This is default featured post 1 title

Shwemawkunn Magazine's

This is default featured post 2 title

ရွှေမော်ကွန်း လိုဂိုဒီဇိုင်းကို ကဗျာဆရာ ကိုသက်က မေတ္တာဖြင့် ရေးဆွဲပေးပို့လာတာပါ။

This is default featured post 3 title

blank

This is default featured post 4 title

blank

This is default featured post 5 title

blank

နိုင်ငံခြားသားတွေ မိမိနေရပ်တိုင်းပြည်သို့ ပြန်သူများပြားနေဆဲနှင့် အလုပ်ပြသနာ

Photobucket

ဓာတ်ပုံ ချိဘားခရိုင်အတွင်းရှိ နရိတာလေဆိပ်တွင် နေရပ်တိုင်းပြည်သို့ ပြန်မည့် နိုင်ငံခြားသားများ 


   ဂျပန်မှာ မတ်လ ၁၁ရက်နေ့က လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအား ၉ အဆင့်ရှိတဲ့ ငလျှင်နှင့် ဆူနာမီငလျှင်တွေရဲ့ နောက်ဆက်တွဲ ဖူကူရှိမားဒေသမှာရှိနေတဲ့ ဖူကူရှိမား ဒိုင်းအိချိ နျူဓာတ်ပေါင်းဖို ပေါက်ကွဲနိုင်မယ့် အန္တရယ် တွေကြောင့် နိုင်ငံခြားသား တော်တော်များများ မိမိတိုင်းပြည်ကို အစောတလျှင် ပြန်နေကြပါသည်။ ယခုသတင်းရေးနေချိန် နျူပေါက်ကွဲနိုင်မယ့် အခြေအနေဆိုး မရှိနိုင်တော့ပေမယ့်  ရေဒီယိုသတ္တူကြွ ပစ္စည်းအမှုန်အမွှားတွေရဲ့ အန္တရယ်ကြောင့် စိုးရိမ်မူလွန်ကဲပြီး သက်ဆိုင်ရာ သံရုံးတွေ၊ နိုင်ငံခြားလူဝင်မူကြီးကြပ်ရေးရုံးတွေနဲ့ လေဆိပ်တွေမှာ တိုးမပေါက်အောင် စည်ကားနေခဲ့ စည်ကားနေဆဲဖြစ်ပြီး၊ တရုတ်လူမျိုးတွေက အများဆုံးဖြစ်နေပါသည်။

      ရေဒီယိုဓာတ်သတ္တူကြွပစ္စည်းတွေ ပုံမှန်ထက်ပိုမိုတွေ့ရှိစစ်ဆေးချက်တွေ ရှိနေပေမယ့်၊ ဖူကုရှိမားနှင့် ဝေးကွာသည့် ဒေသများမှာ နေထိုင်သူတွေအတွက် စိုးရိမ်ရတဲ့ အဆင့်ကိုမရောက်ရှိနိုင်သော်လည်း အစိုးရိမ်လွန်ကဲ ပြန်သူတွေရှိသလို ငလျှင်၊ ဆူနာမီနဲ့ နျူပြသနာတွေရဲ့ဂယက်ကြောင့် အများအားဖြင့် စားသောက်ဆိုင်တွေနဲ့ တစ်ချို့ဟိုတယ်နှင့် တစ်ခြားအသေးစားလုပ်ငန်းလေးတွေ  ပိတ်ထားလိုက်ရတဲ့အတွက် ကျောင်းသူ၊ကျောင်းသားများ၊ မြန်မာအပါအ၀င် နိုင်ငံခြားသားတွေ တော်တော်များများဟာ စားသောက်ဆိုင်နှင့် အထက်မှာဖော်ပြတဲ့ လုပ်ငန်းတွေမှာ အချိန်ပိုင်းအလုပ်သမားတွေအဖြစ် လုပ်ဆောင်နေကြသူများ ဖြစ်တဲ့အတွက် မိမိတို့လုပ်ဆောင်နေတဲ့ အလုပ်တွေက ရပ်နားခံလိုက်ရသူတွေလည်း များပြားလှပြီး လတ်တလော အလုပ်သစ်ရှာရန်ခဲခက်ခြင်း၊ အလုပ်မရှိဘဲ ဂျပန်မှာ ရပ်တည်နေထိုင်ရန် ခဲခက်ခြင်းတွေကြောင့် ပြည်တော်ပြန်ကြသူတွေ အများအပြား ရှိနေတာကို လည်း တွေ့မြင်သိရှိရပါသည်။ 

     ယနေ့ဂျပန်ရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နောက်ပိုင်း နိုင်ငံခြားသား အလုပ်သမားတွေအတွက် အလုပ်ပိုမိုရှားပါးသည်ထက် ရှားပါးလာနိုင်မည်ဖြစ်ကြောင်း ထင်မြင်ယူဆရပါသည်။ 

ဆူနာမီကျော်

ဂျပန်နို့ထွက်ပစ္စည်းနှင့် ဟင်းရွက်များတွင် ရေဒီယိုသတ္တိကြွဓာတ်များ ပါဝင်နေမူနှင့် ဆက်စပ်သတင်းများ

Photobucket

ဖူကုရှိမားရှိ နျူဓာတ်ပေါင်းဖို ပေါက်ကွဲပြီး နောက်မှာ ဂျပန်အစိုးရမှ ကီလို ၃၀ ထိကို အန္တရယ်ဇုံအဖြစ် သတ်မှတ်ထားပြီး၊ စားကုန်သောက်ကုန်အားလုံးကို ဓာတ် ရောင်ခြည်သင့်မသင့်ဆိုတာကို စစ်ဆေးမှုများလုပ်ဆောင်နေလျှက်ရှိရာ  အန္တရယ်ဇုံအဖြစ်သတ်မှတ်ထားသည့် ဖူကုရှိမားမှ နို့ထွက်ပစ္စည်းများတွင် ရေဒီယိုသတ္တိကြွဓာတ်များ ပုံမှန်ထက် ပိုမိုပါဝင်နေကြောင်းတွေ့ရှိရသလို ကီလို ၃၀ ပတ်ဝန်းကျင်တွင် ရှိနေသည့် အိဘရခီ ခရိုင်ဒေသမှာ Hoorensoo( ဂျပန်ဟင်းနုနယ်ရွက်) များတွင်လည်း ရေဒီယိုသတ္တိကြွဓာတ်များ ပုံမှန်ထက် ပိုမိုပါဝင်နေကြောင်းတွေ့ရှိ စစ်ဆေးရကြောင်းကို အစိုးရ ထိပ်တန်း အရာရှိတစ်ဦးဖြစ်သည့် ယူကီယိုအီဒင်နို က တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပြီး၊ လက်ရှိ စစ်ဆေးစမ်းသပ်တွေ့ရှိရသည့် ရေဒီယိုသတ္တိကြွဓာတ် ပါဝင်မှုနှုန်းထားမှာ အလွန်အမင်း မြင့်မားသည်ဟု မဆိုနိုင်သေးကြောင်းနှင့် လူတစ်ဦးအနေဖြင့် ထိုကဲ့သို့ အစားအစာများကို တစ်နှစ်ကြာ စားသောက်ခဲ့ခြင်းမှာ ခန္ဓာကိုယ်တစ်ခုလုံးကို CT Scan တစ်ကြိမ်ရိုက်သည်နှင့် အတူတူပင်ဖြစ်ကြောင်း ထိပ်တန်းအရာရှိမှ ဆက်လက်ပြောကြားသွားခဲ့သည်။ 

 ကီလို ၃၀ အကွာအဝေးမှာရှိသည့် အီဘရခီခရိုင်ဒေသမှ လူအယောက် ၃၀၀ အား နျူဓာတ်ရောင်ခြည်သင့်မသင့်ကို စစ်ဆေးနေပြီဖြစ်ပြီး၊ ဖူကူရှီးမားခရိုင်မှာ လူ တသောင်းကို နျူဓာတ်ရောင်ခြည်သင့်မသင့်ဆိုတာ စစ်ဆေးမှုတွေကို စတင်လုပ်နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။


နျူဓာတ်ပေါင်းဖိုအအေးပေးကန်များကို လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးအတွက် ကြိုးစားနေ

ဖူကုရှီးမားရှိ နျူဓာတ်ပေါင်းဖို အမှတ် ၂ အား လျှပ်စစ်ဝါယာကြိုးများကို သွယ်တန်းပြီးစီးပြီဖြစ်ကြောင်း ၊ Tokyo Electric Power ကုမ္ပဏီက ပြောကြားသည်။ စက်ရုံဝန်ထမ်းများမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဓာတ်ပေါင်းဖိုများတွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနိုင်ရန် အပူတပြင်း ကြိုးပမ်းနေကြပြီး။ နျူကလီးယား ဓာတ်ပေါင်းဖိုများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မူမူကြောင့် အအေးပေးစက်များ လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ အအေးခံ ရေကန်အတွင်းရှိရေများ အပူရှိန်ကြောင့် လျှော့နည်း ခြောက်ခမ်း သွားခဲ့ပြီး အပူချိန်မြင့်တက်ကာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပေါင်းဖို အမှတ် ၂ တွင် လျှပ်စစ်ဓာတ်အား စနစ်သစ်တစ်ခုအား လျှပ်စစ်ကြိုး သွယ်တန်းပြီး အအေးပေးစနစ်ကို စတင်လည်ပတ်နိုင်အောင်ကြိုးစားသွားမည်ဖြစ်ပြီး Tokyo Electric Power ကုမ္ပဏီမှ နျူကလီးယား ဓာတ်ပေါင်းဖို အမှတ် ၁၊ ၂၊ ၅နှင့် ၆တို့၏ အအေးပေးစနစ်များကိုပါ ပြန်လည်လည်ပတ်သွားနိုင်အောင် ကြိုးပမ်းသွားမည်ဟု မတ်လ ၁၉ ရက်နေ့က ဂျပန်သတင်းများတွင် ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ဒုက္ခသည်တွေကို စတင်ပြောင်းရွှေ့နေပြီ

ငလျှင်နှင့် ဆူနာမီဒဏ်သင့်ပြီး ငလျှင်ဘေးပုန်းခိုသည့် အဆောက်အဦးများတွင်ရှိနေသည့် ဖူကုရှိမားခရိုင်ဒေသအတွင်းရှိ ဒုက္ခသည်များမှာ၊ လျှပ်စစ်၊ ဂတ်စ်နှင့် ရေကောင်းရေသန့် လုံလောက်စွာမရရှိခြင်း၊ ရာသီဥတုအေးသည့် ဒဏ်ခံစားရမူများကြောင့် ဖျားနာသူများ များပြားလျှက်ရှိပြီး သက်ကြီးရွယ်အို ၈ဦး သေဆုံးသွားခဲ့ရသည်။ နျူဓာတ်ပေါင်းဖို ပေါက်ကွဲသည့် အန္တရယ်ဇုံနှင့် နီးစပ်သည့် ဒုက္ခသည်များကို အပူတပြင်း ပြောင်းရွှေ့ပေးလျှက်ရှိပြီး တစ်ချို့မှာ တိုကျိုနှင့် မဝေးလှသည့် ဆိုက်တမ ခရိုင်ဒေသရှိ ချုးအုဂု အရပ်သို့ ဘစ်စကားများဖြင့် ပြောင်းရွှေ့ခေါ်ဆောင်လာကြပြီ ဖြစ်သည်။
ဂျပန်အစိုးရက ဖူကူရှီးမားစက်ရုံ၏ နျူကလီးယား ဓာတ်ပေါင်းဖိုမှ ထွက်ပေါ်လာသည့် ရေဒီယိုသတ္တကြွမှုများကြောင့် ပြည်သူအချို့ သေဆုံးနိုင်သည်ဟု ဝန်ခံလိုက်ပြီးနောက် ဖူကူရှီးမားစက်ရုံကို ပိုင်ဆိုင်သည့် Tokyo Electric Power ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူမှာ ဝမ်းနည်စွားငိုကြွေးခဲ့သည်။
ဝမ်းနည်းငိုကြွေးနေသည့် Tokyo Electric Power ကုမ္ပဏီအကြီးအကဲ

