုံးဝင်တဲ့ ဆေးလိပ် နဲ့ဆပ်ပြာကို ဆရာတဦးတည်းကိုသာပဲ တိတ်တဆိတ်ပေးလိုက်ခြင်းဖြစ်ပါတယ်။
အဆိုးထဲက အကောင်းလေးတွေ မြင်ရလို့ ဆရာတင်မိုး အားတက်သွားတယ်။ ခဏပါပဲ၊ ထောင် ထဲမှာ နေရမဲ့အရေးတွေးပြီး ဆရာက မပျော်မရွှင်ဖြစ်နေတယ်။ နှေးကွေးတဲ့ခြေလှမ်းတွေနဲ့ သူနေရမဲ့အဆောင်ဘက်ဆီ လျှောက်လှမ်းနေစဉ်မှာ . . .
“ ဝေး . . . တို့ဆရာကြီး လာပြီဟေ့ ”
သံပြိုင်ကြိုဆိုတဲ့အသံ ထွက်ပေါ်လာလို့ ကြည့်လိုက်ရာ ဆရာနဲ့ရင်းနှီးတဲ့ စာအုပ်ထုတ်ဝေသူ သူဌေး တွေနဲ့ ကျောင်းသားလူ ငယ်တွေဖြစ်နေတယ်။ အံ့သြ၀မ်းသာ အခုမှပဲ စိတ်ဓာတ်ကျနေတဲ့ ဆရာ တင်မိုးလည်း ပြုံးနိုင်တော့တယ်။
“ ဆရာ . . . ဘာမှမပူနဲ့၊ ကျနော်တို့ စားသလိုစား၊ ကျနော်တို့နဲ့ ပျော်ပျော်နေပါ ”
အစိုးရဌာနက ခိုးထုတ်လာတဲ့ စက္ကူနဲ့ဖလင် စတဲ့ပစ္စည်းတွေကို လက်ခံဝယ်ယူမှုနဲ့ အဖမ်းခံရလို့ ယာယီထောင်ကျနေကြတဲ့ သူဌေးအုပ်စုဖြစ်ပါတယ်။ ထောင်ထဲမှာ ဘဲကင်၊ ဟော်တယ် အစားအစာ၊ ရှန်ပိန်၊ ၀စ်စကီ၊ ငါးသုံးလုံး၊ မာဘိုလို စတဲ့ ဇိမ်ခံတဲ့ ပစ္စည်းတွေနဲ့ ထောင်ကျ နေတဲ့သူဌေးတွေ ဆရာ့ကို ကောင်းကောင်းပြုစုကြတယ်။ ဆရာ သောက်နေတဲ့ဖက်ကြမ်းဆေးလိပ် အစား စီးကရက်ကို သူတို့က သောက်ခိုင်းတယ်။ ထောင်စာတွေအစား ဟော်တယ်စာတွေ ဆရာ့ကို စားခိုင်းတယ်။ ထောင်မှူးကို ရေများများ လောင်းထားတော့လည်း (ပိုက်ဆံပေးတာ) ထောင်ထဲမှာ သူဌေးလို နေလို့ရတယ်။
မကြာမီမှာ နောက်ပိုင်းက သူတို့မိသားစုတွေက ငွေနဲ့အလိုက်ကောင်းလို့ သူဌေးတွေ ထောင်က ထွက်သွားကြတယ်။ ဆရာ တင်မိုးကတော့ ကျောင်းသားတွေနဲ့အတူ ထောင်ထဲမှာ ကျန်ရစ် ခဲ့တုန်းပါ။ နေသားကျလာပြီဖြစ်လို့ ဆရာ့အနေထားက ယခင် ကလောက် ထောင်နဲ့ မစိမ်းတော့။ နေ့စဉ် ထောင်ထဲမှာ ကျောင်းသားတွေနဲ့ဆရာ တပူးတွဲတွဲဖြစ်နေတယ်။
ကျောင်းသားတွေက ဆရာ့ကို ရေချိုးပေးတယ်။ အ၀တ်လဲပေးတယ်။ မကောင်းသော်လဲ အဆင် အပြေဆုံးဖြစ်အောင် ဆရာ့ အတွက် အစားအသောက်ကို ဖန်တီးပေးရှာတယ်။ သူတို့တွေရတဲ့ ထောင်ဝင်စာတွေထဲက ဆရာ့ကို ဦးဦးဖျားဖျား ကျွေးကြတယ်။ ဆရာကလဲ သူရတဲ့ ထောင်ဝင်စာ ကို ကလေးတွေလက်လဲ အပ်လိုက်တာ များပါတယ်။
