ကြယ်နီရောင်

bamaw tinaung

ကြယ်နီရောင်
အဖိနှိပ်ခံ ပြည်သူတွေရှေ့က အလံဝှေ့ယမ်းနေတဲ့
စာပေခေါင်းဆောင်
စာရေးဆရာ ဗန်းမော်တင်အောင်

လင်းယုန်ရဲ့ အတောင်ပံရိုက်ချိုးဖို့
ကိုးကိုးကျွန်းနဲ့ အကျဉ်းထောင်
ပင်လယ်ကျောက်ဆောင်နဲ့ လှိုင်း
မုန်တိုင်းတွေကြားတဲမှာ
ရဲရင့်စွာ ခေါင်းဆောင်
အဲဒါ ဗန်းမော်တင်အောင်။

မတရားမှုကို တိုက်ပွဲဝင်
ဖြူစင်တဲ့ အကျင့်စာရိတ္တ
အခွင့်ထူးမမက်တဲ့ သီလ
ခေါင်းမငုံ့ တတ်တဲ့ မာနနဲ့
စိတ်ဓါတ်မကျဘဲ ရှေ့ကဦးဆောင်
အဲဒါ ဗန်းမော်တင်အောင်

အမိုက်မှောင်ဆုံးကာလတွေမှာ
ထွန်းပလာခဲ့တဲ့ စာပေကြယ်နီရောင်
ပြည်သူတို့ရဲ့ ဗန်းမော်တင်အောင်။   ။

တင်မိုး
၂.၁၀.၉၈
(၂၃.၁၀.၇၈ နေ့တွင်ကွယ်လွန်ခဲ့သည့် ဗန်းမော်တင်အောင် နှစ် ၂၀ ပြည့် တုန်းက ဆရာဦးတင်မိုး
ရေးခဲ့တဲ့ကဗျာလေးပါ။ )
ရွေမော်ကွန်းမဂ္ဂဇင်း ၁၉၉၈-နိုဝင်ဘာ၊ အတွဲ၁၇

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More