သခင်လွင်


    ဂဠုန်ဦးစောက သာဓုကို ဗေဒင်ဟောခဲ့သည့်အတိုင်းသော်လည်းကောင်း၊ ဤစာအုပ် တစ်နေရာတွင် ဖော်ပြထားသည့် နိုင်ငံရေးသမားအချို့၏ ဖောက်ပြန် မှုကို စိတ်မနှစ်မြို့၍ လည်းကောင်း သာဓု နိုင်ငံရေးမှထွက်ပြီး ပေါင်ဒါ လုပ်ရောင်းရာမှ ဂျပန်ပြေး၍ အင်္ဂလိပ်ပြန်ရောက်လာသော (စီ အေ အက်စ် ဘီ) စစ်အုပ်ချုပ်ရေးခေတ်တွင် ရှားရှားပါးပါး အသံချဲ့စက်တစ်ခု သာဓုတွင် ရှိနေ၏။

    ပေါင်ဒါရောင်းရာတွင် အသံချဲ့စက်နှင့် ဓာတ်ပြားဖွင့် ရောင်းရသည်မှာ အလွန်တွက်ခြေကိုက်၏။ မျက်နှာပန်းလည်း လှ၏။ တရုတ်ဆေးတိုက်များ၊ ကုလား ဘီဒီဆေးလိပ် ကုမ္ပဏီများ၊ ဆပ်ပြာလုပ်ငန်းများကလည်း သာဓု၏ အသံချဲ့စက်ကို အလုအယက် ငှားကြ၏။ ကားရော အသံချဲ့စက်ပါဆိုလျှင် တနေ့ ၁၅ဝ ကျပ်မှ ၂ဝဝ ကျပ်အထိ ရ၏။ ကွက်သစ် မင်္ဂလာဆောင်၊ ရှင်ပြု၊ အသုဘတို့ပါ အသံချဲ့စက် သုံးလာသည်မှာ သာဓု အသံချဲ့စက်က စခဲ့ခြင်းဖြစ် ၏။ မှတ်မှတ်ရရ ကျားကူးကွက်သစ် မင်္ဂလာဆောင်မှ ပထမဖြစ်လျက် သာဓု၏ ပူတူတူး ပုံနှိပ်တိုက်တွင် မင်္ဂလာဖိတ်စာ လာအပ်၏။

    သတို့သားနှင့် သတို့သမီးတို့မှာ စစ်ပြေးဒုက္ခသည်များဖြစ်လျက် ဖိတ်စာ တွင် ဖော်ပြထားသော ဂုဏ်ထူးဝိသေသများသည်ကား ဆိုလျှင် . . .


    ဆိုက်ကားပိုင်းရှင် ကိုသောင်းထိန်
    ကို
    မြ မုန့်ဟင်းခါး မမြခင်
    နှင့်
    မိဘတို့ ဝတ္တရားရှိသည့်အတိုင်း

    ထိုမင်္ဂလာပွဲမှ အစပြုလျက် အသံချဲ့စက်၏ ဆူညံမှုများကို နားဝင်သွား၍ လော မသိ။ မင်းမနိုင်ကွက်သစ်၊ ကပ္ပလီကွက်သစ်၊ ဖ ဆ ပ လ ကွက်သစ်၊ ထောင်ခြံကွက်သစ် စသည်တို့မှ ငှားရမ်းကြခြင်းဖြင့် သာဓုပွဲဆက်နေရတော့၏။ တစ်ခါတစ်ရံ အသံချဲ့စက် မအားလပ်သောကြောင့် မင်္ဂလာပွဲရက် ရွှေ့ရသည် များလည်း ထူးခြားစွာ ကြုံတွေ့ရ၏။

    ထိုအထဲတွင် ဘုန်းကြီးတရားပွဲများကလည်း လာကြသေးသည်။ သာဓု မလိုက်။ ဓမ္မကထိကများ အာဝဇ္ဇန်းရွှင်လာလျှင် နားချိန်မရ ဆက်တိုက်ဖွင့်ရ သောကြောင့် စက်ပူသည်။ မီးလုံးပျက်သည်။ ဘက်ထရီအားကုန်မြန်သည်။ တရားဟောကောင်းဆဲ စက်အသံ လျော့သွားလျှင်၊ ပျက်သွားလျှင် ပြဿနာ တက်ချေမည်။ ထို့အတူ နိုင်ငံရေးတရားပွဲများကိုလည်း သာဓုမငှား။

    သို့တိုင်အောင် မငြင်းသာသော ကိစ္စတွေ ပေါ်လာသည်။ တစ်ကြိမ်သော် သခင်လွင်နှင့် သခင်လှကျွေ ပေါက်လာသည်။ ဗိုလ်ချုပ်အောင်ဆန်း တရားပွဲ အတွက် အသံချဲ့စက် ငှားရမ်းလာခြင်း။

    အခြားသော နိုင်ငံရေးတရားပွဲများကို သာဓု ငြင်းဆန်ခဲ့သော်လည်း လုပ် ဖော်ကိုင်ဖက် နိုင်ငံရေး သခင်များကိုကား သာဓု ခေါင်းမခါရက် ဖြစ်သွားသည်။ သို့နှင့် တရားပွဲကျင့်ပရမည့် နေ့ရောက်သောအခါ သခင်အောင်ဆန်း (ဗိုလ်ချုပ်) နှင့် မတွေ့လိုသောကြောင့် သားတပည့်ဖြစ်သူ မောင်မောင်လှ (ယခု ရောင်စုံ ပုံနှိပ်ကာလာ မောင်မောင်လှ) ကို လွှတ်လိုက်ပြီး သာဓုကမူ အသံချဲ့စက် ပျက် လျှင် လုပ်ပေးရန် တရားနာပရိသတ်ထဲတွင် ထိုင်စောင့်ခဲ့၏။

    (မှတ်ချက်။ ။ သခင်အောင်ဆန်းနှင့် မတွေ့လိုသည့်အကြောင်းမှာ အတင်း ခေါ်၍ နိုင်ငံရေးထဲဆွဲသွင်းမည်စိုး၍ အတွေ့မခံလိုခြင်းဖြစ်သည်။ တစ်ဖန် ထိုစဉ် က ကွန်မြူနစ်ပါတီ သခင်သန်းထွန်းကလည်း ခေါ်သည်။ ဆိုရှယ်လစ် သခင်မြ ကလည်း ခေါ်သည်။ သခင်သန်းထွန်းနှင့် မသင့်မတင့် ဖြစ်နေသူ အလံနီဖြစ်အံ့ ဆဲဆဲ သခင်စိုးကလည်း ခေါ်သည်။ ကြားနေသခင်များကလည်း လာ၍ စည်းရုံး သည်။)