နျူကလီးယား အန္တရာယ်ကျရောက်မှုကို အဆင့် ၇ ဆင့်ဖြင့် သတ်မှတ်ထားပြီး သမိုင်းတွင် အဆိုးဆုံး နျူကလီးယား စိမ့်ထွက်မူ ကို ၁၉၈၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ယူကရိန်းနိုင်ငံမှ ချာနိုဘိုင်းကို အဆိုးရွားဆုံးအဆင့် ၇ အဖြစ် သတ်မှတ်ခဲ့သည်။ လက်ရှိ နျူပေါက်ကွဲမှူအခြေအနေမှာ အဆင့် ၅ အထိရှိနေပြီး ဂျပန်ကာကွယ်ရေးတပ်၊ မီးသတ်နှင့် ရဲတပ်ဖွဲ့ဝင်များက နျူအမှတ် ၃နှင့် အမှတ် ၄တို့အတွင်းရှိ အအေးပေးရေလှောင်ကန်အတွင်းရှိ ရေများ ခမ်းခြောက်လျှော့နည်းသွားမူကို ကာကွယ်ရန် ၇ နာရီကြာ တစ်ခါ ပေါက်ကွဲနေသည့် အပေါ်ဘက်အပေါက်မှနေ၍ တိုကျိုမီးသတ် သတ်ဖွဲ့မှ မီးသတ်ကားအပါအ၀င် အလိုအလျှောက် ရေပက်ဖြန့်ပေးနိုင်သည့် စက်များကိုအသုံးပြု၍ ပင်လယ်ရေဖြင့် ပက်ဖြန်းပေးလျှက်ရှိပြီး ၇နာရီကြာ ရေပက်ဖြန်းမူမှာ အအေးခံ ပေါင်းအိုးကန်အတွင်းရှိ ရေပမာဏနှင့် ညီမျှသည့် ရေ ၁၂၆၀တန် ညီမျှသည်။ ကန်အတွင်း ရေပက်ဖြန်းမူကြောင့် ရေပမဏာ မည်မျှ ၀င်ရောက်သည်ကိုတော့ ခန့်မှန်း ပြောဆိုလို့ မရနိုင်ပါ။ တိုကျိုမီးသတ်မှ လက်ရှိ အဆင့်မြင့် အကောင်းဆုံး မီးသတ်ကားအစီး ၄၀ နျူဓာတ်ပေါင်းဖိုပေါက်ကွဲသည့် ဖူကူရှိမားသို့ စေလွတ်ထားရှိပြီဖြစ်ကြောင်းလည်း သိရှိရသည်။

နျူ ပေါက်ကွဲမှူကြောင့် ရေဒီယိုသတ္တိကြွ ပစ္စည်းများ လေထုထဲပျံနှံ့ရောက်ရှိ

ဂျပန်အစိုးရနဲ့ မီဒီယာတွေကတော့ ဖူကုရှိမားနျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲပြီး ရေဒီယိုသတ္တိကြွပစ္စည်းများ လေထုထဲပျံနှံနေမှုကို ဖုံးကွဲထားဆဲရှိပြီး ကီလို ၃၀အတွင်းလောက်ဘဲ ပျံနှံနိုင်တာမို့ အဲဒီနေရာဒေသတွေထိဘဲ အန္တရယ်ဇုံအဖြစ် သတ်မှတ်ထားပြီး တစ်ခြားနေရာတွေကို ရောက်ရှိလည်း ဘာမှမဖြစ်နိုင်လို့ ကြော်ငြာပေးနေသော်လည်း၊ ယခု အိဘရခီခရိုင်မှာ ကီလို ၃၀တွင်ရှိနြေ့ပီး Hoorensoo( ဂျပန်ဟင်းနုနယ်ရွက်)များတွင် ရေဒီယိုသတ္တိကြွဓာတ်များ ပုံမှန်ထက် ပိုမိုပါဝင်နေကြောင်းတွေ့ရှိ စစ်ဆေးရခဲ့သည်။ ဖူကုရှိမားနှင့် ဝေးကွာသည်ဆိုသည့် တိုကျိုမှာပင် ပုံမှန်ရှိသင့်သည်ထက် ရေဒီယိုသတ္တိကြွဓာတ်များ အနည်းငယ်ပိုနေသည်ကို တွေ့ရှိရပြီး ၄င်း ဓာတ်ရောင်ခြည်သင့်မူကိုခံစားရသူများမှာ လတ်တလောဘာမှမဖြစ်နိုင်သော်လည်း နှစ်ကာလကြာမြင့်မှ အဆုတ်ကင်ဆာရောဂါနှင့် သွေးကင်ဆာ အပါအ၀င် တစ်ခြားရောဂါများ ဖြစ်ပွားနိုင်မှုနှုန်း ပုံမှန်လူထက် ဖြစ်ပွားမူ ပိုမြန်ဆန်နိုင်ပါသည်။

နိုင်ငံတကာ နျူကလီးယား တိုင်းတာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ နျူကလီးယားအန္တရာယ် ကျရောက်မှု အဆင့် ၅ မှာ နျူကလီးယားဓာတ်ပေါင်းဖို၏ အဓိကလောင်စာခန်းများ ဆိုးရွားစွာပျက်စီးပြီး ရေဒီယိုသတ္တိကြွပစ္စည်းများ လွှင့်ထုတ်မှုဖြစ်ပေါ်ကာ ရေဒီယိုသတ္တိကြွမှုကြောင့် သေဆုံးမှုအချို့ ဖြစ်ပေါ်နိုင်ကြောင်းကို ပြောဆိုထားပြီး။  
WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့) က ပြောရေးဆိုခွင့် ရှိသူ ဂရက်ဂိုရီ ဟတ်တ် က တော့ ယခု သောကြာနေ့ အကုန်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ဖူကူရှီးမားက အနုမြူ ယိုစိမ့်မှုဟာ အပြင်ဖက်မှာ ရှိနေတဲ့ လေထု အဆိပ်သင့်မှုဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အဆင့် ရောက်နေပြီဆိုတဲ့ အကြောင်း တရားဝင် ထုတ်ပြန်ကြေငြာ သွားပါတယ်။ ရေဒီယိုသတ္တိကြွအမှုန်အမွှားများဟာ အမေရိကန်တို့ပျံနှံရောက်ရှိသွားပြီဖြစ်ပြီ့း  ဥရောပနိုင်ငံအချို့ကိုပါ မကြာမှီကူးစက်ပျံနှံဖွယ်ရှိကြောင်းကိုလည်း နိုင်ငံခြားသတင်းဌာနတွေရဲ့ သတင်းထုတ်ပြန်မူတွေမှာ ဖော်ပြထားရှိပါသည်။

ဘယ်လိုကာကွယ်မလည်း

ဂျပန်မှာ ရောက်ရှိနေထိုင်နေတဲ့ မြန်မာလူမျိုးတွေအတွက် အပြင်ထွက်ရင် နှာခေါင်းစီးကိုတတ်ဆင်ထားကြဖို့၊ အသီးအရွက်နှင့် အစားအသောက်တွေကို အစိမ်းစားသောက်ခြင်းမှ ရှောင်ကျဉ်ပြီး အစားအသောက်များကို ရေစင်စင်ဆေးပြီး မီးပြင်းပြင်းနှင့် ချက်ပြုတ်စားစောက်ကြဖို့ လိုအပ်ပြီး၊ မလိုအပ်ဘဲ အပြင်ထွက်ခြင်းမှ ရှောင်ရှားကြမယ်၊ နောက်နေ့တွေမှာ မိုးရွာနိုင်တဲ့ အခြေအနေရှိတာမို့ မိုးရေမစိုစွတ်မိအောင် ထီးနှင့် မိုးကာတွေကို ဆောင်ထားပြီး လုံခြုံအောင်ဆောင်းကြဖို့ လိုအပ်ပါသည်။ ကလေးငယ်များကိုပါ နှာခေါင်းစီးပိတ်စတွေ တတ်ဆင်ပေးထားခြင်းဖြင့် ကာကွယ်မူကိုရယူထားခြင်းဟာ အကောင်းဆုံး ဖြစ်ပါသည်။ အိုင်အိုဒင်းဓာတ်ဆားစားသုံးပေးပါ။
တရုတ်ပြည် ဂင်စုပြည်နယ် လင်န်ဇောင်းမြို့ ကုန်တိုက် တခုမှာ ယမန်နေ့က အိုင်အိုဒင်းဆား အလုအယက် ဝယ်ယူနေကြပုံ
ဂျပန်အစိုးရနဲ့ ဂျပန်မီဒီယာတွေ သတင်းအမှန်ထုတ်ပြန်ရဲ့လား ?
ဂျပန်အစိုးရနဲ့ မီဒီယာတွေကသတင်းတွေထုတ်ပြန်ရာမှာ လက်ရှိအဖြစ်အပျက်အခြေအနေတွေနဲ့ ပတ်သက်လို့ အမှန်အတိုင်းအရှိအတိုင်း ထုတ်ပြန်ပေးရဲ့လားလို့ သံသယဖြစ်စရာ တွေ ရှိကောင်းတွေ့ကောင်း တွေ့နိုင်မှာတော့ အမှန်ပါဘဲ။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ တီဗွီသတင်းတွေကနေ အဆက်မပြတ်ထုတ်လွှင့်ပေးနေပြီး နျူပေါက်ကွဲမူကို အမြန်ဆုံး ကြိုးစားလုပ်ဆောင်နေတာတွေကို တွေ့မြင်ရမှာဖြစ်သလို၊ ကယ်ဆယ်ရေးနဲ့ ပက်သက်လို့ အပူတပြင်းလုပ်ဆောင်နေမူတွေကိုပါ တွေ့မြင်ခံစားရမှာပါ။ မီဒီယာသတင်းတွေမှာ ဖော်ပြနေပေမယ့် အထိတ်တလန့်ဖြစ်စေမယ့် သတင်းကြော်ငြာမူမျိုးကို ရှောင်ကျဉ်နေတာဟာ ငလျှင်ဒဏ်နှင့် ဆူနာမီဒဏ်ကို အလူးအလှဲခံစားပြီး ဒုက္ခပင်လယ်ဝေနေသည့် ဂျပန်ပြည်သူများ အထိတ်တလန့်ဖြစ်မည်ကိုစိုးရိမ်ခြင်း၊ အထိတ်တလန့်ဖြစ်ပြီး သွေးလန့်ခြောက်ခြားပြီး မလိုလားအပ်သည့် ပြသနာများဖြစ်ပွားလာနိုင်ခြင်း၊ နိုင်ငံတကာ၏ ပြောဆိုဝေဖန်မှုများနှင့် အပြစ်တင်ခံရနိုင်ခြင်းတို့ကြောင့် သတင်းတွေထုတ်ပြန်ပေးနေပြီး နျူပေါက်ကွဲမှူကို အပူတပြင်းကြိုးစားလုပ်ဆောင်ပေးနေသော်လည်း နောက်ဆုံးအခြေအနေထိ သတင်းတွေကို အထိတ်တလန့်ဖြစ်စေမယ့် ကြော်ငြာမူမျိုး လုပ်ဆောင်သွားမှာမဟုတ်လို့ ခန့်မှန်းတွက်ဆနိုင်ပါသည်။ သတင်းအမှန်ကို လျှော့ပြောတာမျိုးတွေ လုပ်ဆောင်နေတယ်ဆိုရင်တောင် ဒုက္ခပင်လယ်ဝေနေတဲ့ သူ့နိုင်ငံသားတွေအပေါ် ထားရှိတဲ့ စေတနာကြောင့်လို့သာ ခန့်မှန်းသုံးသတ်ရမှာဖြစ်ပါသည်။

သေဆုံးသူအေ၇အတွက်

ငလျင်နှင့်ဆူနာမီကြောင့် သေဆုံးသူ အရေအတွက်မှာ ၆,၉၁၁ ဦးအထိ ဆက်လက်မြင့်တက်လာပြီး ပျောက်ဆုံးနေသူ အရေအတွက်မှာ ၁၀,၃၁၆ ဦးဖြစ်ကြောင်း ဂျပန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ကြော်ငြာသွားသည်။

ယခုရေးသားသည့် သတင်းအား CNN News၊ Ashi news, BB news, NHK newsနှင့် ဂျပန်တီဗွီမှ ထုတ်လွှင့်ပေးနေတဲ့ သတင်းများကို  ဆက်စပ်ကိုးကားရေးသားခြင်းသားခြင်းသာဖြစ်သည်။