တချို့အရာရှိကြီးတွေ ထောင်ထဲရောက်တဲ့အခါ သူတို့ ထောင်ဝင်စာထဲက အခြားလူတွေကို ခွဲဖဲ့ဝေ ငှ ကျွေးရ ပေးရမှာစိုးရိမ် လို့ မမြင်ကွယ်ရာမှာ တယောက်တည်း တိတ်တိတ်လေးသွားပြီး စားနေတတ်တယ်။ ကျနော်တို့ ဆရာကတော့ ဝေဿန္တရာ လက်သစ်တဦးလို အတွယ်အတာမရှိဘဲ အတူတူစားဖို့ စီစဉ်ဖို့ကို ကျောင်းသားလေးတွေထံလွှဲပြီး တာဝန်ပေးလိုက်ပါတယ်။
အထက်တန်းကျောင်း မပြီးသေးတဲ့ ၈-တန်း၊ ၉-တန်း၊ ၁၀-တန်းအရွယ် ကျောင်းသားလူငယ် တွေကို ထောင်ထဲမှာပဲ ကိုယ့်နည်းကိုယ့်ဟန် နဲ့ ပညာသင်ပေးဖို့ ဆရာက စီစဉ် တိုက်တွန်းခဲ့တယ်။ နိုင်ငံရေးသမား ပညာတတ်တွေ၊ တက္ကသိုလ်ကျောင်းသားတွေက သူတို့ ကိုအထက်တန်း ပညာတွေ ကူညီသင်ကြားပေးတယ်။ ဒီလိုနဲ့ ထောင်ထွက်တဲ့အခါ ပညာရေးကို ဆက်လက် လိုက် စားခဲ့လို့ ၁၀-တန်းအောင်သွားတဲ့ ထောင်ထွက်လူငယ်တွေ မနည်းတော့ပါ။
ထောင်ထဲမှာ ဆရာတင်မိုးနဲ့ တွဲတဲ့လူတွေဟာ အလွှာအသီးသီးကပါ။ ဆရာက ကျောင်းသားတွေနဲ့ အများဆုံး တွဲဖြစ်တယ်။
“ ဆရာကြီးက ကျောင်းသားတွေနဲ့ တပူးတွဲတွဲနဲ့ ဘာတွေလုပ်ဖို့ ကြံစည်နေတာလဲ ဆရာရဲ့ ”
ထောင်အရာရှိကြီးတဦးက ဆရာ့ကို မေးလာတယ်။
“ ထူးထူးခြားခြား လုပ်ဖို့တော့ မရှိပါဘူး၊ ထောင်ထဲရောက်တုန်းမှာ နရသိန် မဂ္ဂဇင်းထုတ်မလားလို့ စဉ်းစားနေတာဗျ ”
ဆရာက နောက်နောက်ပြောင်ပြောင်လေး ဖြေလိုက်လို့ အဲဒီ အရာရှိကြီးက ကြောက်လန့်စွာ တောင်းပန် လာတယ်။
“ မလုပ်ပါနဲ့ ဆရာကြီးရယ်။ ကျနော်တို့တွေ အလုပ်ပြုတ်ကုန်ပါအုံးမယ် ”
ဆရာတင်မိုး ကွယ်လွန်သွားသော်လဲ ဆရာပြောပြသွားတဲ့ ဘ၀အစိတ်အပိုင်းလေးတွေက ကျနော့် ထံမှာ ရှင်သန်နေဆဲပင် ဖြစ်ပါတယ်။ ဆရာပြောသွားတဲ့ ထောင်တွင်း ဇာတ်လမ်းသည် ပင် ပြောပြ စရာများစွာအဖြစ် ရှိနေပါသေးတယ်။
ထောင်တွင်းမှာ ဆရာ့အတွက် ဖတ်စရာ သတင်းစာ၊ ဂျာနယ်၊ စာဆောင်၊ မဂ္ဂဇင်း စတာတွေ ဘာ မျှမရနိုင်ဘူး။ ဖတ်စရာလဲ မရှိ၊ ရေးစရာ စာရွက်ကလဲ နတ္ထိမို့ ပျင်းပျင်း ရှိတာနဲ့ ထောင်အခန်း နံရံဖက်ကို လှည့်ပြီး ရှေးက ထောင်ကျဖူးသူတွေ ရေးသွား တဲ့ နံရံပေါ်က စာတန်းလေးတွေကို အပျင်းပြေ ဖတ်ကြည့်လိုက်ရာ . . .
