လူကြီးကဗျာ “ နေဇော်နိုင် ”

Photo by google

သူတို့လူကြီးဖြစ်လာရင်
ကလေးတွေကိုချစ်တတ်ဖို့
အခု… လူကြီးဖြစ်နေတဲ့ ကျွန်တော်တို့က
သူတို့တွေကို ချစ်တတ်၇မယ် ။

သိဒ္ဓတ္တလို
အတွေးနဲ့ မျှော်မကြည့်တတ်ရင်နေပါစေ
ကလေးတွေရဲ့ နံရံပေါ်မှာ
ဘာကြော်ငြာမှ မကပ်လိုက်ပါနဲ့ ။

ချစ်တတ်ရင်
သေနတ်မောင်းဖြုတ်မယ့်
ခင်ဗျားလက်ညိုးကို ထိုးပေးလိုက်
ကလေးတွေက
နို့ထွက်လာအောင် စုပ်ယူနိုင်တယ် ။

ယုံကြည်ရတာဆိုလို့ ဘုရားသခင်
အနုပညာနဲ့ ကလေးတွေဘဲရှိ
ကလေးတွေက
လူကြီးတွေကို ယုံကြည်ဖို့ကြတော့
ခုထိ ပြောရဆိုရတုန်းမဟုတ်လား ။

ကျွန်တော်တို့
ပန်းသီးတစ်ကိုက်နဲ့ အိပ်ငိုက်ခဲ့ဖူးပြီ ။

ငွေစက္ကူထဲ
ကိုယ့်အတ္တ ကိုယ်ပြန်ရှာရင်း
အဖျားအနာ ထူပြောခဲ့ပြီ
ကျွန်တော်တို့ ၀လုံးတွေလည်း
ရွဲ့စောင်း ယိုင်နဲ့နေပါပြီ။

သူတို့မှာ
ဝိုင်းစက်တဲ့ ၀လုံးတွေလည်းရှိ
လှတဲ့အနာဂတ်လည်းရှိ
သူတို့ နိုင်ငံတော်ကိုလည်း သူတို့သိရဲ့

ကျွန်တော်တို့
ကလေးတွေရဲ့ ကမ်းစပ်မှာ
လေညှင်းကလေးတွေ တိုက်ခတ်ဖို့

ဘွတ်ဖိနပ်အောက်က မြေကြီးပေါ်မှာ
စံပယ်ပန်းတွေ စိုက်ပျိုးဖို့

ကလေးတွေရဲ့ တံစက်မြိတ်အောက်မှာ
လရောင်ကလေး ချိတ်ပေးဖို့

သူတို့ အာရုဏ်ဦးမှာ
နှင်းဆီတစ်ထောင်ခူးနိုင်ဖို့

သိဒ္ဓတ္တလို
အတွေးနဲ့ မျှော်မကြည့်တတ်ရင်နေပါစေ
ကလေးတွေရဲ့ နံရံပေါ်မှာ
ဘာကြော်ငြာမှမကပ်လိုက်ပါနဲ့ ။

နေဇော်နိုင်
ရွှေမော်ကွန်း မဂ္ဂဇင်း အမှတ်(၁၁)

1 comments:

အရမ်းကောင်းတဲ့ကဗျာလေး
ခုမှတ်ဖတ်မိပါတယ်။
လင့်ခ်လေးယူသွားပါရစေ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Twitter Delicious Facebook Digg Stumbleupon Favorites More