    အချိန်မှာ ပြည်သူ့ရဲဘော်များပင် နှစ်စုသုံးစုကွဲမည့် အရိပ်အရောင် သမ်းနေ သည်။ အချင်းချင်း တိုက်ကြမည့် အလားအလာကလည်း ရှိနေသည်။ သာဓု သည် နယ်ချဲ့သမားကိုသာ တိုက်လိုသည် အချင်းချင်း ရန်မီးမပွားလို၊ မပွားစေ ချင်၊ နယ်ချဲ့ကိုတိုက်၍ လွတ်လပ်ရေးရရန်အတွက်မူ သာဓု အတတ်နိုင်ဆုံး ကူညီနေခဲ့သည်။ (အသတ်ခံရတော့မည်အထိ ဖြစ်ခဲ့ရသည်။) သီးခြား ဖော်ပြပါ အံ့။

အြ>ွမြာ>ွမာကွဲနေသော မည်သည့်သခင်ကဖြစ်စေ၊ နယ်ချဲ့ဆန့်ကျင်ရေးကိစ္စ နှင့် လာလျှင် သာဓုမငြင်း။ သို့သော် ဒီပါတီဝင်ပြီး ဟိုပါတီကို မဆဲချင် မတိုက် လို။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ရှောင်ခြင်းဖြစ်၏။

ထိုသည်မှစ၍ မကြာခဏဆိုသလို သခင်လွင်၊ သခင်လှကျွေတို့ အသံချဲ့ စက် လာလာဆွဲသည်။ ထိုအစည်းအဝေး၊ ဤတရားပွဲ စသည်တို့ကို သာဓု လိုက်ကူညီရ၏။ တစ်ခါတရံ ၇၅ ကျပ်၊ ၁ဝဝ ကျပ်မျှ ပေး၏။ အကြိမ်ကြိမ် လည်း တစ်နေ့ ၂ဝဝ ကျပ်ရသည့် အလုပ်ကို ဖျက်၍ သူတို့နှင့် လိုက်သွားရ သည်။ တစ်ပြားမှမရသည့်ပြင် ဓာတ်ဆီဖိုးပါ သာဓုက စိုက်ရ၏။

တစ်နေ့သော် နံနက် ၆ နာရီလောက် သခင်လွင်ရောက်လာသည်။ မရမက နှိုးသည်။ ချင်း ဗမာ ညီလာခံရှိနေ၍ အသံချဲ့စက်ရော ကားပါ လိုက်ကူရန်ပြော သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ သခင်ဝတင်ကြီးတို့လည်း ပါမည် ဟု ပြောသည်။ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ယောတို့အထိ ရောက်ကြမည်။ ထိုမျှ ဝေးသောအရပ်သို့ သာဓုလိုက်၍ မဖြစ်နိုင်။ ရန်ကုန်တွင်လည်း အလုပ်တစ်ဖက် ရှိနေကြောင်း ပြောသော်လည်း မရ။ လူပုသလောက် စိတ်ရှည်ရှည်နှင့် ပြောနေ သူ သခင်လွင်အား သာဓုမငြင်းသာ ဖြစ်သွားရပြီး နောက်တစ်နေ့နံနက် ရန်ကုန် မှ ထွက်ကြသည်။

ည ၉ နာရီ သာသာ ပြည်မြို့သို့ ရောက်သော် တိုက်တစ်လုံးတွင် အိပ်ကြ ရန် ပြင်ဆင်ကြသည်။ သာဓုမှာ သူတစ်ထူးအိမ်တွင် အိပ်တတ်သူ မဟုတ်၍ ကားထဲတွင်ပင် အိပ်သည်။ မကြာမီ တပည့်ကျော် မောင်မောင်လှက လာနှိုးပြီး သခင်လွင် ခေါ်နေကြောင်း ပြောသဖြင့် ထသွားရာ . . .

'ကဲ၊ သခင်ဖေသန်း အစီအစဉ်ကတော့ ပြောင်းလိုက်ရပြီဗျာ၊ ခရီးဆက်ကြ စို့'

'ဘယ်ကိုလဲ'

'ဒီည ရောက်သလောက် မောင်းပေါ့ဗျာ၊ အာလံအထိ ဖြစ်ဖြစ်ပေါ့' ဟု သခင်လွင်က တစ်စုံတစ်ရာ ပူပန်နေသော အမူအရာဖြင့် ပြော၏။

'ဟာဗျာ၊ ကျွန်တော် ခု ကားမောင်းလာရတာလည်း တွက်ကြည့်ဦး၊ မိုင် ၂ဝဝ နီးပါးဗျ၊ ပြီးတော့ လမ်းတွေ ပျက်နေလို့ ရှောင်ရတိမ်းရနဲ့ ဘယ်လောက် ပင်ပန်းသလဲ'

'ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီည ခရီးမဆက်ရင် မဖြစ်တော့လို့'

'ဒီမှာ သခင်လွင်၊ ခင်ဗျားတို့က ကားထဲထိုင်လိုက်လာရတာ၊ အိပ်ချင်လဲ အိပ်လို့ရသေးတယ်၊ ကျွန်တော်က ခြေရောလက်ရော မျက်စိရော နားရော တစ် လမ်းလုံး အလုပ်လုပ်လာရတာဗျ၊ တစ်ကိုယ်လုံး နာနေပြီ'

'အေးပါဗျာ၊ ဒါပေမယ့်လဲ'

'ဒါပေမမယ့်နဲ့တော့၊ ကျွန်တော် ညောင်းတယ်၊ အိပ်လည်းအိပ်ချင်တယ်'

သခင်လွင် တွေသွားသော်လည်း နောက်ထပ် သူပြောချင်နေသေးပုံရ၏။ ထိုစဉ်က သူသည် ဖ ဆ ပ လ အလုပ်သမားဌာန ကိုင်နေသည် ဖြစ်သော ကြောင့် . . . .

'ခင်ဗျား သိသားမဟုတ်လား၊ အလုပ်သမားတွေ တစ်နေ့ ဘယ်နှစ်နာရီ အလုပ်လုပ်ရမလဲ၊ ခု ကျွန်တော် မောင်းလာတာ မနက် ၅ နာရီက ည ၁ဝ နာရီ ထိ'

တမင်းကပ်သတ်ပြောခြင်းကား မဟုတ်။ ရဲဘော်ရဲဘက်ချင်း၊ အနေဖြင့် သူ့ ကို ကလိလိုက်သည်သာဖြစ်၏။ ဤတွင် သခင်လွင်မျက်နှာ ပို၍အိုသွားသည် ထင်လိုက်ရ၏။ တစ်စုံတရာ ဘာမျှမပြောသေးဘဲ အတူပါသာ သခင်မောင်မောင် သခင်ဘသက် (ယခင်တလောက ရုပ်ရှင်ကောင်စီ) တို့ကိုသာ တစ်လှည့်စီ ကြည့်နေ၏။

သာဓုလည်း ခပ်တည်တည်ထသွားကာ မောင်မောင်လှအား အိပ်ရာများ ပြန်လည်သိမ်းဆည်း၍ မော်တော်ကားမှ ရေနှင့် စက်ဆီများ အသင့်လုပ်ထားရန် ပြောကာ ခပ်လှမ်းလှမ်း၌ အပေါ့သွားနေစဉ် သခင်လွင် ရောက်လာ၏။

'ကဲ သခင်ဖေသန်း၊ ခင်ဗျား စိုးရိမ်နေမှာစိုးလို့ ဖွင့်မပြောတာ၊ ဒီလိုရှိတယ် ဗျ၊ ကျွန်တော်တို့နောက်က ကားတစ်စီးနဲ့ ဗိုလ်ချုပ်တို့ နက်ဖြန်လိုက်လာလိမ့် မယ်၊ အဲ့ဒါလှမ်းပြီး အကြောင်းကြားလိုက်ပြီ၊ နောက်နေ့မှာလာဖို့ အခြေအနေ မကောင်းဘူး၊ ဗိုလ်ချုပ်တို့ရဲ့ လှုပ်ရှားမှုမှန်သမျှကို နယ်ချဲ့ကရော ဗမာအချင်း ချင်းကရော နှောက်ယှက်နေကြတယ်၊ လာဗျာ'

သာဓုအား တိုက်ပေါ်သို့ ဆွဲခေါ်သွားပြီးမှ . . .