ဆေးလိပ်လည်း တို
နေလည်း ညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ . . . ။
ယခင် ထောင်ကျခဲ့သူက အိမ်ပြန်ချင်တဲ့အလွမ်းကို ဆရာ့ကဗျာနဲ့ ဖြေသိမ့်ခဲ့ပုံရတယ်။ အဲသည် လူ က ထောင်ထဲမှာ ပျင်းနေ ရှာတဲ့ဆရာ့ကို ဆရာရေးခဲ့တဲ့ ဧည့်သည်ကြီးကဗျာနဲ့ ဖြေသိမ့်သွားတယ်။ ဆရာကိုယ်တိုင် မျက်လုံးပြူးသွားရတယ်။
ဒါ့အပြင် ထောင်တွင်းက ဗေဒင်ဆရာက ဆရာတင်မိုးရဲ့ အနာဂတ်ကို နိမိတ် ဖတ်လိုက်သေးတယ်။ ဆရာ့ ကို ဗေဒင်ဟောသူ က ထောင်ကျလာတဲ့ ရဟန်းတပါးဖြစ်ပါတယ်။
“ ဆရာက ထောင်ကထွက်ပြီးတဲ့နောက်မှာ နောက်ထပ်ထောင်ကျကိန်း ရှိနေသေးတယ်။ ဒါပေမဲ့ ပူပန်စရာ သိပ်မရှိပါဘူး။ ဆရာ လက်မတင်လေး လွတ်မြောက်သွားမယ်။ ပြီးတော့ ဆရာဟာ မိသားစု နဲ့ အဝေးကြီးမှာ နေရမယ်။ ”
ဆရာတင်မိုးက ဗေဒင်ကို မယုံကြည်တတ်သူဆိုတော့ ဘာတခွန်းမျှ ၀င်မမေးဘူး၊ နားထောင် နေတယ်။
“ ဆရာ့အနေနဲ့ ဆုတံဆိပ်တွေ ရကိန်းရှိတယ်။ ပိုက်ဆံလာဘ်လာဘတွေ ၀င်မယ်။ ၀င်မယ့်ငွေက မြန်မာငွေ မဟုတ်ဘူး ဆရာ၊ နိုင်ငံခြားငွေတွေ ၀င်မှာ။ ”
ထောင်တွင်းက ဗေဒင်ဆရာက သူသိမြင်သမျှ အတိအကျ ဟောဆိုနေပေမဲ့ ဆရာကတော့ အင်းမ လုပ် အဲမလုပ်နဲ့ လက်ခံ ပုံမရဘူး။ ၀င်မယ့်ပိုက်ဆံက နိုင်ငံခြားငွေဆိုတော့ ပိုပြီးတော့ ယုံဖို့ ဝေး သွားတာပေါ့။ မြန်မာနိုင်ငံက ထွက်ခွာပြီး နိုင်ငံခြားမှာ နေဖို့ကိစ္စကို ဆရာ ဘယ်တုန်းကမှ မစဉ်းစားဖြစ်ဘူး။ မြန်မာပြည်ကို သိပ်ချစ်တဲ့ စာဆိုက၀ိ ပညာရှိကြီး မဟုတ်လား။
ဒီအကြောင်း ကျနော့်ကို ပြောပြချိန်မှာ ဒီဗေဒင်ဆရာရဲ့ ဟောပြောချက်တွေ မှန်တဲ့အကြောင်း ဆရာက ထောက်ခံပြောဆို လာတယ်။ ဟုတ်ပါတယ်၊ ဆရာက မယုံသော်လဲ ဆရာ့ဘ၀ဖြစ်စဉ် တချို့နဲ့ လုံးဝကို တိုက်ဆိုင်နေပါတယ်။
ဆရာတင်မိုးဟာ ဗေဒင်ကို မယုံသလို ဓာတ်တွေ နတ်တွေ ဥုံဖွတွေ ယတြာတွေကိုလည်း ယုံလေ့ မရှိပါဘူး။ ဆရာ ထောင် ကျချိန်မှာ ရန်ကုန်မြို့ပေါ်က နာမည်ကြီးဘုရားတွေရဲ့ ဂေါပက တချို့ငွေစားမှုနဲ့ ထောင်ထဲမှာ ရောက်နေတယ်။ စိတ်ဝင်စားစရာ ဘုရားလူကြီးများအကြောင်းကို အကြောင်းသိ ထောင်ကျနေသူများပြောလို့ ဆရာလည်း သိခဲ့ရတယ်။