ဆူနာမီကျော်

ဓာတ်ပုံများကို CNN NEWS, Chen YangFor China Dailyနှင့် NHK TV NEWS မှပုံများကို တင်ပြသည်။

ဂျပန်နိုင်ငံ၏ နောက်ဆုံးအခြေအနေ မတ်လ ၁၉ရက်

Photobucket
ဖူကူရှီးမားက ပေါက်ကွဲသွားတဲ့ နျူကလီးယား ဓာတ်ပေါင်းဖို အမှတ် ၃ ကို ယနေ့ ၁၉ ရက်နေ့ နေ့လည် ၂ နာရီကျော်မှစတင်၍ တိုကျိုမီးသတ်မှ စတင်၍ ပေါက်ကွဲသွားတဲ့ အပေါက်နေရာမှ အအေးခံ ပေါင်းအိုးထဲသို့ ရေရောက်ရှိစေရန် ပင်လယ်ရေဖြင့် ဖျန်းပက်နေပြီး ဓာတ်ပေါင်းဖို အတွင်းရှိ အအေးခံသည့် ကန်အတွင်းရေကို ၇နာရီကြာ ပက်ဖြန်းပါက အအေးခံသည့် ရေကန်အတွင်းရှိ လျှော့နည်းသွားသည့် ရေပမာဏနှင့် ညီမျှသည့် ရေ ၁၂၆၀တန် ခန့်ရှိ ရေရောက်ရှိမည်ဟု ခန့်မှန်းတွက်ချက်ပြီး ၇နာရီကြာ ရေပက်ဖြန်းခြင်း ဖြစ်သည်။

ပေါက်ကွဲမူ မဖြစ်သေးသည့် နျူဓါတ်ပေါင်းဖို အမှတ် ၂ ကို လျှပ်စစ်မီးဖြင့် ဆက်သွယ်၍ အအေးခံ ပေါင်းအိုးအား ပြန်လည် လည်ပတ်လာရန် ကြိုးစား ဆောင်ရွက်နေပြီး အမှတ် ၃မှာ အစိုးရိမ် ရဆုံး အခြေအနေ ဖြစ်နေပြီး အမှတ် ၃ ဓာတ်ပေါင်းဖို အား အအေးခံရန် အထူးကြိုးစား ဆောင်ရွက်နေခြင်း ဖြစ်သည်။ အထက်ပါ ရေ ပက်ဖျန်းမူများနှင့် ပတ်သက်၍ အခြေအနေ ကောင်းမွန်လာမည်၊ မကောင်းမည်ကို ခန့်မှန့်လို့ မရနိုင်သေးဘဲ လက်ရှိ လုပ်ဆောင်လို့ ရသမျှထဲက အကောင်းဆုံးကို လုပ်ဆောင်နိုင်သည်ကို ကြိုးစား ဆောင်ရွက်နေကြခြင်း ဖြစ်ပြီး ၁၈ရက် သောကြာနေ့ က jtai (ဂျပနကာကွယ်ရေးတပ်)မှ အမှတ် ၃ ဓာတ်ပေါင်းဖိုအား လေဆိပ်၌ မီးသတ်သည့် မီးသတ်ကား ၅စီးဖြင့် အလားတူ ရေပက်ဖျန်းမူများ လုပ်ဆောင်ခဲ့ကြသည်။ သိသိသာသာ ထူးခြားမူ မရှိလာသော်လည်း အခြေအနေ ပိုရွားလာမူကို ထိမ်းသိမ်း ထားနိုင်မည်ဟု ခန့်မှန်း သိရှိရသည်။

ယနေ့ အနေဖြင့် တိုကျိုမှာတော့ အသေးစား ငလျှင်လှုပ်ခတ်မူတွေ ရပ်ဆိုင်းသွားပြီ ထင်ရပေမယ့် ယနေ့
၆ နာရီ ၅၆ မီနစ် အချိန်မှာပဲ ၆.၁ ပြင်းအားရှိတဲ့ ငလျှင်လှုပ်သွားပြီး နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမူကြောင့် ဖြစ်ပေါ်လာတဲ့ ရေဒီယို ဓါတ်သတ္တုကြွမူ တွေနဲ့ အနုမြူ ဓာတ်ရောင်ခြည် သင့်မူတွေက လေထုအတွင်း ပျံနှံနေသော်လည်း ဂျပန် အစိုးရနဲ့ ဂျပန်သတင်း မီဒီယာတွေ ကတော့ ဖူကုရှိမား ရှိ နျူဓာတ်ပေါင်းဖို ရှိရာနေရာနဲ့ ၂၀ ကီလို ပတ်ဝန်းကျင် ဒေသအတွင်း လောက်သာ အနီရောင် အန္တရာယ်နယ်မြေ အဖြစ် သတ်မှတ် ကြော်ငြာထားသော်လည်း WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့) က ပြောရေးဆိုခွင့် ရှိသူ ဂရက်ဂိုရီ ဟတ်တ် က တော့ ယခု သောကြာနေ့ အကုန်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ဖူကူရှီးမားက အနုမြူ ယိုစိမ့်မှုဟာ အပြင်ဖက်မှာ ရှိနေတဲ့ လေထု အဆိပ်သင့်မှုဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အဆင့် ရောက်နေပြီဆိုတဲ့ အကြောင်း တရားဝင် ထုတ်ပြန်ကြေငြာ သွားပါတယ်။

လေထုအတွင်း ဘယ်လောက်အထိ ဘယ်နေရာတွေ အထိ ပျံနှံ့ လာမယ် ဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်တဲ့အတွက် ဂျပန်ပြည်သူတွေလည်း ထိတ်လန့် နေကြရသလို နိုင်ငံခြားသားများ ကတော့ မိမိတို့ နေရပ် တိုင်းပြည်ကို ပြန်ပြေးကြသူတွေ များလာသလို အမေရိကန်၊ ပြင်သစ်နဲ့ တရုတ် နိုင်ငံတွေက ၄င်းတို့ လူမျိုးတွေကို ပြည်တော်ပြန်ဖို့ လေယာဉ်တွေ စီစဉ်ပေးထားပြီး ဂျပန်နိုင်ငံရှိ တိုကျိုမှာ အခြေစိုက်တဲ့ မြန်မာ သံရုံးကတော့ ၂၀၁၁ခုနှစ် ၃လပိုင်း ၁၁ ရက်နေ့ သောကြာနေ့ ငလျင်လှုပ်ပြီး သံရုံးကို ပိတ်ထားခဲ့ရာမှ ၁၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာ လူမျိုးတွေထဲက ပြန်မယ့်လူ များအတွက် အခွန် ပေးဆောင်စေပြီး မိမိစားရိတ်နဲ့ မိမိ လေယာဉ် လက်မှတ်ဝယ် ပြန်ဖို့ကို အထူးတလည် ကူညီပေးလျှက် ရှိနေကြောင်း သိရှိရသည်။

Photobucket


မြန်မာ လူမျိုးတွေ များထဲတွင်လည်း ပြန်သူ အများအပြား ရှိနေကြသည်။ တိုကျို ရှင်နာဂ၀ါရှိ လူဝင်မူကြီးကြပ်ရေး မှာတော့ နိုင်ငံခြားသားတွေနဲ့ ပြည့်ကျပ်နေပြီး တန်းစီ စောင့်ဆိုင်း နေကြတာကိုလည်း တွေ့မြင်ခဲ့ရသည်။ ယခုလက်ရှိ အချိန်အထိ ဂျပန်မှာ အခြေခံ စားသောက်ကုန် ဖြစ်သော ဆန် နဲ့ ခေါက်ဆွဲ ခြောက်ဗူး အပါအဝင် အစားအစာ တချို့ဝယ်မရအောင် ကုန်ပစ္စည်း ပြတ်လပ်နေဆဲ ဖြစ်ပြီး ဖယောင်းတိုင်၊ ဓါတ်မီးတွေလည်း ပြတ်လပ် နေပါသေးတယ်။ ယခု ဒီသတင်းရေးနေသည့် ၆ နာရီ ၅၆ မီနစ် အချိန်မှာပဲ ၆.၁ ပြင်းအားရှိတဲ့ ငလျှင်လှုပ်သွားပြီး ဂျပန်ရဲ့ အနာဂတ်အခြေအနေကိုတော့ ……….။      ။

  ဆူနာမီ ကျော်

နိပွန်းပြည်မှ မိတ်ဆွေများအတွက် မေတ္တာကဗျာ.. “သူရိန်ထက်”

Photobucket
အို.. မိတ်ဆွေများ.. ချစ်လူသားတို့
သင်တို့သည်
လူပီသစွာ လောကအကျိုးဆောင်လျက်...
လူသားအချင်းချင်း ရိုင်းပင်းကူညီခဲ့ဖူးသော.. မေတ္တာ။
လူသားအချင်းချင်း စောင့်ရှောက်ပေးကမ်းလှူဒါန်းခဲ့
ဖူးသော.. ကရုဏာ
လူသားအချင်းချင်း နှလုံးသွင်းအပ်သော.. မုဒိတာ
လူသားအချင်းချင်း ထားရှိအပ်သော.. ဥပေက္ခာ တရားတို့သည် ရှိခဲ့ကုန်၏။
ထိုစကားသည် မှန်၏။
ထိုမှန်သော သစ္စာ ကြောင့်..
မေတ္တာကြောင့်၊
ကရုဏာကြောင့်၊
မုဒိတာကြောင့်၊
ဥပေက္ခာကြောင့်.........

ဆူနာမီလှိုင်း
ရေမုန်တိုင်းလည်း
နှုတ်ဆက်ခွာလျက်.. ငြိမ်သက်အေးချမ်းပါစေသတည်း။

ငလျင်မာန်ပြင်း
လှုပ်ခတ်ခြင်းလည်း
ရပ်တန့်သာ၍ .....အေးမြ စိမ်းလန်းပါစေသတည်း။

အဆိပ်ငွေ့ဖြာ
မယွင်းသာပဲ
ဘေးကင်းစွာဖြင့်.. စိတ်ချမ်းသာကြပါစေသတည်း။

လောကအကျိုး
မေတ္တာမိုး၍
ဆထက်တိုးစွာ .. ဆောင်ရွက်နိုင်ကြပါစေသတည်း။

၁၇၊၃၊၂၀၁၁

ဆင် ဖမ်းတာ ကြား မိတယ် “ ငြိမ်းစိုးဦး”