'ခုလည်း ဗိုလ်ချုပ်တို့ လာမယ်ဆိုတာကို လမ်းကနေ တစ်ခုခု နှောက်ယှက် လိမ့်မယ်လို့ သတင်းရထားတယ်'

'ဘာလဲဗျ၊ ဒီလိုတော့ ကျွန်တော့်ကို မလှန့်နဲ့ဗျာ၊ အားလုံး အသင့်ဖြစ်နေပြီ၊ ခင်ဗျားတို့လည်း ပြင်ကြတော့၊ လာ မောင်းမယ်'

ပြည်မှ ည ၁၁ နာရီလောက် ထွက်ခဲ့ကြရာဝယ် လမ်း၌ သခင်လွင်က ဆက်၍ ပြောသေး၏။ ဗိုလ်ချုပ်သည် ကားလမ်းမှမလာတော့ဘဲ မီးရထားဖြင့် သွားလိမ့်မည်ဖြစ်ကြောင်း ပြည်မြို့တွင် သတင်းလွှင့်ထားခဲ့သည်ဟူ၍။

ထို့နောက် ၁၅ မိုင်လောက် မောင်းမိသည်တွင် သခင်မောင်၊ သခင် ဘသက်ကြီးတို့အပြင် ရဲဘော်ဟောင်းအချို့ပါ ကားနောက်ပိုင်းတွင် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။

'ဒီမှာသခင်ဖေသန်း၊ ကားကို ရပ်ခိုင်းရင် ရပ်မပေးနဲ့နော်၊ ယူနီဖောင်းနဲ့ဖြစ် ဖြစ်၊ ဘာဖြစ်ဖြစ်၊ ဆောင့်သာ တိုက်ပစ်လိုက်ဗျာ'

'စိတ်ချ၊ ခုန ခင်ဗျားပြောကတည်းက ဒါစဉ်းစားပြီးသားပဲလေ၊ နို့ ခင်ဗျား တို့ဆီလည်း ဟိုဟာတွေပါသားပဲ၊ အသင့်လုပ်ထားပေါ့'

'မှောင်ခိုလော လိုင်စင်နှင့်လောမသိ စတင်းရော ပစ္စတိုရော လက်ပစ်ဗုံးပါ သူတို့ ယူလာကြသည်။ ဘသက်ကြီးကပင် သာဓုအား ပစ္စတိုတစ်လက် ပေးသေး သည်။ လိုရမယ်ရဟု။

'မကိုင်ချင်းပါဘူးဗျာ၊ ဒါတွေ ပစ်လည်းမပစ်တတ်ဘူး' ဟု ပေါင်းတည်မှ အထွက်တွင် သာဓု ပြောပြီး ငြင်းခဲ့ရသေးသည်။

နောက်တစ်နေ့လည်း သာဓုမအိပ်ရသေး၊ လက်ပံချေပေါ်အထိ ငိုက်ငိုက်နှင့် မောင်းခဲ့ရသည်။ ဘာအန္တရာယ်မှ မတွေ့ရ။ သို့သော် ချောက်မြို့နှင့် လက်ပံချေ ပေါ် ကြားလော၊ ပုဂံနှင့် လက်ပံချေပေါ်ကြားလော မမှတ်မိတော့။ သဲလမ်း တစ်လျှောက် ကွေ့ကောက်မောင်းရသည်မှာ ကားလည်းနာ၊ လူလည်းမသက်သာ တစ်ခါတစ်ခါ သဲနစ်ပြီဆိုလျှင် (တစ်ချိန်တွင် ဝန်ကြီးဖြစ်လာမည့်) သခင်လွင်ပါ ဆင်းတွန်းရသည်။

နှစ်မိုင်လောက် မောင်းမိလျှင် တစ်ခါဆိုသလို တွန်းကြရ၍ သူတို့လည်း မသက်သာ၊ ကားလည်း စက်ပူသောကြောင့် . . .

'ကဲ မတက်ကြနဲ့တော့ဗျာ၊ ကားလည်း ပေါ့ပေါ့ပါးပါး သွားရအောင်၊ ခင် ဗျားတို့လည်း မတွန်းရအောင် လမ်းသာ လျှောက်လိုက်ခဲ့ကြတော့'

စကားအဆုံးတွင် သာဓုလည်း ဝုန်းခနဲ မောင်းထွက်သွားပြီး လမ်းကောင်း မည့် နေရာလောက်တွင် စောင့်ရ၏။ ကားလမ်းဟုပင် ဆိုရသော်လည်း အမှန်မှာ လှည်းများပင် ကြောက်သောလမ်းဖြစ်၏။ သဲအလွန်ထူသည်၊ လမ်းဝဲယာတို့တွင် ဆီးပင် (ဇီးပင်) များ ပြည့်နေသည်။ ဆီးသီးများလည်းြ>ွပတ်နေသည်။ အသေး ဆုံးပင် ငါးမူးစေ့လုံးခန့် ရှိသည်။ သာဓုလည်း အားရပါးရ ခူး၍စားသည်။ နွား ကျောင်းသားနှင့် ဆွမ်းခံကျောင်းသား သုံးလေးယောက်ကလည်း ဆီးပင်ကို လှုပ် ခါချပေးသည်။

'ဟေ့၊ ဒီဆီးသီးတွေ ဘယ်သူမှ မခူးဘူးလား၊ မင်းတို့ကော မစားဘူးလား' ဟု သာဓုက ထိုင်ကောက်ရင်း စားရင်းက မေးသည်ကို . . .

