အိမ်သို့ဖိတ်ခေါ်ခြင်း “ တင်မိုး ”

Photobucket

ကျွန်တော့်အိမ်က
အမြဲ တံခါးဖွင့်ထားတဲ့ အိမ်ပါ။
ကိုယ်ပိုင် မကောင်းမှုတွေ ဖုံးကွယ်ဖို့
တံတိုင်းခတ်စရာ မလိုပါ ။

မသင်္ကာတဲ့ မျက်လုံးနဲ့
ကောက်ကျစ်စဉ်းလဲ ဥာဏ်သုံးပြီး
ခြေပုန်းခုတ်တဲ့နေရာ မဟုတ်ပါ။

ခင်ဗျားလာလာ၊ ဘယ်သူလာလာ
ပျုငှာယဉ်ကျေး
လူသာမန်သွေးတို့ရဲ့ ဓလေ့အတိုင်း
လူကိုချစ်ခင်
အပြစ်မတင်တတ်တဲ့ နှလုံးသားနဲ့ပါ ။

အချင်းချင်း ဈေးကွက် တွက်
ပွေးကွက်ကို ဖုံးကွယ်
ဟန်ဆောင်ပြုံးနဲ့ ပြုံးရယ်တဲ့နေရာ မဟုတ်ပါ ။

စင်ကြယ်သန့်ရှင်း
အပြစ်ကင်းပြီး
ဟင်းလင်းဖွင့်ထားတဲ့ အိမ်ကလေးပါ

ကြွပါ လာပါ၊ နားခိုပါ
လူစိတ်မွေး လူယဉ်ကျေးတို့ရဲ့ နေရာ ။    ။

တင်မိုး
၇၊၄၊၉၉
ရွှေမော်ကွန်း အမှတ်(၂၉)
၁၉၉၉ နိုဝင်ဘာလထုတ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More