Photobucket  design by shi yali
အတင့်ရဲတဲ့ လူသံတွေက ဆူညံသံနဲ့

သာယာသံတွေ အကြားက တိုးထွက်လာခဲ့တယ်

ဗိုက်ဆာနေတဲ့ ကလေးကို မိဘက ရိုက်တာမဟုတ်ဖူး၊

အရင်းရှင်တို့ရဲ့  လက်တွေက ရိုက်နှက်နေတာဆိုတဲ့အသံ

ဆိုရှယ်လစ်စနစ်ဆိုတာ  ခင်ဗျားတို့ကောင်းစားဖို့၊ ခင်ဗျားတို့ရဲ့ ပိုက်ဆံတွေကို

ကျွန်တော်က ယူသွားတာ ဆိုတဲ့ ဆရာဇ၀နရဲ့ `ဆိုးပေ´၀တ္ထုထဲကအသံ

အမှန်တရားနဲ့ ချစ်ခြင်းက အမြဲနိုင်တယ် ဆိုတဲ့ ဂန္ဒီရဲ့အသံ

ပလုံ ..... ဖျတ် ..... ဖျတ် ..... ဒိုင်း ..... ဗုန်း

အို  .....  အမိရေ ၊ ခလုတ်ထိမှ အမိတတဲ့ အသံ

အာလာလား ... အော်လိုက်တဲ့ အသံဟာ မွန့်ခ်ျရဲ့ ဆို့နင့်အားကုန်

ရပ်သွားတဲ့ အော်သံနဲ့အတူ ပျောက်သွားတယ် ။

ဘုရားသခင်သေပြီ ဆိုတဲ့  နစ်ရှေးရဲ့ အသံ

ဘာသာစကားဆိုတာ  အစိုးရအဖွဲ့များလိုပဲ ယိုယွင်းတတ်တယ် 

ဆိုတဲ့

ဆင်မြူဝဲလ်ဂျွန်ဆင်ရဲ့ အဘိဓာန်ထဲက အသံ

ဆောက်တည်ရာကို တည်ဆောက်နေတာ ကဗျာလို့  ပြောနေတုန်းမှာ

တရုတ်စာက မြန်မာစာထက် ပိုအမြတ်များနေလို့

သတင်းထက် ကောလဟာလတွေက နေရာပိုယူပြီး

ခရာရှိတဲ့သူက  ဒိုင်သူကြီးလုပ်တော့တာပါပဲ။

ကျွန်တော်တို့ ကလေးငယ်များကို ရောင်းစားရန်မဟုတ် ၊

ဒို့ ... ဒို့ ... ဒို့ တွေ အမြဲသတိ ရှိရမယ်။

ရွှီ ..... ရွှီ ..... ရွှီ လျှာနှစ်ခွနဲ့ မြွေတွန်သံလား

အရိုးတွန်တယ် ဆိုဆို

တဲရစ်ဇင် နာဇီ အကျဉ်းစခန်းမှာ အသက်ပေးခဲ့ရတဲ့

ပရာ့ဂ် စန္ဒရားဆရာ ဂျီဒီယန်ကလိုင်းရဲ့  သံစဉ်တွေဟာ

ဂျပန်စန္ဒရားဆရာမ  ရှီမူရာကို  သွေးဝတ်မှုန် ကူးခဲ့ပြီး

( ၆၅ ) နှစ်အကြာ  ( ၂၀၁၀ ) မှာ ကမ္ဘာပတ်ခဲ့ပါပြီ .....။             ။


ငြိမ်းစိုးဦး

အမြင့်ပျံ တေးသီဌက်၏ ခြေရာများစွာ “ ဒူကဘာ ”

Photobucket


ခေတ်ကြီးကိုက ပြိုင်ဆိုင်မှုတွေ များတယ်၊ တိုးတက်မှုတွေ အရှိန်အဟုန် ပြင်းပြင်း ရိုက်ခတ် နေတဲ့ ဒီနေ့ကာလမှာ သက်ရှိ သက်မဲ့တို့ စိတ်ဖိစီးမှု အာရုံတွေကို တစိတ် တဒေသ ဖြေလျော့ စေနိုင်စေတာ ဂီတလို့ဆိုယင် မှားနိုင်မယ် မထင်ပါဘူး။

စာရေးသူတို့ ငယ်စဉ် ကတည်းက သူ့ကို လူမမြင်ဖူးပေမဲ့ သူ့ ဂီတတွေကို ပင်နေဆိုနစ်၊ ဟီတာချီ အစပြုတဲ့ Only ကက်ဆက် Song Box တွေက ထွက်လာတဲ့ သံစဉ်တွေနဲ့ ရင်းနှီး နေခဲ့ဖူးတယ်။ သူ့ကို စာရေးသူ အမေရိကား ရောက်ပြီး များမကြာမီမှာ သူ ဒီနိုင်ငံမှာ အခြေကျ အနေကျ နေတာ သိလိုက်ရတော့၊ အမိမြေကို သူ စွန့်ခဲ့တဲ့ နောက်ပိုင်း မြန်မာ့ ဂီတလောက က အခြားသော အဆိုတော်တွေ၊ သူ့ သီချင်းတွေနဲ့ လူတလုံး သူတလုံး ဖြစ်လာ ကြပြီး သူ့ကို မမီ လိုက်တဲ့ ယနေ့ခေတ်က လူငယ်တွေ သိသာစေရန် အတွက် စကားစမြည်ပြောပြီး မေး၍ ရေးရ ပါတယ်၊ သူဟာ အမြဲတစေ အုံးအုံးကျွက်ကျွက် ဖြစ်နေတတ်တဲ့ မြန်မာ့ စတီရီယို လောက ရဲ့ ခေတ်ဦးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး သူ့ဘဝ ကောက်ကြောင်း တွေဟာ အံ့မခန်း ဒင်းကြမ်း ပြည့်နေတော့တယ်။ သူဆိုတာ လာရှိုး သိန်းအောင် လို့ ခေါ်တဲ့ ဂျင်မီဂျက်(Jimmy Jack )ပါ၊ သူ့ ကောက်ကြောင်းတွေ နောက်လိုက်ကြည့်ရင် ... လွတ်လပ်ရေး ရပြီးခါစ ကွန်ဗင့် ကျောင်းတွေ ဟာ ကိုလိုနီစံနစ် အငွေ့အသက်တွေက ရိုက်ခတ် နေသေးတာရယ်၊ ခရိယာန် ဘာသာ သက်ဝင် ယုံကြည်တာရယ် သူ့ နာမည် ဂျင်မီ သူ့အဖေ နာမည် ဂျက်(Jack) တို့နဲ့ ပေါင်းစပ်ပြီး ဂျင်မီဂျက် ဖြစ်လာ သူပါ။ အမေရိကားမှာ နယ်တကာ ဆန့်လို့ သွားနေတဲ့ သူ့ကို အမေရိကားရောက် ပရိတ်သတ်တွေ အနေနဲ့ ထူးမဆန်းတော့ ပေမဲ့ နိုင်ငံတကာရောက် မြန်မာ့ဂီတ ပရိတ်သတ်တွေ အနေနဲ့ ပိုမို မြင်သာအောင် ခြေခင်း လက်ခင်း သာတဲ့ တနေ့မှာ သူ့ အကြောင်းကို ခရေစေ့ တွင်းကျ စကားစမြည် ပြောဖြစ်ကြတယ်။

သူ့ အဖေ ဖြစ်သူဟာ ဗမာ့ လွတ်လပ်ရေးကို အရယူရာမှာ ပါဝင် တိုက်ခိုက်ပေးခဲ့တဲ့ အိန္ဒိယ အမျိုးသားပါလို့ သူပြောပြတဲ့ အချိန်မှာ ရိုးသားမှု အတိ ဝံ့ကြွားမှု အရိပ်အငွေ့တွေ သူ့ဆီမှာ ဝေ့ နေတာ တွေ့နေရတယ်။ အမေ ဖက်ကတော့ ကချင်သွေး ပါတဲ့ မြစ်ကြီးနား ဖက်ကပါ။ သူ့ ချက်မြုပ်ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့လို့ ဆိုပါတယ်။ အရွယ် ရောက်တော့ နမ္မတူ ကွန်ဗင့်ကျောင်းမှာ ဘော်ဒါနေရင်းနဲ့ ကွာယာ (Choir)လို့ ခေါ်တဲ့ ဓမ္မတေးတွေ သံစုံ ကျူးရင့်တာ တွေ လိုက်ဆိုရင်းနဲ့ အဆိုပညာကို သက်ဝင်တယ်လို့ တခုတ်တရ ပြောပြပါတယ်။ နောက်ပိုင်း လာရှိုးပြန်ရောက်ပြီး ဘက်ပတစ် နှစ်ခြင်းခရိယာန် ဘုရားကျောင်းမှာ ဓမ္မတေးတွေ သီဆို ကျူးရင့်ကာ မေမြို့ (ခ) ပြင်ဦးလွင် စိန်မိုက်ကယ်လ် ကျောင်း ရောက်တော့ ဆရာမကြီး တယောက်က သီချင်းဆိုနည်းတွေ သင်ပေးတယ်လို့ ငယ်ဘဝရဲ့ သူ့ဂီတကို ပြောပြပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်တော့  မြန်မာပြည် စတီရီယို ခေတ်ဦးမှာ ကိုယ်တိုင် ခုတ်ထွင်း ပြီး လုပ်ရတဲ့ အကော့စတစ် (acoustic) ဂစ်တာတွေနဲ့ ဒီကာလက လာရှိုးတခွင်မှာ ဝါသနာတူ သူငယ်ချင်း ၃၊၄ ယောက် စုပြီး မင်္ဂလာဆောင်တွေ ဧည့်ခံပွဲတွေ သူတို့တတွေ မင်းမူနေတယ်လို့ ဩဇာသံ ပါတဲ့ ရယ်သံ လွင်လွင် အသံတချို့နဲ့ သူ့ဘဝကို ထုဆစ်လို့ ပြတယ်။ ဒီလိုနဲ့ ၁၉၆၂ ခုနှစ် ရောက်တော့ သူတို့ တီးဝိုင်းက ဂစ်တာတီးတဲ့ သူငယ်ချင်း တယောက် အဆက်အသွယ်နဲ့ မြို့တော်ဟောင်း ရန်ကုန်က မြန်မာ့အသံ ( Burma Broadcasting Service ) မှာ Local Talents Variety Show လို့ ဒေသတွင်း လူငယ်များကို ပင်ကိုယ် အစွမ်းအစ မြှင့်တင်ပေးတဲ့ အစီစဉ်တခု ကနေ တနိုင်ငံလုံးက ဝါသနာရှင်တွေ အတွက် ပြိုင်ပွဲလုပ်ရာမှာ သူ ဝင်ပြိုင်တော့ First Class အဆင့် A နဲ့ ပထမ ရခဲ့ပါတယ်။ အဲတာ တင်လား မဟုတ်သေး ပြန်ဖူး၊ သူ ပထမဆုံး အင်္ဂလိပ်လို ကိုယ်တိုင် စပ်ခဲ့တဲ့ သီချင်းနဲ့ ကိုယ်ပိုင် တီးဝိုင်းနဲ့ ဆုရခဲ့တာတဲ့၊ ဒီကနေ အခွင့် အလန်း ပွင့်လာပြီး မြန်မာ့အသံက စနေနေ့ ညပိုင်းမှာ လွှင့်တဲ့ အစီစဉ်မှာ ဂျင်မီဂျက် နာမည်နဲ့ပဲ ဖျော်ဖြေခွင့် ၁၅မိနစ်ပေးတယ်လို့ သူ ပြောပြတော့ သူ့ စိတ်ကူးတွေ မြန်မာ့အသံ ရှိရာ ပြည် လမ်းမဆီ ရောက်နေ သလားလို့ သူ့ စိတ်အလျဉ် ကို စာရေးသူ လိုက်ဖတ် နေမိတော့တယ်။

နောက်တော့ ဒီအစီစဉ် အတွက် အင်္ဂလိပ်လို ကိုယ်တိုင် ရေးဆိုနေခဲ့ပြီး တီးခတ်ပေးတဲ့ သူတွေ ကတော့ သူငယ်ချင်းတွေ ဖြစ်ပြီး နောင်တချိန် မြန်မာ့ စတီရီယို လောကကို တခေတ် ထွန်းစေ ခဲ့သူတွေ မြန်မာပြည် သိန်းတန် (လိဒ်)၊ ဗစ်တာခင်ညို (ရစ်သမ်)၊ ဒရမ်မာ ပလေးဘွိုင်း သန်းနိုင်တို့ ဖြစ်ကြတယ်၊ အဲလို အပါတ်စဉ် B.B.S မှာ စနေနေ့ ဆိုတဲ့ သီချင်းတွေ ကို အဲဒီ ခေတ်က ရန်ကုန်မြို့ရဲ့ သမ္မတ ရုပ်ရှင်ရုံတို့ ပလေဒီယမ် ( နောင် ပပဝင်းရုံ၊ ယခု ထရိတ်ဒါး ဟော်တယ် နေရာ ) ရုပ်ရှင်ရုံ တို့မှာ အဲဒီခေတ်က ဖွင့်လေ့ ရှိတယ်လို့ သူက ဆိုတယ်။ ဒီအချိန်မှာ အယင်လို လားရှိုးနဲ့ ရန်ကုန် ခပ်စိပ်စိပ် လွန်းထိုး သွားမနေတော့ပဲ၊ ရန်ကုန် တဖက်ကမ်းမှာ ရှိတဲ့ ဒလ သင်္ဘောကျင်းမှာ A.E Marine Engineering ကျောင်းလာ တက်နေတယ်လို့ ပြောပြပါတယ်။ ဒါနဲ့ အနောက်တိုင်း ဂီတ မြန်မာသံစဉ် သီချင်းတွေကို ဘယ်တုန်းမှာ စ,ရေးစပ်ခဲ့လည်း မေးတော့ အဲဒီ ကာလမှာပဲ ရေကြောင်း အင်္ဂျင်နီယာ ကျောင်းသား ဘဝနဲ့ ရန်ကုန်တက္ကသိုလ်ထဲ သွားယင်း လူငယ်တို့ ဘဝ ခံစားမှုတွေရပြီး သူ့ရဲ့ ပထမဆုံး မြန်မာစာသားနဲ့ ရေးတဲ့သီချင်း နာမည်ကျော် "မုန်းမုန်းမေ့မေ့" သီချင်းကို ရင်ဘတ်နဲ့ ရင်းပြီး ကွန်ဗိုကေးရှင်း ရှေ့မှာ ရေးစပ်လို့ ရခဲ့တယ်လို့ ပြောပြပါတယ်။ အင်္ဂလိပ်လို သီချင်းတွေ ရေးစပ်သီကုံး အဆိုများ ခဲ့တဲ့ ဂျင်မီဂျက်ကို ဒီအချိန်က အဆို လောကမှာ ဩဇာရှိတဲ့ ရေနံမြေ ဦးသက်ဝေက မြန်မာသီချင်း ဆိုတတ်ပါ သလားလို့ မေးယူရလို့ မုန်းမုန်းမေ့မေ့ ဆိုပြတော့ အံ့ဘနန်း ဖြစ်ခဲ့ရဖူးတယ် နောက်တော့ ဗွီအိုအေ ကိုပို့လို့ ဗွီအိုအေ အသံလွှင့်ဋ္ဌာန အကြိုက် ထိပ်တန်းသီချင်း ဖြစ်ခဲ့ရတယ်။