'ဒီမှာတေ့ နွားတွေပဲ စားတယ်ဗျ'
သာဓု ပြုံးဖြဲဖြဲ အောင့်သွားရသည်။ မကြာမီ သခင်လွင်တို့ ရောက်လာ သည်။ ဘသက်ကြီးက စတင်းသေနတ် တကားကားနှင့် ဆီးသီးကောက်စား သည်။ နောက် အားလုံး ကုန်ကောက်ကြသည်။ စားကြသည်။

အတိုချုပ်ကြဆိုလျှင် ထီးလင်း၌ ညီလာခံ ကျင်းပသည်။ ဆားများ တောင်ပုံရာပုံ ရောင်းချပေးရာ ချင်းအမျိုးသားများ အလုအယက် ဝယ်ကြသည်။ သာဓုတို့ ငါးရက်မျှ နေခဲ့ရသည့် ကာလအတွင်း စိတ်မချမ်းသာဖွယ် အဖြစ်နှစ် ရပ်နှင့် ကြုံလိုက်ရသည်။

သာဓုတို့နှင့် အတူပါသူ ရဲဘော်တစ်ယောက်သည် ညီလာခံမတိုင်ခင် နှစ် ရက် အလို၌ ချင်းမပျိုတစ်ဦးနှင့် ရည်းစားလုပ်သည်။ ဒုတိယနေ့တွင် ချိန်းတွေ့ ရန် အစီအစဉ်လုပ်ကြောင်း သတင်းရ၍ ခေါင်းဆောင်လုပ်သူ သခင်လွင်အား တိုင်ကြားရန် ဖြစ်သော်လည်း သူက အရေးပေါ်ကိစ္စဖြင့် ပခုက္ကူဆင်းသွားသော ကြောင့် အခြားသူများနှင့် တိုင်ပင်သည်။ အားလုံးလိုလိုက အဆိုပါရဲဘော်အား မပြောဝံ့၊ ရွံ့နေကြသဖြင့် သာဓုလည်း သခင်ဘသက်ကြီးထံမှ ပစ္စတိုဆွဲကာ ပစ်နည်းပါမေးပြီး ထိုရဲဘော်ထံ ထွက်သွားသည်။

အဆင်သင့်ပင် ချင်းပျိုဖြူအိမ်နှင့် မလှမ်းမကမ်း တစ်နေရာတွင် ထိုရဲဘော် ကို တွေ့၍ ဟုတ်မဟုတ်မေးရာ သူက ဝန်ခံသည်။

'ကောင်းပြီ၊ ခင်ဗျား ဒီကောင်မလေးကို တကယ်ချစ်သလား၊ လက်ထပ်ယူ မလား'

သူတွေပြီး မျက်နှာကြီး ရဲလာသည်။ နောက် သူ့ကုတ်အင်္ကျီထဲသို့ လက် နှိုက်လိုက်သည်။ သူ့တွင် သေနတ်ပါသည်ကို သာဓု သိပြီးဖြစ်၏။ သာဓုကမူ ပစ္စတိုကို ပြောင်ပြောင်ကိုင်ထားသည်။ သာဓုအမေးကို သူ ရုတ်တရက်မဖြေ။

'ခု၊ ခင်ဗျားတို့ ကျွန်တော်တို့လာကြတာ ချင်း ဗမာ ညီလာခံနော်၊ ချစ် ကြည်ရေးလည်း ပါတယ်၊ အမှန်ချစ်ကြဦးတော့ ခုနေခါမှာ ရှောင်ရမယ် မဟုတ် လား၊ မတော်တဆ သံသယဖြစ်သွားရင် ဘယ့်နှယ်လုပ်မလဲ၊ ညီလာခံရော ချစ် ကြည်ရေးပါ ထိခိုက်မယ်'

သူ အံကြိတ်နေသည်။

'နောက်ပြီး တကယ် လက်ထပ်ယူမယ်ဆိုရင်လည်း ညီလာခံပြီးမှ သူ့ထုံးစံ ဓလေ့အတိုင်း လူကြီးတွေနဲ့ တိုင်ပင်စေ့စပ်'

'ခင်ဗျားနဲ့ ဘာဆိုင်လဲ'

သူ့အသံ တုန်ခါနေပြီ ဖြစ်၏။

'ဟုတ်တယ်၊ ခင်ဗျားတို့ အချစ်ကိစ္စ ကျွန်တော်နဲ့ မဆိုင်ဘူး၊ လူမျိုးရေးနဲ့ ဆိုင်တယ်၊ တိုင်းပြည်နဲ့ ဆိုင်တယ်၊ လွတ်လပ်ရေးအတွက် သွေးစည်းဖို့ လာကြ တဲ့အချိန်မှာ ခင်ဗျားအချစ်က ပိုအရေးကြီးနေသလား'

သာဓုတွင် စိတ်မထိန်းနိုင်ဖြစ်လာသည်။ အသားတွေလည်း တုန်လာသည်။ ဖြစ်လိုရာဖြစ်၊ ဤပြဿနာကို အသက်နှင့်လဲ၍ ကာကွယ်ရန် ဆုံးဖြတ်ပြီး ဖြစ် သည့်အတိုင်း . . .

'ဒီမှာရဲဘော်၊ ခင်ဗျား ချစ်တာကြိုက်တာ နောက်မှ လုပ်ချင်သလိုလုပ်ပါ၊ ညီလာခံ မပြီးမချင်းတော့ သည်းခံဖို့ ကျွန်တော် တောင်းပန်တယ်၊ ကောင်မလေး လာတွေ့ရင်လည်း ပြန်လွှတ်လိုက်ပါ၊ ဒါမှမဟုတ်ရင် ကျွန်တော့်ကို ပစ်သတ်'

သူ ဒေါသတကြီး ရှေ့တိုးလာသည်။ သာဓုကလည်း နောက်မဆုတ်၊ လူ ချင်းမှာ နှစ်ပေမျှသာ ကွာတော့သည်။

'ဒါပဲ ခင်ဗျား ဇွတ်လုပ်မယ်ဆိုရင်တော့ ကျွန်တော် ပစ်ရလိမ့်မယ်'

ရဲဘော်လက်နှိုက်ထားသော ကုတ်အင်္ကျီအိတ်မှာ ခပ်ခါခါ လှုပ်သွားသည်။ သာဓုကလည်း သူ လက်ထုတ်သည်နှင့် မောင်းဖြုတ်မည်သာ ဖြစ်၏။

'သခင်ဖေသန်း ခင်ဗျား ပြန်တော့ဗျာ'

'ရဲဘော်ပါလိုက်ရင် ပြန်မယ်'

'တောက်' ခနဲ သူခေါက်လိုက်သည်။

'ဒီကိစ္စကို ဗိုလ်ချုပ်သိသွားရင်၊ ဟင် သူမျက်နှာမှ မထောက် ချင်တော့ဘူး'

ရဲဘော်သည် ထိုစကားကြားသည်နှင့် နှိုက်ထားသောလက်ကို ထုတ်ပြီး သာဓုကို ဖက်သည်။ လက်နှစ်ဖက်စလုံးဖြင့် အားပါးတရ ဖက်သည်။ နောက် ဝမ်းနည်းပက်လက် ရှိုက်သည်။ သာဓုက ပြန်ဖက်ရင်း ဆွဲခေါ်ရာ အသာတ ကြည်ပင် လိုက်ပါလာသည်။

စင်စစ် သူလည်း သတ္တိခေသူမဟုတ်။ တိုက်ပွဲအမျိုးမျိုး နွှဲလာသူ ရဲဘော် ဟောင်းဖြစ်သည်။ ယခုလို သူလိုက်လျောသည်မှာ သာဓုကို ကြောက်၍မဟုတ်။ တိုင်းရင်းသား ချစ်ကြည်ရေး သွေးစည်းရေး ဆိုသည်ကို သဘောပေါက်သွား၍ လည်း မဟုတ်၊ 'ဗိုလ်ချုပ်အောင်ဆန်း' ဟူသော အမည်ကို သာဓု အချိန်မီ သုံး လိုက်မိ၍သာ ဖြစ်သည်ထင်၏။