ထောင်ထဲမှာ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေ ဘုရားဝတ်ပြုဖို့ အခွင့်ပေးတယ်။ ဘုရားနဲ့ ဘာနဲ့ သီးသန့် လုပ်ပေးထားတယ်။ ဘုရား ၀တ်ပြုမလားလို့ ဆရာတင်မိုး တယောက် အနားကို သွားကြည့်တယ်။ ဆီမန်း မန်းလိုက်၊ အဓိဌာန်ဝင်လိုက်၊ ယတြာချေလိုက် နဲ့ ဗျာများနေတဲ့ ဘုရားလူကြီးတွေနဲ့ ပြည့် နေတာမို့ နောက်ကြောင်း ပြန်လှည့်ခဲ့တယ် ပြောတယ်။
ဆရာက ခုတုံးလုပ်တာဆို ဘာကိုမှမကြိုက်ဘူး။ ကုသိုလ်ရချင်ရင် ရိုးရိုးလေး ကုသိုလ်ရအောင်လုပ်၊ တခုခုကို မျှော်ကိုးလို့ ကုသိုလ်ပြုတာမျိုး ကို ဆရာ လက်မခံဘူး။ ကိုယ်ထောင်ကလွတ်ချင်လို့ ဘုရားကြည်ညိုတာမျိုး၊ ဘုရားကို ခုတုံးလုပ်တာမျိုး တွေ့ရင် ဆရာက ဝေးဝေးကရှောင်တယ်။ အခုလည်း ဘုရားလူကြီး တွေ ဘုရားရှေ့မှာ အဖြစ်သည်းပြနေတာကို အမြင်ကပ် ပုံရတယ်။ ဆရာနဲ့ သက်တူ ရွယ်တူလောက် လူကြီးတွေပဲ။ အဝေးမှာပဲ ဆရာ နေလိုက်တော့တယ်။
မကြာပါဘူး၊ လွတ်ရက်မှာ မလွတ်တဲ့အတွက် ဘုရားလူကြီးတွေ ဘုရားကို ဒေါကန်၊ ရန်တွေ့ နေကြ တယ်။ ဒီလောက် ဘုရား တရား နေ့စဉ်မှန်မှန် လုပ်တာတောင် ထောင်ကမလွတ်ရ ကောင်း လား ပေါ့လေ။ စိပ်နေတဲ့ ပုတီးတွေလွှင့်ပစ်၊ ထိုင်ငိုသူကငို နဲ့ သူတို့အားထုတ်ထားတဲ့ တရားတွေ ဘယ် ဆီ ပျောက်ကုန်တယ် မသိဘူးတဲ့။
“ ရန်ဖြစ်လို့ ဆရာရေ . . . မနည်းကို ဆွဲလိုက်ရတယ် ”
ထောင်ကျ တပည့်တဦးက ဆရာ့ကို ပြောလာလို့ ဆရာက ပြန်မေးလိုက်တယ်။
“ ဘယ်သူတွေ ရန်ဖြစ်တာလဲဗျ ”
“ မပြောချင်ပါဘူးဆရာရယ်၊ ဘုရားလူကြီးတွေပေါ့ဗျာ၊ အဘိဓမ္မာ ဆွေးနွေးရင်း ထ ရန်ဖြစ်ကြတာ ဆရာ”
ဆရာ ထောင်ကျစဉ်က ရဟန်းတော်တွေလဲ ထောင်ထဲမှာ ရှိနေတယ်။ ဆရာတင်မိုးက ထောင်ကျ ရဟန်းတွေကို အလွန်အ မင်း ကြည်ညိုတယ်။ ကောင်းကောင်းမွန်မွန် နေလို့ရပေမဲ့ ဒကာ၊ ဒကာမ တွေအတွက် အနစ်နာခံလို့တဲ့။ ငယ်စဉ်က ပါဠိစာ ပေကို ရွာကျောင်းမှာ သင်ယူခဲ့သူဆိုတော့ ရဟန်းသံဃာတော်များနဲ့ ဆုံတဲ့အခါ စာပေ၀ိုင်းဖြစ်ပြီး အဖွဲ့ကျသွားလေ့ရှိတယ်။
မဂ္ဂင်ကျောင်းဆရာတော်၊ မေဒိနီဆရာတော်တို့တွေလဲ ဆရာတင်မိုးနဲ့အတူ ထောင်ထဲမှာ ရှိနေတယ်။ ဆရာက စာသိပ်တော်တဲ့ မေဒိနီဆရာတော်နဲ့ သိပ်ရင်းနှီးတယ်။ မေဒိနီ ဆရာတော် ကြီးကလည်း ဦးတင်မိုးကို အထူးဂရုစိုက်တယ်။ ဆရာတင်မိုးကို ရေချိုးပေးဖို့နဲ့ ထမင်း ကို ဂရုတ စိုက် ကျွေးဖို့ လူငယ်လေးတွေ ကို ဆရာတော်က နှိုးဆော် တိုက်တွန်းပေးတတ်တယ်။
“ မြတ်ဘုရားနဲ့ တရားသံဃာ၊ တဂိုဏ်းထားတဲ့၊ အာစရိယ ဆရာ ”
“ ကဲ ကဲ ကဲ ဘုန်းပေးလိုက်ဦးမယ် ”