ဂီတလောကထဲ ဘယ်လို ဝင်လာလည်း မေးပြန်တော့ ဒီအချိန် တေးဂီတ လောကမှာ ထဲထဲဝင်ဝင် ရှိနေတဲ့ အကော်ဒီယံ အုန်းကျော်ဟာ  လားရှိုးမှာ ရှေ့တန်းပြန် တပ်မတော်သား တွေကို လာရောက် ဖျော်ဖြေရင်း ဂျင်မီဂျက်ရဲ့ အမေ ဖြစ်သူက ညစာ စားပွဲတခုမှာ အကော်ဒီယံ အုန်းကျော်နဲ့ စကားစမြည် ပြောရင်း သူ့သားလည်း သီချင်းဆို ဝါသနာ ပါကြောင်း ပြောပြ ခဲ့တယ်လို့ နွေကျောင်းပိတ် အိမ်အပြန်မှာ သူ သိခဲ့ရတယ်။ ကျောင်းတွေဖွင့်လို့ ရန်ကုန် ပြန်ရောက်တော့ တရက်သားမှာ အကော်ဒီယံ အုန်းကျော်ဆီ သွားတွေ့မယ်ဆိုပြီး သူငယ်ချင်း ဖြစ်တဲ့ ဗစ်တာခင်ညိုနဲ့ သွားတွေ့ပါတယ်။ အကော်ဒီယံ အုန်းကျော်နဲ့ တွေ့ပြီးတော့ အကော်ဒီယံ အုန်းကျော် က သူ့တပည့် တယောက်ခေါ်ပြီး ဂျင်မီဂျက် ကို အသံ သွင်းပေးဖို့ ညွှန်ကြားပါတယ်။ အသံစမ်းမဲ့ ရက် ရောက်တော့ အကော်ဒီယံ အုန်းကျော် ကိုယ်တိုင် ဂျင်မီဂျက် ဆိုတာကို လာကြည့်လို့ သူတို့ ဂီတ လောကသားတွေ ပြောစမှတ် ပြုခဲ့ကြရတယ်။ ဂျင်မီဂျက်ရဲ့ ပထမဆုံး စီးရီးကို အကော်ဒီယံ အုန်းကျော် က အခမဲ့ သွင်းပြီး ဖြန့်ချီပေးလို့ ဂျင်မီဂျက်ရဲ့ "နန်းလေး" စီးရီး ထွက်လာပါတယ်။ အကော်ဒီယံ အုန်းကျော် ကနဦး အဲလို လုပ်ပေးခဲ့လို့ သူ့မှာ ကျေးဇူး ရှိတယ်လို့ လောကပါလ တရားကို ခိုင်ကျည်စွာ သိနေတဲ့ အသိနဲ့ ရယ်ရယ်မောမော သူ ဆက်ပြောတယ်။ ဒီအချိန်မှာ စီးရီး တခွေလုံးကို မူပိုင် အပြတ်ရောင်းလို့  မြန်မာငွေ ၇၅ကျပ်လောက် ရယင်ပဲ ပျော်နေပြီလို့ ခေတ်ကို အရောင်ဟပ်တဲ့ စကားတွေနဲ့ ပြောပြပြန်တယ်။ အခုခေတ် စကားနဲ့ ပြောရယင် အခွေပေါက်တယ်ပေါ့...ဗျာ။ အဲဒီလိုနဲ့  မြန်မာပြည် စတီရီယို ခေတ်ဦးမှာ တေးဂီတ လောကထဲကို ကော်ပီ မဟုတ်ပဲ ကိုယ်ပိုင်သံစဉ်တွေ ရေးစပ် ဆိုခဲ့သူ တဦးအဖြစ် ဂျင်မီဂျက် (ခေါ်) လားရှိုး သိန်းအောင် တယောက် ပထမဆုံး အပါအဝင် မှတ်ကျောက်တင် ဖြစ်ခဲ့ရတယ်။

အိုးလ်မော်ဒယ်ကြီး အခုမှတ်မိ သလောက် ဒီခေတ်က ဘယ်သူတွေ စတီရီယိုတေးတွေ စပြီးဆိုနေလည်း မေးတော့ တကယ်တန်း စ,တာက ရုပ်ရှင်မင်းသား ဝင်းဦး၊ ညွန့်ဝင်းတို့ ပါခဲ့ပြီး၊ မောင်မောင်သန်း ( တိမ်ပြာသောနေ့ )၊  ကြည်တိုး၊ ဆန်နီတင်ထွဋ်၊ မေမြို့ ခင်မောင်မြင့် တို့လည်း စဆိုနေပြီး ပြီးဖြစ်ကြောင်း မြန်မာ့ စတီရီယို သမိုင်းကို တူးဆွပြီး ပြောပါတယ်။ တချိန်ထဲမှာလည်း မြန်မာ့အသံမှာ ကိုအံ့ကြီး၊ အကော်ဒီယံ အုန်းကျော် တို့လည်း သီဆိုနေပြီး ဂျင်မီဂျက် အနေနဲ့ ထိုသူတွေသာ မြန်မာ့ စတီရီယို လောကကို စတင် ခဲ့တယ်လို့ ထင်မြင်ယူဆကြောင်း ပြောပါတယ်။ တကယ် အနောက်တိုင်း သီချင်းတွေကို စတာက ပြည် လှဖေတို့ ခေတ်ကတည်းက စတင်နေကြောင်း ဖြည့်စွက် ပြောပြန်ပါတယ်။

သူ့ထက်အယင် တက္ကသိုလ် ထွန်းနောင် သူနဲ့ခေတ်ပြိုင် မင်းမင်းလတ် (ရက်ပ်ပါ အနဂ္ဂ၏ အဖေ)၊ တက္ကသိုလ် အေးမောင် (ပလေးဘွိုင်း)၊ ပုလဲ (ပလေးဘွိုင်း သန်းနိုင်၏ ဇနီး) တို့ တေးစီးရီးတွေ ထွက်လာပြီး ပလေးဘွိုင်းသန်းနိုင် ကတော့ ပလေယာ ဒရမ်မာ အဖြစ်နဲ့သာ နေပြီး တပုဒ်စ နှစ်ပုဒ်စ သာ ဆိုနေကြောင်း ပြောပြပါတယ်။ စီးရီးထုတ်တိုင်း ကုန်ကျ စရိတ်တွေ ကိုတော့ လားရှိုးမှာ နေထိုင်တဲ့ အမေဖြစ်သူထံ ပြန်ပြန် တောင်းပြီး အခွေတွေ ထုတ်နေတဲ့ လားရှိုးသိန်းအောင် ပါလို့ အရွှန်းဖေါက်ပြီး ဆိုတယ်။ နည်းပညာ ဖွံ့ဖြိုးမှု မရှိသေးတဲ့ ဒီခေတ်က အခုခေတ်လို Track လိုင်းတွေ အများကြီးနဲ့ အသံသွင်း အသံထပ်ပြီး အခွေလုပ်ယူတာ မဟုတ်တော့ အသံသွင်းပြီ ဆိုလည်း တခါထဲ ပြိုင်တူတီး ပြိုင်တူ အသံဖမ်းရလို့ ဦးဘသိန်း အသံဖမ်း စတူဒီယိုမှာ ဘတ်(စ်)ကားလိုင်းတွေ ရပ်သွားတဲ့ ည၈နာရီ လောက်မှာ မှန်တံခါးတွေကို ခြုံစောင် တွေနဲ့ကာ တခါထဲ ညီအောင်တိုက်၊ တခါထဲတီး၊ တပြိုင်ထဲ ဆို၊ အသံဖမ်း ကြရတာလို့ ပြောပြပါတယ်။ အဲဒီခေတ်က စီးရီးခွေတွေကို တေးသံသွင်း တွေက သူနဲ့ အချိတ်အဆက်ရှိတဲ့ နယ်ဖေါက်သည် ဆိုင်တွေနဲ့ စပ်မေးပြီး စီးရီးတန်ဖိုး ဖြတ်ဝယ်လေ့ ရှိတယ် လို့ ဆိုတယ်၊ အခုခေတ်လို တပြည်လုံး အတွက် မူပိုင် ရောင်းတာတော့ မဟုတ်ဖူးပေါ့။ များသော အားဖြင့် သူ့ စီးရီး အခွေတွေကို ဒီအချိန် မန္တလေးက တေးသံသွင်း လုပ်ငန်း လုပ်တဲ့ စော်ဘွား သား တဦးဖြစ်တဲ့ ဘော်ဘီအောင် ဆီမှာ ရောင်းချခဲ့တာ များတယ်လို့ နောက်ကြောင်း ပြန်ပြောင်း ပြောပြ ပါတယ်။