(သာဓု လူဝါးဝတယ် စာအုပ်မှ)


    ဂဠုန်ဦးစောက သာဓုကို ဗေဒင်ဟောခဲ့သည့်အတိုင်းသော်လည်းကောင်း၊ ဤစာအုပ် တစ်နေရာတွင် ဖော်ပြထားသည့် နိုင်ငံရေးသမားအချို့၏ ဖောက်ပြန် မှုကို စိတ်မနှစ်မြို့၍ လည်းကောင်း သာဓု နိုင်ငံရေးမှထွက်ပြီး ပေါင်ဒါ လုပ်ရောင်းရာမှ ဂျပန်ပြေး၍ အင်္ဂလိပ်ပြန်ရောက်လာသော (စီ အေ အက်စ် ဘီ) စစ်အုပ်ချုပ်ရေးခေတ်တွင် ရှားရှားပါးပါး အသံချဲ့စက်တစ်ခု သာဓုတွင် ရှိနေ၏။

    ပေါင်ဒါရောင်းရာတွင် အသံချဲ့စက်နှင့် ဓာတ်ပြားဖွင့် ရောင်းရသည်မှာ အလွန်တွက်ခြေကိုက်၏။ မျက်နှာပန်းလည်း လှ၏။ တရုတ်ဆေးတိုက်များ၊ ကုလား ဘီဒီဆေးလိပ် ကုမ္ပဏီများ၊ ဆပ်ပြာလုပ်ငန်းများကလည်း သာဓု၏ အသံချဲ့စက်ကို အလုအယက် ငှားကြ၏။ ကားရော အသံချဲ့စက်ပါဆိုလျှင် တနေ့ ၁၅ဝ ကျပ်မှ ၂ဝဝ ကျပ်အထိ ရ၏။ ကွက်သစ် မင်္ဂလာဆောင်၊ ရှင်ပြု၊ အသုဘတို့ပါ အသံချဲ့စက် သုံးလာသည်မှာ သာဓု အသံချဲ့စက်က စခဲ့ခြင်းဖြစ် ၏။ မှတ်မှတ်ရရ ကျားကူးကွက်သစ် မင်္ဂလာဆောင်မှ ပထမဖြစ်လျက် သာဓု၏ ပူတူတူး ပုံနှိပ်တိုက်တွင် မင်္ဂလာဖိတ်စာ လာအပ်၏။

    သတို့သားနှင့် သတို့သမီးတို့မှာ စစ်ပြေးဒုက္ခသည်များဖြစ်လျက် ဖိတ်စာ တွင် ဖော်ပြထားသော ဂုဏ်ထူးဝိသေသများသည်ကား ဆိုလျှင် . . .


    ဆိုက်ကားပိုင်းရှင် ကိုသောင်းထိန်
    ကို
    မြ မုန့်ဟင်းခါး မမြခင်
    နှင့်
    မိဘတို့ ဝတ္တရားရှိသည့်အတိုင်း

    ထိုမင်္ဂလာပွဲမှ အစပြုလျက် အသံချဲ့စက်၏ ဆူညံမှုများကို နားဝင်သွား၍ လော မသိ။ မင်းမနိုင်ကွက်သစ်၊ ကပ္ပလီကွက်သစ်၊ ဖ ဆ ပ လ ကွက်သစ်၊ ထောင်ခြံကွက်သစ် စသည်တို့မှ ငှားရမ်းကြခြင်းဖြင့် သာဓုပွဲဆက်နေရတော့၏။ တစ်ခါတစ်ရံ အသံချဲ့စက် မအားလပ်သောကြောင့် မင်္ဂလာပွဲရက် ရွှေ့ရသည် များလည်း ထူးခြားစွာ ကြုံတွေ့ရ၏။

    ထိုအထဲတွင် ဘုန်းကြီးတရားပွဲများကလည်း လာကြသေးသည်။ သာဓု မလိုက်။ ဓမ္မကထိကများ အာဝဇ္ဇန်းရွှင်လာလျှင် နားချိန်မရ ဆက်တိုက်ဖွင့်ရ သောကြောင့် စက်ပူသည်။ မီးလုံးပျက်သည်။ ဘက်ထရီအားကုန်မြန်သည်။ တရားဟောကောင်းဆဲ စက်အသံ လျော့သွားလျှင်၊ ပျက်သွားလျှင် ပြဿနာ တက်ချေမည်။ ထို့အတူ နိုင်ငံရေးတရားပွဲများကိုလည်း သာဓုမငှား။

    သို့တိုင်အောင် မငြင်းသာသော ကိစ္စတွေ ပေါ်လာသည်။ တစ်ကြိမ်သော် သခင်လွင်နှင့် သခင်လှကျွေ ပေါက်လာသည်။ ဗိုလ်ချုပ်အောင်ဆန်း တရားပွဲ အတွက် အသံချဲ့စက် ငှားရမ်းလာခြင်း။

    အခြားသော နိုင်ငံရေးတရားပွဲများကို သာဓု ငြင်းဆန်ခဲ့သော်လည်း လုပ် ဖော်ကိုင်ဖက် နိုင်ငံရေး သခင်များကိုကား သာဓု ခေါင်းမခါရက် ဖြစ်သွားသည်။ သို့နှင့် တရားပွဲကျင့်ပရမည့် နေ့ရောက်သောအခါ သခင်အောင်ဆန်း (ဗိုလ်ချုပ်) နှင့် မတွေ့လိုသောကြောင့် သားတပည့်ဖြစ်သူ မောင်မောင်လှ (ယခု ရောင်စုံ ပုံနှိပ်ကာလာ မောင်မောင်လှ) ကို လွှတ်လိုက်ပြီး သာဓုကမူ အသံချဲ့စက် ပျက် လျှင် လုပ်ပေးရန် တရားနာပရိသတ်ထဲတွင် ထိုင်စောင့်ခဲ့၏။

    (မှတ်ချက်။ ။ သခင်အောင်ဆန်းနှင့် မတွေ့လိုသည့်အကြောင်းမှာ အတင်း ခေါ်၍ နိုင်ငံရေးထဲဆွဲသွင်းမည်စိုး၍ အတွေ့မခံလိုခြင်းဖြစ်သည်။ တစ်ဖန် ထိုစဉ် က ကွန်မြူနစ်ပါတီ သခင်သန်းထွန်းကလည်း ခေါ်သည်။ ဆိုရှယ်လစ် သခင်မြ ကလည်း ခေါ်သည်။ သခင်သန်းထွန်းနှင့် မသင့်မတင့် ဖြစ်နေသူ အလံနီဖြစ်အံ့ ဆဲဆဲ သခင်စိုးကလည်း ခေါ်သည်။ ကြားနေသခင်များကလည်း လာ၍ စည်းရုံး သည်။)