ဒီအသံက စစ်တုရင် ကစားတဲ့ နေရာက ထွက်လာတဲ့အသံ ဖြစ်ပါတယ်။ ဆရာတင်မိုးက အနားမှာ ထိုင်ကြည့်နေတယ်။ မေဒိနီ ဆရာတော် က ကစားနေရင်း နဲ့ အကောင်လေး တကောင်ကို စား တော့မယ်ဆိုရင် လင်္ကာလေးတပုဒ်ကို အမြဲဆိုပြီး သူ့ကို စစ်တုရင် သင်ပေးတဲ့ဆရာ ကို ဂါရ၀ပြု တယ်။ ဘုန်းပေးတဲ့ ရဟန်းတော်များ အသုံးအနှုံးကို စားတဲ့နေရာမှာ သုံးပါတယ်။
ဆရာတော်က ကျားဘငြိမ်းထံမှာ ကျားနဲ့ စစ်တုရင်ပညာတွေ လက်ထပ်သင်ခဲ့တယ်။ ဆရာတော်ရဲ့ စစ်တုရင် ပညာ ဘယ် လောက်တော်သလဲဆို မြန်မာ့ချန်ပီယံအဆင့်လောက်နဲ့ စစ်တုရင်ကစားမှ လက်ညီတယ် လို့ ဆရာတင်မိုးပြောတယ်။
“ လူကြီးမင်း စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ကြီးဟာ မကြာခင် ဒင်းဗားလေဆိပ်ကို ဆိုက်ရောက် ပါတော့မယ် . . . ”
လေယာဉ်မယ်ရဲ့ ကြေညာသံ ထွက်ပေါ်လာတယ်။ မကြာမီ လေယာဉ်ပျံကြီးဟာ တကျွီကျွီနဲ့ ပြေး လမ်းပေါ်မှာ ပြေးလွှားနေ ပါပြီ။ တလမ်းလုံး ကျနော့်စိတ်ထဲ ရစ်ဝဲနေသော ဆရာ တင်မိုးနဲ့ ပတ်သက်တဲ့ အတွေးစတို့ ရပ်တန့်သွားတယ်။
အဆီအငေါ်မတည့် ပေါ်လာတတ်တဲ့ ဆရာတင်မိုး အကြောင်းတွေက များစွာပါပဲ။ ဆရာ ကလည်း ဗဟုသုတ ဟင်းလေးအိုး ကြီးဆိုတော့ စပ်မိလာတဲ့ကိစ္စတိုင်းမှာ အကြောင်းအရာက မရှားဘူး၊ ဆရာ ပြောပြလေ့ရှိတော့ တော်တော်များများကို မှတ် မိနေပါတယ်။ တချို့ဆို ဆရာ့ကို Google ကြီးလို့တောင် တင်စားလိုက်သေးတယ်။
ဆရာ မြတ်နိုးတဲ့ ပုထိုးစေတီနဲ့ မြန်မာပြည်ကိုလည်းကောင်း
ဆရာ လွမ်းတဲ့ အညာလမ်းနဲ့ တမာတန်းကိုလည်းကောင်း
ဆရာ ချစ်အပ်တဲ့ မြင့်မြတ်တဲ့အမွေ စာပေကိုလည်းကောင်း
ဆရာ ကျင့်အပ်တဲ့ အကျင့်မြတ်သိက္ခာ ဘာဝနာကိုလည်းကောင်း
ဆရာ ရပ်တည်တဲ့ တိုင်းပြည်ရဲ့ပါတီ ဒီမိုကရေစီကိုလည်းကောင်း
သမိုင်းကြောင်းတကွေ့မှာ မမေ့နိုင်စရာ ဘ၀မှတ်တမ်းတွေပါ ဆရာ . . . ။
တက္ကသိုလ်၊ ကော်ဖီ်၊ လဘက်ရည်ဆိုင်နဲ့ လေဆိပ်၊ သည်နေရာဟောင်းတွေ ရောက်တိုင်း လွယ် အိတ်တလုံးနဲ့ ဆရာ့ပုံရိပ် တွေ ထင်နေဆဲပါ ဆရာ။ ဆရာနဲ့ပတ်သက်တဲ့ လွမ်းတေးတွေ သီလို့ မဆုံးနိုင်သေးပါ ဆရာ။
မြန်မာပြည်နဲ့ မြန်မာစာပေကို အလွန်ချစ်မြတ်နိုးတဲ့ ဆရာရေ . . . စိတ်ချစွာနဲ့ ကောင်းမြတ်တဲ့ ဘ၀သစ် တခုဆီ ခရီးဆက်ပါ ဆရာ။ ဆရာ ခေါင်းချချင်တဲ့ မြန်မာပြည် မှာ ဒီမိုကရေစီ ရပြီးရင် ဆရာ့ အရိုးပြာကို သယ်ဆောင်သွားမှာပါ ဆရာရယ် . . . ။
ကိုသက် 