စတီရီယို လောကမှာ လျှံလျှံတောက် အောင်မြင်လာတော့ ဂျင်မီဂျက် (ခေါ်) လားရှိုး သိန်းအောင် တယောက် ပျောက် သွားတာ ဘာကြောင့်လည်း မေးတော့ ပုလဲသီ တကွဲစီ ဖြစ်နေတဲ့ စကားဝိုင်းကို စီစီရီရီ လုပ်ကာ တချိန်ထဲမှာ ဖြစ်ပျက်နေတဲ့ သူ့ ဘဝ အရွှေ့အပြောင်း တွေကို ပြန်ချပြပါတယ်။ လားရှိုးနဲ့ ရန်ကုန် ဦးဒဟို သွားလာနေချိန်မှာပဲ တဖက်က လားရှိုးမှာ ဂျင်မီဂျက် တယောက် ကာကွယ်ရေး တပ်ဖွဲ့ တွေထဲ ဝင်ထားသတဲ့။ ဒါဆို ဘယ်လို နိုင်ငံရေးကို စပြီး စိတ်ဝင်စား လာတာလဲ ဖေါက်မေးပြန်တော့ သူ ဟိုက်စကူး ကျောင်းသားဘဝမှာ လာရှိုး ရပ်ကွက် (၂)က အ.ထ.က (၂) တက်နေတုန်း၊ တခါသားမှာ ကျောင်းမှာ ကြေညာသတဲ့၊ ဒီခေတ် က နိုင်ငံတော်ကို အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့် အစိုးရက ဦးနုရဲ့ ပါလီမန် ဒီမိုကရေစီ စံနစ်ကို မယုံကြည်တော့ဖူးလို့ ဆိုတယ်၊ ပြီးတော့ ဆိုရှယ်လစ်စံနစ်နဲ့ ဆက်လက် ချီတက်မယ် ဆိုကာ ကျောင်းသားတွေကို အခုခေတ် ကြံ့ဖွတ် ပါတီလိုပဲ ခုတုံးလုပ် အားဖြည့် ခေါ်ကာ လူထု ရှုတ်ချပွဲ လုပ်သတဲ့၊ ဒီတင် ဂျင်မီဂျက် က စဉ်းစားမိပြီး ဒီမိုကရေစီသာ ဆိတ်သုဉ်း ယင် ဆိုတဲ့ အတွေးနဲ့ မထောက်ခံဖူး ဆိုကာ၊ ခေါင်းထဲ အတွေးများစွာနဲ့ သူတယောက်ထဲ ကျောင်းက အပြန် ခေါင်းငိုက်စိုက် ချပြီး အိမ်ပြန်လာခဲ့ သတဲ့။ ဒီအချိန် လွတ်လပ်ရေးရပြီးစ ဦးနုရဲ့ ပါလီမန် ဒီမိုကရေစီ ပါတီက တိုင်းပြည်အုပ်ချုပ်နေပြီး နယ်ခြားတွေဖြစ်တဲ့ ရှမ်းပြည်မှာ လောဝ်စစ်ဟန် ကာကွယ်ရေး၊ ခွန်ဆာ ဦးဆောင်တဲ့ ကာကွယ်ရေး အဖွဲ့တွေရှိနေပြီး၊ ဂျင်မီဂျက် ကတော့ ဝင်းမြင့်၊ ထွန်မြင့် တို့ရဲ့ လွိုင်ကျေးစန့် ကာကွယ်ရေး အဖွဲ့မှာ ပါခဲ့တယ်လို့ ဆိုတယ်။ ၁၉၆၂ မတ်လမှာ အိမ်စောင့် အစိုးရလုပ်နေတဲ့ ဗိုလ်နေဝင်းက အာဏာ အပြီးအပြတ်သိမ်းပြီး၊ ၁၉၇၂ခုနှစ် ရောက်တော့ ခြေကုတ်ရလာတဲ့ ဗိုလ်ချုပ်နေဝင်း စစ်အစိုးရက ကာကွယ်ရေးတွေ လက်နက်ချခိုင်း ချိန်မှာ စစ်အစိုးရ လက်အောက် ထက်စာယင် ဒီမိုကရေစီ ဒို့တိုင်းပြည်မှာ ထူထောင်နိုင်ဖို့ ဂျင်မီဂျက် တယောက် လက်နက် မချပဲ တောင်ပေါ် တက်သွားခဲ့တယ်လို့ ဆိုပါတယ်။

လကို နှစ်စားကာ သျှမ်းပြည် နယ်ခြားမျဉ်း တလျှောက် ကူးလူးနေခဲ့ပြီး နောင် ယိုးဒယားဖက် ခြေကုတ်ယူတော့ ကေအိုင်အေ က ဥက္ကဋ္ဌ ဘရန်ဆိုင်းတို့ ထိုင်း အခြေစိုက် ခေတ်ပြိုင် သတင်းစာ ထူထောင်သူ ဦးတင်မောင်ဝင်း၊ ဦးရဲကျော်သူ (ပြည်ချစ်)၊ ညောင်ရွှေ စော်ဘွား စပ်ရွှေသိုက်သား ဒေါက်တာ ယူဂျင်းသိုက်(သျှမ်း) တို့နဲ့ အတူ ဒီမိုကရေစီ အရေး လှုပ်ရှားခဲ့သေးတယ်။ ဒါပေမဲ့ အခုချိန် မှာတော့ သူနဲ့ နိုင်ငံရေးဖက်မှာ ခေတ်ပြိုင် ဒီမိုကရေစီ ဘက်တော်သား ခေါင်းဆောင်အချို့တို့ဟာ လူ့လောကမှာ မရှိကြတော့ပါဖူး။ ဒါပေမဲ့ သူ ကတော့ ခိုင်ကျည် တဲ့ စိတ်ဓါတ်နဲ့ ရွက်ကုန်ဖွင့် ခရီးနှင်ကာ တေးသီနေဆဲပါ။ ရိုးသားတယ်၊ ယဉ်ကျေး သိမ်မွေ့တယ်၊ ကြီးငယ် မဟူ အပြောအဆို ချိုသာတယ်၊ မာန်မာန အလျဉ်းကင်းမဲ့ တယ် ဆိုတာ တွေကတော့ သူနဲ့ ဆက်ဆံဖူးကြသူတိုင်း သိကြပါတဲ့ သူ့ရဲ့ ဂုဏ်ဒြပ်တွေပါ။ ပဆစ်ကွက် တွေလို အရောင်စုံလှတဲ့ တေးသီငှက်ကြီး ဘဝဟာ ၁၉၇၂ ခုနှစ် အမိ မြန်မာပြည်က ထွက်လာတော့ ဂီတလောကမှာ သူနာမည် မရသေးပါဖူး တောထဲတောင်ထဲ ရောက်တော့ သူ့ သီချင်းတွေ နားထောင်နေတယ် ဆိုတာ ဟိုဟိုဒီဒီများမှာ တွေ့ရတာတော့ သူ ဒီလောက်ပဲ သိရတယ်လို့ ကျန်ခဲ့တဲ့ သူ့ဂီတလောက အကြောင်း ဆိုပါတယ်။ သူ့သီချင်းတွေ ပြည်တွင်းမှာ ကျွတ်ကျွတ်ဆူအောင် ပေါက် ခဲ့တာ အဲဒီ အရသာတွေ သူ မခံစားလိုက်ရပါဖူး။ သူ ထဲထဲဝင်ဝင် အောင်မြင်တယ်ဆိုတာ တခါသား ယိုးဒယားနိုင်ငံ ရောက်တော့ ပြည်တွင်းလာတဲ့က မိတ်ဆွေတဦးနဲ့ တွေ့တော့ သူ မြန်မာပြည်မှာ အောင်မြင်နေတာကို ပြောပြတော့ မချင့်မရဲ ယုံကြည် နေမိကြောင်း၊ မျက်ဝါးထင်ထင် လက်ခံရတာကတော့ ၁၉၇၄ခုနှစ် ဗဟိုအစိုးရရဲ့ လက်ခံမှုနဲ့ အမေရိကန် ပြည်ထောင်စု ရောက်တဲ့အချိန်မှာ လော့(စ်) အိန်ဂျလိ(စ်) မှာ ရှိတဲ့ မြန်မာပြည်ဖွား ဆရာဝန်များက စီစဉ်လို့ လုပ်ပေးတဲ့ သူ့ရဲ့ တကိုယ်တော် ရှိုးပွဲဟာ အမေရိကား တလွှားက မြန်မာတွေ သောသောညံအောင် အားပေးခဲ့လို့ ဂျင်မီဂျက် (ခေါ်) လာရှိုးသိန်းအောင် မြန်မာ့ စတီရီယို ခေတ်ဦး ကိုယ်ပိုင်သံစဉ် တေးဂီတမှာ သူအောင်မြင်ပြီး တကယ်မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တယ် ဆိုတာ မချင့်မရဲ ဖြစ်နေတဲ့စိတ်ကို ဒုံးဒုံးချပြီ ယုံကြည်နိုင်ခဲ့တယ်လို့ အဝေးကို ဝေသီလို့ တခုတ်တရ ကြည့်နေတဲ့ မျက်လုံးတွေနဲ့ သူက ဆိုပါတယ်။

အမေရိကား ရောက်တာ ၃၅နှစ်ကျော် ကြာပြီ ဖြစ်တဲ့ လာရှိုးကြီးရဲ့ ကိုယ်ပိုင်ဘဝက ဘယ်လို ထုဆစ်ထားလဲ မေးတော့ သူ အမေရိကားက မီချီဂန်သူနဲ့ အကြောင်းပါပြီး သား ၂ယောက် သမီးတယောက်ရှိကြောင်း သမီးက အကြီးဖြစ်ပြီး အသက် ၂၅နှစ် အရွယ်ရှိပြီ ဖြစ်ကာ အမေရိကား တက္ကသိုလ်များမှာ ဘွဲ့ ၂ခု ရထားကြောင်း၊ အဖေ့သွေးပါလို့ စန္ဒယား၊ ဂစ်တာ တို့ကို ကျွမ်းကျင်စွာ တီးခတ်နိုင်ပါတယ်လို့ သိရပါတယ်။ ကောလိပ်သွားဖို့ ချိန်နေတဲ့ ဒုတိယ သားအလတ် ကတော့ ကိုယ်ပိုင် ရော့ခ်တေးဂီတ တီးဝိုင်းရှိပြီး ဂစ်တာတီးကာ အဖေဖြစ်သူ အတွက် လော့(စ်)အိန်ဂျလိ(စ်) ပွဲတပွဲ လိုက်တီး ပေးဖူးပြီး နောင်မှာ လားရှိုးကြီးရဲ့ ဂီတခရီးစဉ် တလွှားမှာ အဖေနဲ့အတူ ပါဝင် တီးခတ်တော့မယ်လို့ သိရှိရပါတယ်။ အငယ်ဆုံးဖြစ်တဲ့ သားကတော့ တေးဂီတ ဝါသနာ မပါဖူးလို့ ဆိုပြန်တယ်။ ဂျင်မီဂျက်ဟာ အမေရိကား အခြေချပြီ ဆိုကတည်းက တက္ကဆတ် ပြည်နယ် ဟူစတန် ဒီတမြို့ထဲမှာပဲ နေ နေတာပဲ နှစ်ပေါင်း မနည်းတော့ဖူးလို့ မိသားစု ဘဝတွေကို ပြောပြပါတယ်။ ကန်းထရီး သီချင်းတွေ အဆိုကောင်းတဲ့ လားရှိုးက သီချင်းငှက်ကြီးကို ဘားတွေ နိုက်ကလပ်တွေမှာ မဆိုဖူးလား ? ဆိုတော့ လူလွတ် ဘဝ ကတော့ ဆိုကြောင်း အိမ်ထောင်ကျတော့ ဘားတွေ နိုက်ကလပ်တွေမှာ ဆိုယင် ရောင်းသူနဲ့ ဝယ်သူ ဆက်ဆံရေး အရ အိမ်ထောင်ရေး အဖုအထစ် ဖြစ်မှာ စိုးလို့ မဆိုဖို့ ဆုံးဖြတ်ခဲ့တယ် လို့ ပြောပြပါတယ်။

သူ ဘယ်လောက် သီချင်း အဆိုကောင်းလဲ ဆိုယင် အမေရိကား မလာခင် ယိုးဒယားက ချင်းမိုင်(ဇင်းမယ်) နိုက်ကလပ် တခုမှာ အင်္ဂလိပ် သီချင်းတွေ ဆိုတော့ အခု ထိုင်းနိုင်ငံရဲ့ ဘုရင် ရာမ(၉)၊ ဘူမိဘော အဒူယာဒက် ရဲ့ မိဖုရား သိရိခေတ် ကိုယ်တိုင် အငယ်ဆုံး သမီးတော် နဲ့ ချိန်းဂျင်းဟော်တယ် နိုက်ကလပ်မှာ လာရောက်အားပေးလို့ သမီးတော်က တောင်းဆိုတာနဲ့ လေယာဉ်ပျက်ကျ လို့ သေဆုံးသွားတဲ့ အဆိုတော် ဂျွန်ဒင်းဗါးရဲ့ နာမည်ကျော် Country Road သီချင်းကို ဆိုပြခဲ့ဖူးပါတယ်။ ဒီလောက်ပဲလား ဘယ်ဟုတ်မလဲ အစမှာ ဆိုထားသလို သူ့ ဘဝ ကောက်ကြောင်း တွေက နားထောင်နေသူ အတွက်တော့ ထူးဆန်းတာတွေ ရောပြွမ်းနေတာ အပြည့်ပါပဲ၊ အယင် အမေရိကန် သမ္မတ ဂျော့ရှ်ဒဘလျူ ဘုရှ် ရဲ့ အဖေ ( George Herbert Walker Bush သမ္မတ ဘုရှ် အကြီး ) ရဲ့ Surprise ပါတီတခု ဖျော်ဖြေမှုမှာ သူ (ဂျင်မီဂျက်) ဆိုအပြီး နောင် သမ္မတ ဖြစ်လာမဲ့ အမတ်မင်း ဘုရှ် အကြီးက ခေါ်မေး အပြီး "အတော်ထူးတဲ့ ကောင်" လို့ မှတ်ချက်ပြုခဲ့သတဲ့။ သြော် .... ထူးတာက အဲဒီနေ့ ဩဂက်(စ်) လ ၁၆ရက်နေ့ ၁၉၇၇ ခုနှစ်ပေါ့၊ သူနေတဲ့ တက္ကဆတ်ပြည်နယ်နဲ့ သိပ်မဝေးလှတဲ့ တင်နဆီ ပြည်နယ် မင်းဖိ(စ်) မြို့မှာ ရော့ခ်အင်ရိုး ဘုရင်ကြီး အဲဗစ်ပရက်စလေ ဂရေ့(စ်)လန်း စံအိမ်ကြီးရဲ့ ရေချိုးကန်ထဲမှာ သေနေခဲ့တယ်လေ။