    အချိန်မှာ ပြည်သူ့ရဲဘော်များပင် နှစ်စုသုံးစုကွဲမည့် အရိပ်အရောင် သမ်းနေ သည်။ အချင်းချင်း တိုက်ကြမည့် အလားအလာကလည်း ရှိနေသည်။ သာဓု သည် နယ်ချဲ့သမားကိုသာ တိုက်လိုသည် အချင်းချင်း ရန်မီးမပွားလို၊ မပွားစေ ချင်၊ နယ်ချဲ့ကိုတိုက်၍ လွတ်လပ်ရေးရရန်အတွက်မူ သာဓု အတတ်နိုင်ဆုံး ကူညီနေခဲ့သည်။ (အသတ်ခံရတော့မည်အထိ ဖြစ်ခဲ့ရသည်။) သီးခြား ဖော်ပြပါ အံ့။

အမြွာမြွာကွဲနေသော မည်သည့်သခင်ကဖြစ်စေ၊ နယ်ချဲ့ဆန့်ကျင်ရေးကိစ္စ နှင့် လာလျှင် သာဓုမငြင်း။ သို့သော် ဒီပါတီဝင်ပြီး ဟိုပါတီကို မဆဲချင် မတိုက် လို။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ရှောင်ခြင်းဖြစ်၏။

ထိုသည်မှစ၍ မကြာခဏဆိုသလို သခင်လွင်၊ သခင်လှကျွေတို့ အသံချဲ့ စက် လာလာဆွဲသည်။ ထိုအစည်းအဝေး၊ ဤတရားပွဲ စသည်တို့ကို သာဓု လိုက်ကူညီရ၏။ တစ်ခါတရံ ၇၅ ကျပ်၊ ၁ဝဝ ကျပ်မျှ ပေး၏။ အကြိမ်ကြိမ် လည်း တစ်နေ့ ၂ဝဝ ကျပ်ရသည့် အလုပ်ကို ဖျက်၍ သူတို့နှင့် လိုက်သွားရ သည်။ တစ်ပြားမှမရသည့်ပြင် ဓာတ်ဆီဖိုးပါ သာဓုက စိုက်ရ၏။

တစ်နေ့သော် နံနက် ၆ နာရီလောက် သခင်လွင်ရောက်လာသည်။ မရမက နှိုးသည်။ ချင်း ဗမာ ညီလာခံရှိနေ၍ အသံချဲ့စက်ရော ကားပါ လိုက်ကူရန်ပြော သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ သခင်ဝတင်ကြီးတို့လည်း ပါမည် ဟု ပြောသည်။ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ယောတို့အထိ ရောက်ကြမည်။ ထိုမျှ ဝေးသောအရပ်သို့ သာဓုလိုက်၍ မဖြစ်နိုင်။ ရန်ကုန်တွင်လည်း အလုပ်တစ်ဖက် ရှိနေကြောင်း ပြောသော်လည်း မရ။ လူပုသလောက် စိတ်ရှည်ရှည်နှင့် ပြောနေ သူ သခင်လွင်အား သာဓုမငြင်းသာ ဖြစ်သွားရပြီး နောက်တစ်နေ့နံနက် ရန်ကုန် မှ ထွက်ကြသည်။

ည ၉ နာရီ သာသာ ပြည်မြို့သို့ ရောက်သော် တိုက်တစ်လုံးတွင် အိပ်ကြ ရန် ပြင်ဆင်ကြသည်။ သာဓုမှာ သူတစ်ထူးအိမ်တွင် အိပ်တတ်သူ မဟုတ်၍ ကားထဲတွင်ပင် အိပ်သည်။ မကြာမီ တပည့်ကျော် မောင်မောင်လှက လာနှိုးပြီး သခင်လွင် ခေါ်နေကြောင်း ပြောသဖြင့် ထသွားရာ . . .

'ကဲ၊ သခင်ဖေသန်း အစီအစဉ်ကတော့ ပြောင်းလိုက်ရပြီဗျာ၊ ခရီးဆက်ကြ စို့'

'ဘယ်ကိုလဲ'

'ဒီည ရောက်သလောက် မောင်းပေါ့ဗျာ၊ အာလံအထိ ဖြစ်ဖြစ်ပေါ့' ဟု သခင်လွင်က တစ်စုံတစ်ရာ ပူပန်နေသော အမူအရာဖြင့် ပြော၏။

'ဟာဗျာ၊ ကျွန်တော် ခု ကားမောင်းလာရတာလည်း တွက်ကြည့်ဦး၊ မိုင် ၂ဝဝ နီးပါးဗျ၊ ပြီးတော့ လမ်းတွေ ပျက်နေလို့ ရှောင်ရတိမ်းရနဲ့ ဘယ်လောက် ပင်ပန်းသလဲ'

'ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီည ခရီးမဆက်ရင် မဖြစ်တော့လို့'

'ဒီမှာ သခင်လွင်၊ ခင်ဗျားတို့က ကားထဲထိုင်လိုက်လာရတာ၊ အိပ်ချင်လဲ အိပ်လို့ရသေးတယ်၊ ကျွန်တော်က ခြေရောလက်ရော မျက်စိရော နားရော တစ် လမ်းလုံး အလုပ်လုပ်လာရတာဗျ၊ တစ်ကိုယ်လုံး နာနေပြီ'

'အေးပါဗျာ၊ ဒါပေမယ့်လဲ'

'ဒါပေမမယ့်နဲ့တော့၊ ကျွန်တော် ညောင်းတယ်၊ အိပ်လည်းအိပ်ချင်တယ်'

သခင်လွင် တွေသွားသော်လည်း နောက်ထပ် သူပြောချင်နေသေးပုံရ၏။ ထိုစဉ်က သူသည် ဖ ဆ ပ လ အလုပ်သမားဌာန ကိုင်နေသည် ဖြစ်သော ကြောင့် . . . .

'ခင်ဗျား သိသားမဟုတ်လား၊ အလုပ်သမားတွေ တစ်နေ့ ဘယ်နှစ်နာရီ အလုပ်လုပ်ရမလဲ၊ ခု ကျွန်တော် မောင်းလာတာ မနက် ၅ နာရီက ည ၁ဝ နာရီ ထိ'

တမင်းကပ်သတ်ပြောခြင်းကား မဟုတ်။ ရဲဘော်ရဲဘက်ချင်း၊ အနေဖြင့် သူ့ ကို ကလိလိုက်သည်သာဖြစ်၏။ ဤတွင် သခင်လွင်မျက်နှာ ပို၍အိုသွားသည် ထင်လိုက်ရ၏။ တစ်စုံတရာ ဘာမျှမပြောသေးဘဲ အတူပါသာ သခင်မောင်မောင် သခင်ဘသက် (ယခင်တလောက ရုပ်ရှင်ကောင်စီ) တို့ကိုသာ တစ်လှည့်စီ ကြည့်နေ၏။

သာဓုလည်း ခပ်တည်တည်ထသွားကာ မောင်မောင်လှအား အိပ်ရာများ ပြန်လည်သိမ်းဆည်း၍ မော်တော်ကားမှ ရေနှင့် စက်ဆီများ အသင့်လုပ်ထားရန် ပြောကာ ခပ်လှမ်းလှမ်း၌ အပေါ့သွားနေစဉ် သခင်လွင် ရောက်လာ၏။

'ကဲ သခင်ဖေသန်း၊ ခင်ဗျား စိုးရိမ်နေမှာစိုးလို့ ဖွင့်မပြောတာ၊ ဒီလိုရှိတယ် ဗျ၊ ကျွန်တော်တို့နောက်က ကားတစ်စီးနဲ့ ဗိုလ်ချုပ်တို့ နက်ဖြန်လိုက်လာလိမ့် မယ်၊ အဲ့ဒါလှမ်းပြီး အကြောင်းကြားလိုက်ပြီ၊ နောက်နေ့မှာလာဖို့ အခြေအနေ မကောင်းဘူး၊ ဗိုလ်ချုပ်တို့ရဲ့ လှုပ်ရှားမှုမှန်သမျှကို နယ်ချဲ့ကရော ဗမာအချင်း ချင်းကရော နှောက်ယှက်နေကြတယ်၊ လာဗျာ'

သာဓုအား တိုက်ပေါ်သို့ ဆွဲခေါ်သွားပြီးမှ . . .