 ဒီဆောင်းပါးလေးက ၂၀၀၈ခုနှစ် ဆရာတင်မိုး ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကိုသက်ကရေးခဲ့တာပါ။ အမှတ်တရလေး ပြန်တင်ပေးလိုက်ပါတယ်။
ဧည့်သည်ကြီး “ တင်မိုး ”
u tin moe
“ဧည့်သည်ကြီး”
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။
ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။
၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသားကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်း အရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီးနေကြတယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။
ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ နေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။
ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူကမန္တလေး ဥယျာဉ်တန်း မှာနေတယ်။ ကြည်အောင်က အင်းဝနဲ့မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း)နေတယ်။
ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။
တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက် ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။ ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။
ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ်တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့ နှစ်ယောက်ကို ငေးကြည့်နေသလိုလို။
ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။ ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။
အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။
ဆေးလိပ်လည်းတို
နေလည်းညိပြီ
ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့
ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။
ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။
“ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က …
“ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။
မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။
“ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။
ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။
ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။
“ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။
“လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူက ဖွင့်တယ်။ ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။
“ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။
ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲ မနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦးဝင်းတင်က မြင်တယ်။
ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။ 
တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ)  
၂၇၊ ၇၊ ၂၀၀၀
ဂေါတမေ၇ မပြန်လေနဲ့ အောင်ခြင်းကိုးပါး “ဒေါက်တာ သန်းထွန်း”
Photobucket
 အ, ပါပေ့ တင်မိုးရယ်
ကျောက်ဆင်းတု ကိုယ်တော်ကို
ဒီက အကျိုးအကြောင်း
ကုန်စင်အောင် လျှောက်ထားပြီးမှ
မပြန်လေနဲ့လို့
မင်းတားလို့ ရမတဲ့လား ..။
ရှင်တော်ဘုရားက
အယုတ်ဆုံး အရိုင်းဆုံးဆိုရင်
ချက်ခြင်းတွေ့၊ ရအောင်ချွတ်
အောင်ခြင်းကိုးပါး လာမယ်လေ
မင်းမမီမှာ ငါစိုးတယ် .. ။
ဒေါက်တာ သန်းထွန်း
Gotama, Please stay away
The Ninth Triumph
Why, Tin Moe…? You Stupid!
You Told the stone Buddha
The atrocities, calamities here
In all detail and warm him
To stay away; on the contrary
The way of the Buddha is
Meet the wild and tame it Obviously the Ninth Triumph
Will be here and I’m afraid
You would miss it
Dr. Than Tun
ငါကဗျာဆရာမဟုတ်ဘူး …။ တင်မိုးကဗျာဖတ်ပြီး ရေးချင်လွန်းလို့ ရေးတယ်။
သန်းထွန်း
( မြန်မာနိုင်ငံသမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်းက လူထုကဗျာဆရာကြီး တင်မိုး အမေရိကန်နိုင်ငံကနေ ရေးသားထုတ်ဝေလိုက်တဲ့  “ ဗုဒ္ဓနဲ့တွေ့ဆုံခြင်း ” ကဗျာကို ဖတ်ရှုပြီး ရေးသားလိုက်တာပါ။ ဆရာတင်မိုးရဲ့ “ ဗုဒ္ဓနဲ့ တွေ့ဆုံခြင်း” ကဗျာနှင့် ဆရာဒေါက်တာ သန်းထွန်းတို့ရဲ့ ကဗျာလေးကို ဆရာကြီး ၄နှစ်ပြည့် ကွယ်လွန်ခြင်း အထိမ်းအမှတ် အမှတ်တရအဖြစ်ဖော်ပြပေးလိုက်ပါတယ်။
ရွှေမော်ကွန်းမဂ္ဂဇင်း
၂၀၀၃၊ မတ်လ၊ အမှတ် ၃၇
Twitter Delicious Facebook Digg Stumbleupon Favorites More