အသော့ ပြောတဲ့နေရာမှာလဲ စံပါပဲ။ ကိုဂျင်မီ က တရုတ် သီချင်းတွေလဲ ဆိုတယ် ဆိုတော့ ဒီလောက်ပဲ ပြောရသေးတယ် သူက "ကျနော်က တရုတ်လို မပီကလာ ပီကလာနဲ့ ဆိုတာဗျ" ... "လူပျို ဘဝက လားရှိုးမှာ လောဝ်စစ်ဟန် တူမကို လိုက်ခဲ့ တုန်းက အမွေတွေ ပေါ့ဗျာ" တဲ့။

အမေရိကား ရောက်တော့လည်း ဘုန်းတော်ကြီးကျောင်းတို့ ကွန်မြူနတီတို့ ရံပုံငွေ ပွဲတွေ အခုထိ လိုက်ဆိုနေဆဲပဲ ဒီရောက် ပြီးတော့ အခွေကို အိမ်မှာပဲ စီစဉ် ပြန်သွင်းတာ ၂ခွေ၊ ၃ခွေလောက် ထုတ်ဖြစ်သေးတယ်။ အင်္ဂလိပ်လို ပဲ ကန်းထရီးတွေ ဆိုထားတာတွေလဲ ရှိတယ်။ အရှိန်အဝါ ကြီးမားလှတဲ့ သူ့ရဲ့ သီချင်း "အမေတခု. သားတခု" ကို ဘယ်လိုစပ် ဆိုခဲ့လဲ ပြောတော့ ဘာသာတရား ကိုင်းရှိုင်းတဲ့ သီချင်းငှက်ကြီးက ယုံချင်ယုံ မယုံချင် နေဆိုပြီး သူ့ ကို မယ်တော် က စောင့်ရှောက်ကြောင်း ငယ်စဉ်က သူ့ ဒယ်ဒီ ပြောလို့ သိခဲ့ရတယ်လို့ ဆိုတယ်။ တစုံတခု ကျရောက် တော့မယ်ဆို နံ့သာဖြူ အနံ့ ရကြောင်း ဒီလိုနဲ့ ဘဝမှာ အန္တရာယ်တွေက ရှောင်ကွင်းလာခဲ့ ရကြောင်း ပြောပါတယ်။ ဒါကြောင့် ဒီသီချင်းကို မယ်တော်ကြီး အတွက် ရည်စူးပြီး စပ်ခဲ့လို့ ဒီသီချင်းဟာ ခေတ်အဆက်ဆက် အရှိန်အဝါ ရှိခဲ့တာလို့ ဆိုပါတယ်။ သူ့ သီချင်းတွေ အားလုံးကို စီပြီး ကြည့်လိုက်ယင် သူ့ဘဝ ဇါတ်လမ်း တခုကို ပြောပြနေသလို ခံစားရပါတယ်။ သီချင်းကိုတော့ ခံစားချက် ရှိယင်ရှိသလို ရေးခဲ့ပြီး သေခြာ ထိုင်ပြီးရေးကာ လုပ်ယူတာမျိုး မရှိဖူးလို့ ဆိုပါတယ်။ သူ့ သီချင်းတွေ သူများတွေ ဆိုနေတာ ဘာ အကျိုးခံစားမှု ရှိလဲ? မေးတော့ သူ့မှာ သီချင်းတွေကို ဘောင် မခတ်ထားကြောင်း အခုခေတ် လူငယ်တွေ ပြန်ဆိုကြတာ ပြန်တီးကြတာတွေ ကောင်းကြောင်းသာ မှတ်ချက်ပြုပါတယ်။ ပြီးတော့ အတန်ငယ် နှုတ်ဆိတ်သွားပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိတော့ ပိုကောင်းတာပေါ့ ဗျာလို့ သဘောထား ကြီးစွာဆိုပါတယ်။

နောက်တခုက ကိုယ့်နာမည် သီချင်းမှာ ပြန်ထည့်ဆိုတာမျိုး လုပ်ခဲ့တာ မြန်မာပြည်မှာ သူ အစောဆုံးလောက် ဖြစ်နိုင်ပါသေးတယ်၊ "လားရှိုး က ....သီချင်းဆိုတဲ့ ....သိန်းအောင်ပါ" ဆိုတာ မျိုးပေါ့။ ဘယ်သီချင်း အကြိုက်ဆုံးလဲ ဆိုတော့ ပြည်တွင်းမှာ အောင်မြင်ခဲ့တဲ့ သီချင်းတွေဟာ များလို့ အကြိုက်ချင်း မတူလို့ ကွဲလွဲနိုင်ပါတယ်လို့ ဆိုတယ်။  နောက်ပိုင်း ဂီတ ကိစ္စတွေ မေးပြန်တော့ ..... အမိမြေကို စွန့်ခွာလာချိန်မှာ ကာကွယ်ရေးထဲ အရောက် တန့်ယန်း နဲ့ မိုင်၂၀ လောက်ဝေးတဲ့ စခန်းအကြောင်းကို ဖွဲ့ဆိုတဲ့ သူ့သီချင်း "အမှတ် (၁၂) ထင်းရူးတောင်" သီချင်းဟာ နောက်ပိုင်း ပြည်ပမှာ အောင်မြင်သလို၊ အမေရိကား ရောက်ပြီးမှ ရေးတဲ့ သီချင်းများ ထဲမှာ "အိမ်" ၊ "ဒို့ပြေ, ဒို့မြေ" ၊ "စိမ်းကားတဲ့ အချစ်"၊ "ယိုဒယား စကား မတတ်ဖူး" တို့ အောင်မြင်ပါတယ် ဆိုတယ်။ မြန်မာတေးဂီတ လောက က လူငယ်တွေကို ဘာပြောချင်လည်း ? မေးတော့ ရေစီးကြောင်း အရ ပြောင်းလဲမှုကို နားလည်ပါတယ်။ ရက်(ပ်) ဆိုလည်း ရက်(ပ်)၊ ပေါ့(ပ်) ဆိုလည်း ပေါ့(ပ်) ဟီရိဩတ္တပ တရားလက်ကိုင် ထားပြီး မောင်နှမ သားချင်းများ ဝိုင်းစုလို့ နားထောင်ရနိုင်မဲ့ သီချင်းများ ရေးကြဆိုကြဖို့ တိုက်တွန်း ပြောပါတယ်။ တိုင်းပြည် အတွက်ကိုတော့ ဒီမိုကရေစီ စံနစ်နဲ့သာ လျော်ညီကြောင်း၊ တိုင်းပြည်ကို ချစ်လို့ အမေရိကန် နိုင်ငံသား အဖြစ် ခံယူခွင့် တောင် မလျှောက်ပဲနေ နေကြောင်း ပြောပါတယ်။

သူ့ ရင်ထဲ အခု လတ်တလော ဘာတွေရှိမလဲ ညစ်ထုတ်ကြည့်တဲ့ အခါ " မြန်မာပြည်က ရွာတွေမှာ ရွာဦးထိပ်က သဲခု ထားတဲ့ သောက်ရေအိုးစင် က ရေ အေးအေးလေးသာ သောက်ချင် နေမိကြောင်း"
" တိုင်းပြည်ကသာ ထွက်လာခဲ့ပေမဲ့ တိုင်းပြည်ကို မမေ့ကြောင်း " သူ ပြောကြား လိုက်ချိန်ဟာ သူရော စာရေးသူရော ဘာမှ စကား မဆက်နိုင်ကြတော့ပဲ တဆစ်ဆစ်နဲ့ အိမ်ပြန်ချင်တဲ့ အတွေး  ကိုယ်စီနဲ့ပေါ့။

ဒီအချိန် ဆတ်ကနဲ မျက်နှာလွဲလို့ တက္ကဆတ် ကောင်းကင်ယံကို ကြည့်လိုက်တော့ မိုးစွေငှက် တချို့ဟာ အမြင့်ကိုသာ ဆန်လို့ ပျံနေကြဆဲလေ။

ဒူကဘာ
ဒီဇိုင်း သိန်းလှိုင်(လှိုင်းဘွဲ့)
ရွှေမော်ကွန်း၊၊ ၂၀၁၁၊မတ်လ

အယ်ဒီတာမှတ်ချက်
ဒူကဘာလို့ ပြောလိုက်ရင် ဘလော့ဂ်စာဖတ်သူတွေ တော်တော်များများ သိကြမှာပါ။ ဒူကဘာက သူရေးတဲ့ စာတွေကို “ချစ်တဲ့မနောမြေဘလော့ဂ်”ဆိုပြီး ဖွင့်လှစ်ပြီး ရင်ဘတ်ထဲက အနုပညာတွေကို ဘလော့ဂ်စာမျက်ပေါ်မှာ ခင်းကျင်းပြသသူ၊ ကျွန်တော် “လူထုအသံ အွန်လိုင်းဂျာနယ်”ဆိုတာကို စလုပ်တော့ ဒူကဘာက အယ်ဒီတာချုပ်အဖြစ်ပါ တာဝန်ယူလုပ်ဆောင်ပေးခဲ့တယ်။ 

လူထုအသံလုပ်ဖြစ်တာက ကျွန်တော်တို့ ရင်ထဲက ဖြစ်တည်လာတဲ့ အနုပညာတွေနဲ့ မိတ်ဆွေ ဘလော့ဂ်ဂါတွေရဲ့ ရင်တွင်းက ဖြစ်ပေါ်လာတဲ့ ခံစားမူစာစုတွေကို စီးဆင်းစေမယ့် မြစ်တစ်စင်းလို့ပြောရင်လည်းမှန်မယ်၊ လူထုအသံအွန်လိုင်းဂျာနယ် ဖြစ်ပေါ်ပြီး ခြောက်လလောက်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်ကျောခိုင်းခဲ့ပေမယ့် ဒူကဘာကတော့ အယ်ဒီတာချုပ်အဖြစ်ရော ချစ်တဲ့မနောမြေ ဘလော့ဂ်ရဲ့ အရှင်သခင်အဖြစ်နဲ့ပါ သူရင်ဘတ်တွေထဲက စီးဆင်းလာတဲ့ အနုပညာတွေကို ဆက်လက်ခင်းကျင်းပြသနေခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်က၊ ဒူကဘာ ကျန်းမာရေးဆိုးရွားမူတွေကြောင့်၊ ဆေးရုံတက်ကုသခံနေရတဲ့ အချိန်လောက်မှာပဲ၊ သူ့ဘလော့ဂ်ကို တစ်စုံတစ်ဦးက ဖျက်ဆီးလိုက်တာကို ခံလိုက်ရတယ်။ ၀ါသနာအရ၊ မအားလပ်တဲ့အချိန်လေးအတွင်းထဲက လူငယ်တွေကို အသိပညာနဲ့ ဗဟုသုတတွေ တိုးပွားစေလိုတဲ့ စေတနာ၊ သူဖန်တီးထားတဲ့ အနုပညာစာစုတွေ အားလုံးဖျက်ဆီးခံလိုက်ရတဲ့ အချိန်၊ သူဘယ်လောက်ထိ ခံစားရမလည်းဆိုတာ မေးကြည့်စရာမလိုအောင်ပါဘဲ။ 