'ခုလည်း ဗိုလ်ချုပ်တို့ လာမယ်ဆိုတာကို လမ်းကနေ တစ်ခုခု နှောက်ယှက် လိမ့်မယ်လို့ သတင်းရထားတယ်'

'ဘာလဲဗျ၊ ဒီလိုတော့ ကျွန်တော့်ကို မလှန့်နဲ့ဗျာ၊ အားလုံး အသင့်ဖြစ်နေပြီ၊ ခင်ဗျားတို့လည်း ပြင်ကြတော့၊ လာ မောင်းမယ်'

ပြည်မှ ည ၁၁ နာရီလောက် ထွက်ခဲ့ကြရာဝယ် လမ်း၌ သခင်လွင်က ဆက်၍ ပြောသေး၏။ ဗိုလ်ချုပ်သည် ကားလမ်းမှမလာတော့ဘဲ မီးရထားဖြင့် သွားလိမ့်မည်ဖြစ်ကြောင်း ပြည်မြို့တွင် သတင်းလွှင့်ထားခဲ့သည်ဟူ၍။

ထို့နောက် ၁၅ မိုင်လောက် မောင်းမိသည်တွင် သခင်မောင်၊ သခင် ဘသက်ကြီးတို့အပြင် ရဲဘော်ဟောင်းအချို့ပါ ကားနောက်ပိုင်းတွင် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။

'ဒီမှာသခင်ဖေသန်း၊ ကားကို ရပ်ခိုင်းရင် ရပ်မပေးနဲ့နော်၊ ယူနီဖောင်းနဲ့ဖြစ် ဖြစ်၊ ဘာဖြစ်ဖြစ်၊ ဆောင့်သာ တိုက်ပစ်လိုက်ဗျာ'

'စိတ်ချ၊ ခုန ခင်ဗျားပြောကတည်းက ဒါစဉ်းစားပြီးသားပဲလေ၊ နို့ ခင်ဗျား တို့ဆီလည်း ဟိုဟာတွေပါသားပဲ၊ အသင့်လုပ်ထားပေါ့'

'မှောင်ခိုလော လိုင်စင်နှင့်လောမသိ စတင်းရော ပစ္စတိုရော လက်ပစ်ဗုံးပါ သူတို့ ယူလာကြသည်။ ဘသက်ကြီးကပင် သာဓုအား ပစ္စတိုတစ်လက် ပေးသေး သည်။ လိုရမယ်ရဟု။

'မကိုင်ချင်းပါဘူးဗျာ၊ ဒါတွေ ပစ်လည်းမပစ်တတ်ဘူး' ဟု ပေါင်းတည်မှ အထွက်တွင် သာဓု ပြောပြီး ငြင်းခဲ့ရသေးသည်။

နောက်တစ်နေ့လည်း သာဓုမအိပ်ရသေး၊ လက်ပံချေပေါ်အထိ ငိုက်ငိုက်နှင့် မောင်းခဲ့ရသည်။ ဘာအန္တရာယ်မှ မတွေ့ရ။ သို့သော် ချောက်မြို့နှင့် လက်ပံချေပေါ် ကြားလော၊ ပုဂံနှင့် လက်ပံချေပေါ်ကြားလော မမှတ်မိတော့။ သဲလမ်း တစ်လျှောက် ကွေ့ကောက်မောင်းရသည်မှာ ကားလည်းနာ၊ လူလည်းမသက်သာ တစ်ခါတစ်ခါ သဲနစ်ပြီဆိုလျှင် (တစ်ချိန်တွင် ဝန်ကြီးဖြစ်လာမည့်) သခင်လွင်ပါ ဆင်းတွန်းရသည်။

နှစ်မိုင်လောက် မောင်းမိလျှင် တစ်ခါဆိုသလို တွန်းကြရ၍ သူတို့လည်း မသက်သာ၊ ကားလည်း စက်ပူသောကြောင့် . . .

'ကဲ မတက်ကြနဲ့တော့ဗျာ၊ ကားလည်း ပေါ့ပေါ့ပါးပါး သွားရအောင်၊ ခင်ဗျားတို့လည်း မတွန်းရအောင် လမ်းသာ လျှောက်လိုက်ခဲ့ကြတော့'

စကားအဆုံးတွင် သာဓုလည်း ဝုန်းခနဲ မောင်းထွက်သွားပြီး လမ်းကောင်း မည့် နေရာလောက်တွင် စောင့်ရ၏။ ကားလမ်းဟုပင် ဆိုရသော်လည်း အမှန်မှာ လှည်းများပင် ကြောက်သောလမ်းဖြစ်၏။ သဲအလွန်ထူသည်၊ လမ်းဝဲယာတို့တွင် ဆီးပင် (ဇီးပင်) များ ပြည့်နေသည်။ ဆီးသီးများလည်း ပြွတ်သိတ်နေသည်။ အသေး ဆုံးပင် ငါးမူးစေ့လုံးခန့် ရှိသည်။ သာဓုလည်း အားရပါးရ ခူး၍စားသည်။ နွား ကျောင်းသားနှင့် ဆွမ်းခံကျောင်းသား သုံးလေးယောက်ကလည်း ဆီးပင်ကို လှုပ် ခါချပေးသည်။

'ဟေ့၊ ဒီဆီးသီးတွေ ဘယ်သူမှ မခူးဘူးလား၊ မင်းတို့ကော မစားဘူးလား' ဟု သာဓုက ထိုင်ကောက်ရင်း စားရင်းက မေးသည်ကို . . .