ကျမ်းမာရေးကြောင့်ရော စိတ်ဓာတ်ကျဆင်းမူတွေကြောင့်ပါ သူ့စာအသစ်တွေ ထွက်ရှိမလာတော့ သူချစ်တဲ့ လူထုအသံ ကိုလည်း ကျောခိုင်းလို့ ဒူကဘာရဲ့အနုပညာမြစ်တစ်စင်းက စီးဆင်းနေတဲ့ အသံတွေက အခုချိန်မှာ တိတ်ဆိတ်လွန်းလှတယ်။ အဲဒီ တိတ်ဆိတ်ခြောက်သွေ့နေတဲ့ မြစ်တစ်စင်းထဲက အနုပညာအခင်းအကျင်း အပိုင်းအစတစ်ချို့ကို ရွှေမော်ကွန်းမှာ ပြန်လည်အသက်သွင်းလို့ စာဖတ်သူတွေ လက်ထဲအရောက် ပို့ဆောင်ပေးလိုက်ပါတယ်။ ဒူကဘာဆိုတဲ့ မြစ်တစ်စင်း အသွင်မပြတ်တဲ့ ချစ်ခြင်းအနုပညာတွေ လတ်ဆတ်တဲ့ ကောင်းကင်အသစ်အောက်မှာ လွတ်လပ်စွာ ပြန်လည်စီးဆင်းလာမယ့် တစ်နေ့ ….  အဲဒီတစ်နေ့ကျရင်တော့ လတ်ဆတ်တဲ့ အနုပညာတွေကို ပြန်လည်ခင်းကျင်းပြသလိမ့်အုံးမယ်လို့ မျော်လင့်လျှက်…… ။

ကမာနီလာ
ရွှေမော်ကွန်း
(တာဝန်ခံအယ်ဒီတာ)



ရင်ဘတ်တွေနဲ့ တူးဆွပူဇော် “ ရဲရင့်သက်ဇွဲ ”

Photobucket

ခေတ်ကို ရင်ဘတ်တွေနဲ့ တူးဆွကြည့်ကြတဲ့အခါ
ဧရာဝတီက သူ့ နှလုံးသားထဲက အရိုးခံအတိုင်း
သင်တို့ ကို စီးဆင်းပြလိမ့်မယ် ….
ကြာခဲ့ပါပြီ
ဒါပေမယ့် … မနေ့ တနေ့ ကလို
အထက်ဗမာပြည်ရဲ့  နွေနေ အပူမီးက
ဆယ်နှစ်သားလေးရဲ့ ရင်မှာ
ကြေကွဲမှုနဲ့ တောက်လောင်တဲ့ မီးကို
လက်မှိုင်ချလို့ သာနေရတော့တယ်။

မြတောင်ကျောင်းကြီးရဲ့ 
စားတော်ဝန်ဦးခဲကျောင်းလက်ရန်းပေါ်ကနေ
မြင်တွေ့ ရတဲ့ မြင်ကွင်း တသက်မမေ့နိုင်စရာ
(သာသနာမြေပလ္လင်အသရေလှပေတဲ့၊
ရွှေမြတောင်သာတဲ့တိုက်ဆီက၊
နေလနှစ်ဆောင် ပါတော်မူတဲ့ အခိုက်တို့ဖြင့်၊)
အရှင်နှစ်ပါး ပါတော်မူခန်း ဇာတ်လမ်းကကြမ်းတယ်
မုန်တိုင်းတခုရဲ့ ဗဟိုချက်လိုမျိုး ဇာတိမာန်က
ဆယ်နှစ်သားလေး သွေးသားထဲကိန်းဝပ်တယ်
ကုန်းဘောင်မင်းဆက်ရဲ့ ကျဆုံးခန်း
ကိုယ့်မင်းကိုယ့်ချင်းဇာတ်သိမ်း ပတ်စာခွါ ဖျာသိမ်း
သမိုင်းမှာ မြန်မာတို့ ရဲ့ လွတ်မြောက်ရေးသွေးအလိမ်းလိမ်းနဲ့ …။

နှစ်ကာလများ ဖြတ်သန်း
ဇာတိမာန်ကြီးထွားမှုလမ်းမှာ
မစ္စတာမောင်မှိုင်းမှသည်
“ဒို့ဗမာတခွင်သခင်ထိုအကျော်အမော်ဂိုဏ်းတွင်ဖြင့်၊
မျို့ရတနာသဘင်အကြင်ဗြဟ္မစိုရ်ဇော်ကသိုဏ်းတွေနှင့်၊
ပလ္လင်ဗဟိုသော်တနှိုင်းပေပဇမ္ဗူသမိုင်းပျော်စရာအခြေ
(သခင်ကိုယ်တော်မှိုင်း) ရယ်လို့ လူတိုင်းခေါ်ကြစေ ”
သခင်ကိုယ်တော်မှိုင်း ဘွဲ့ အမည်ခံ နယ်ချဲ့ ကို အာခံခဲ့တယ်…
အကျိုးအပြစ်ကို အချိုးအဆစ်ချကြည့်စရာမလို
နယ်ချဲ့ ရဲ့ ရန်သူစာရင်းမှာ နံပါတ်တစ် သခင်ကိုယ်တော်မှိုင်း
အဲဒီအတိုင်း တိုင်းပြည်နဲ့ လူမျိုးကို ချစ်ခဲ့တယ် …။

ဂျပန်အကူအညီနဲ့  အင်္ဂလိပ်နယ်ချဲ့ ကိုတိုက်ထုတ်
အဲဒီ ဂျပန်တွေကပဲ ပြည်သူလူထုကို ရိုက်ပုတ်လေတော့
သခင်ကိုယ်တော်မှိုင်းလဲ မနေသာ
“ မင်းတို့ပင့်လာတဲ့ဘုရားတွေ ကြည့်လည်းလုပ်ကြဦးကွာ၊
တိုင်းပြည်မှာလူတွေကို သိပ်ညှဉ်းဆဲကုန်ပြီ ”
သူ့ တပည့်တွေကို ပြောရပြန်တာပါပဲ၊
လက်တွဲဖော် တပည့်တပန်းများ လုပ်ကြံခံရတော့
သြော် တောင်နန်းမြောက်နန်း အဆောင်ကြငှန်းနဲ့၊
အခေါင်မမြန်းရခင်က၊ အောင်ပန်းညို့ရရှာတဲ့၊
အောင်ဆန်းတို့ သေပုံနှမြော။
ဆရာကြီးက အာဇာနည်ဗိမာန် လေးချိုးကြီးနဲ့  ရင်ကျိုးခဲ့ရတယ်၊

လွတ်လပ်ရေးလဲ ရပြီ
ပြည်တွင်းစစ်လဲစပြီ
အရွယ်ညောင်းလို့  ဇရာလည်းထောင်းလာတဲ့
ဆရာကြီးခမျာ မနားရရှာ
ငြိမ်းချမ်းရေးသာ
ငြိမ်းချမ်းရေးသာ တိုင်းပြည်အတွက် အရေးကြီးလာ
ဆရာကြီးရဲ့  ဦးခေါင်းပေါ် စုပြုံရောက်လာတာပဲမဟုတ်လား
တနေ၀င် တနေထွက် ဆက်လိုက်ရတဲ့ခရီး
ငြိမ်းချမ်းရေး မီးတောက် အလင်းမပျောက်ဘို့ ကြိုးစား
ရေခြားမြေခြားလဲသွားရ ပြည်တွင်းမှာလဲဟောရပြောရ
ဆရာကြီးရဲ့ စိတ်ထား တကမ္ဘာလုံးက လေးစားတန်ဖိုးထားသမို့ 
စတာလင်ငြိမ်းချမ်းရေးဆု ကိုပေးအပ်
ဆရာကြီးရဲ့  ဂုဏ်ကိုအထွတ်အမြတ်ဖြစ်စေခဲ့ကြတယ် …။

ဆရာကြီးရဲ့ အသက်တွေသာ ကြီးရင့်ပြောင်းလဲ
တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ ခေတ်ကြီးက မပြောင်းမလဲ
(၁၉၅ဝ)ခုနှစ် မန္တလေးဘုရားကြီး (၄၅)တာကွင်းကြီး
ငြိမ်းချမ်းရေး လူထုတရားပွဲကြီးမှာ
‘ဆရာမသေခင် ငြိမ်းချမ်းရေး ရတာကို မြင်ချင်တယ်’ လို့
တမ်းတကြေကွဲတဲ့ အသံ
ခေတ်တိုင်းမှာ မျိုးဆက်တိုင်းမှာ ပဲ့တင်ရိုက်ခတ်နေဆဲပဲ …၊

တော်လှန်ရေးခရီးကြမ်းမှာ
လွတ်လပ်ရေးအလွန် ငြိမ်းချမ်းရေး ခရီးလမ်းမှာ
အသက်အရွယ်ကို မငဲ့အား
ကျရာတာဝန်ကို ထမ်းရွက်ရှာသူ က၀ိဆရာတဆူရဲ့  သမိုင်း
ပကတိ အမှန်အတိုင်း စိတ်ရှိတိုင်းရေးရရင်
ကမ္ဘာပေါ်မှာ အပြည့်အစုံဆုံး
အမျိုးသားလွတ်မြောက်ရေးသမိုင်းအတ္ထုပ္ပတ္တိ စာအုပ်
ဗမာပြည်ကထုတ်တယ် ဖြစ်ရော့မယ် …..။
မိတ်ဆွေတို့ ရေ ……
ဆရာကြီးကို လေးစားမြတ်နိုး ရှစ်ခိုးပူဇော်
ဆရာကြီးရဲ့  လေးချိုးထဲကစာသားနဲ့  တိုက်ပွဲကိုခေါ်
တိုက်ပွဲကိုဖေါ်ကြပါစို့ ….
အရေးကြီးလျင်ဖြင့် သွေးစည်းပြီး
သွေးနီးရာဆိုသည့်အတိုင်း.......
ကိုင်း ထထကြွကြွနှင့်
ဝိုင်းကြပေရော့.......။

ရဲရင့်သက်ဇွဲ
(မတ်လ ၂၃ မှာကျရောက်မယ့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းမွေးနေ့ အား
မတ်လ ၂၃ ရက်နေ့ တွင်မွေးသောမိမိမှ ဤကဗျာဖြင့် ပူဇော်အပ်ပါသည်။)

ရွှေမော်ကွန်း၊ ၂၀၁၁၊ မတ်လ

ကွန်ယက် “ငြိမ်းစိုးဦး ”

Photobucket

အတ္တ အကျိုး အတွက် မာန်မာန က လက်ညှိုးထောင်နေတုန်း
ပြည့်လာ ကျပ်လာလို့ ပြည့်ကျပ်မှုကို လျှော့ချပြီး
ကိုယ့် ကိုယ်ကိုယ် ကိုယ်ချင်းစာ ပုရစ်ဖူးတွေ ဖြစ်ခဲ့ရာမှ
ပွင့်လာတဲ့ ပန်းကလေးတွေဟာ ရနံ့ မွှေးပျံ့လာပါတယ် ။

သင် ၊ မြင် ၊ ကြား ၊ ထား  ဆရာတို့ရဲ့ နည်းစနစ်မှာ
ဝေဒနာအားလုံး ကို ဖောက်ထုတ်လိုက်တဲ့ အခါ
ဗင်ဂိုး ရဲ့ နားရွက်ဟာလည်း ဆိုကရေးတီး ရဲ့ အဆိပ်ခွက်ထဲမှာ
ကျန်းမာတဲ့ သွေးကို ပို့ဆောင်လှည့်ပတ် နေပါတယ် ။

မနက်ဖြန် ရဲ့ အစီအစဉ်ကို မသိနိုင်ပေမယ့်
အသံတိတ် လိမ်ညာမှု သြဇာအောက်က ရုန်းကြွလာကြပြီး
ရောင်စဉ်တွေကို ထွန်းညှိလိုက်ပါတယ်
လိပ်ပြာတွေ ရင်ခုန် လှုပ်ခတ်နေကြပြီ ။

ယုံကြည်မှု ကန့်လန့်ကာ အဖွင့်မှာတော့
ခရီးစဉ်တွေ ထွက်ခွာခဲ့ကြပါတယ်
မွေးရာပါ အမှတ်က ခံစားချက် အတိုင်း တုန့်ပြန်ရင်း
မိဘတို့ ပေးသော အမည်ကို နဖူးမှာ ရေးထိုးလျက် ...   ... ။

ငြိမ်းစိုးဦး

ရွှေမော်ကွန်း ၂၀၁၁၊ မတ်လ

Twitter Delicious Facebook Digg Stumbleupon Favorites More