'ဒီမှာတေ့ နွားတွေပဲ စားတယ်ဗျ'
သာဓု ပြုံးဖြဲဖြဲ အောင့်သွားရသည်။ မကြာမီ သခင်လွင်တို့ ရောက်လာ သည်။ ဘသက်ကြီးက စတင်းသေနတ် တကားကားနှင့် ဆီးသီးကောက်စား သည်။ နောက် အားလုံး ကုန်ကောက်ကြသည်။ စားကြသည်။

အတိုချုပ်ကြဆိုလျှင် ထီးလင်း၌ ညီလာခံ ကျင်းပသည်။ ဆားများ တောင်ပုံရာပုံ ရောင်းချပေးရာ ချင်းအမျိုးသားများ အလုအယက် ဝယ်ကြသည်။ သာဓုတို့ ငါးရက်မျှ နေခဲ့ရသည့် ကာလအတွင်း စိတ်မချမ်းသာဖွယ် အဖြစ်နှစ် ရပ်နှင့် ကြုံလိုက်ရသည်။

သာဓုတို့နှင့် အတူပါသူ ရဲဘော်တစ်ယောက်သည် ညီလာခံမတိုင်ခင် နှစ် ရက် အလို၌ ချင်းမပျိုတစ်ဦးနှင့် ရည်းစားလုပ်သည်။ ဒုတိယနေ့တွင် ချိန်းတွေ့ရန် အစီအစဉ်လုပ်ကြောင်း သတင်းရ၍ ခေါင်းဆောင်လုပ်သူ သခင်လွင်အား တိုင်ကြားရန် ဖြစ်သော်လည်း သူက အရေးပေါ်ကိစ္စဖြင့် ပခုက္ကူဆင်းသွားသော ကြောင့် အခြားသူများနှင့် တိုင်ပင်သည်။ အားလုံးလိုလိုက အဆိုပါရဲဘော်အား မပြောဝံ့၊ ရွံ့နေကြသဖြင့် သာဓုလည်း သခင်ဘသက်ကြီးထံမှ ပစ္စတိုဆွဲကာ ပစ်နည်းပါမေးပြီး ထိုရဲဘော်ထံ ထွက်သွားသည်။

အဆင်သင့်ပင် ချင်းပျိုဖြူအိမ်နှင့် မလှမ်းမကမ်း တစ်နေရာတွင် ထိုရဲဘော် ကို တွေ့၍ ဟုတ်မဟုတ်မေးရာ သူက ဝန်ခံသည်။

'ကောင်းပြီ၊ ခင်ဗျား ဒီကောင်မလေးကို တကယ်ချစ်သလား၊ လက်ထပ်ယူ မလား'

သူတွေပြီး မျက်နှာကြီး ရဲလာသည်။ နောက် သူ့ကုတ်အင်္ကျီထဲသို့ လက် နှိုက်လိုက်သည်။ သူ့တွင် သေနတ်ပါသည်ကို သာဓု သိပြီးဖြစ်၏။ သာဓုကမူ ပစ္စတိုကို ပြောင်ပြောင်ကိုင်ထားသည်။ သာဓုအမေးကို သူ ရုတ်တရက်မဖြေ။

'ခု၊ ခင်ဗျားတို့ ကျွန်တော်တို့လာကြတာ ချင်း ဗမာ ညီလာခံနော်၊ ချစ် ကြည်ရေးလည်း ပါတယ်၊ အမှန်ချစ်ကြဦးတော့ ခုနေခါမှာ ရှောင်ရမယ် မဟုတ် လား၊ မတော်တဆ သံသယဖြစ်သွားရင် ဘယ့်နှယ်လုပ်မလဲ၊ ညီလာခံရော ချစ် ကြည်ရေးပါ ထိခိုက်မယ်'

သူ အံကြိတ်နေသည်။

'နောက်ပြီး တကယ် လက်ထပ်ယူမယ်ဆိုရင်လည်း ညီလာခံပြီးမှ သူ့ထုံးစံ ဓလေ့အတိုင်း လူကြီးတွေနဲ့ တိုင်ပင်စေ့စပ်'

'ခင်ဗျားနဲ့ ဘာဆိုင်လဲ'

သူ့အသံ တုန်ခါနေပြီ ဖြစ်၏။

'ဟုတ်တယ်၊ ခင်ဗျားတို့ အချစ်ကိစ္စ ကျွန်တော်နဲ့ မဆိုင်ဘူး၊ လူမျိုးရေးနဲ့ ဆိုင်တယ်၊ တိုင်းပြည်နဲ့ ဆိုင်တယ်၊ လွတ်လပ်ရေးအတွက် သွေးစည်းဖို့ လာကြ တဲ့အချိန်မှာ ခင်ဗျားအချစ်က ပိုအရေးကြီးနေသလား'

သာဓုတွင် စိတ်မထိန်းနိုင်ဖြစ်လာသည်။ အသားတွေလည်း တုန်လာသည်။ ဖြစ်လိုရာဖြစ်၊ ဤပြဿနာကို အသက်နှင့်လဲ၍ ကာကွယ်ရန် ဆုံးဖြတ်ပြီး ဖြစ် သည့်အတိုင်း . . .

'ဒီမှာရဲဘော်၊ ခင်ဗျား ချစ်တာကြိုက်တာ နောက်မှ လုပ်ချင်သလိုလုပ်ပါ၊ ညီလာခံ မပြီးမချင်းတော့ သည်းခံဖို့ ကျွန်တော် တောင်းပန်တယ်၊ ကောင်မလေး လာတွေ့ရင်လည်း ပြန်လွှတ်လိုက်ပါ၊ ဒါမှမဟုတ်ရင် ကျွန်တော့်ကို ပစ်သတ်'

သူ ဒေါသတကြီး ရှေ့တိုးလာသည်။ သာဓုကလည်း နောက်မဆုတ်၊ လူ ချင်းမှာ နှစ်ပေမျှသာ ကွာတော့သည်။

'ဒါပဲ ခင်ဗျား ဇွတ်လုပ်မယ်ဆိုရင်တော့ ကျွန်တော် ပစ်ရလိမ့်မယ်'

ရဲဘော်လက်နှိုက်ထားသော ကုတ်အင်္ကျီအိတ်မှာ ခပ်ခါခါ လှုပ်သွားသည်။ သာဓုကလည်း သူ လက်ထုတ်သည်နှင့် မောင်းဖြုတ်မည်သာ ဖြစ်၏။

'သခင်ဖေသန်း ခင်ဗျား ပြန်တော့ဗျာ'

'ရဲဘော်ပါလိုက်ရင် ပြန်မယ်'

'တောက်' ခနဲ သူခေါက်လိုက်သည်။

'ဒီကိစ္စကို ဗိုလ်ချုပ်သိသွားရင်၊ ဟင်..သူ့မျက်နှာမှ မထောက် ချင်တော့ဘူး'

ရဲဘော်သည် ထိုစကားကြားသည်နှင့် နှိုက်ထားသောလက်ကို ထုတ်ပြီး သာဓုကို ဖက်သည်။ လက်နှစ်ဖက်စလုံးဖြင့် အားပါးတရ ဖက်သည်။ နောက် ဝမ်းနည်းပက်လက် ရှိုက်သည်။ သာဓုက ပြန်ဖက်ရင်း ဆွဲခေါ်ရာ အသာတ ကြည်ပင် လိုက်ပါလာသည်။

စင်စစ် သူလည်း သတ္တိခေသူမဟုတ်။ တိုက်ပွဲအမျိုးမျိုး နွှဲလာသူ ရဲဘော် ဟောင်းဖြစ်သည်။ ယခုလို သူလိုက်လျောသည်မှာ သာဓုကို ကြောက်၍မဟုတ်။ တိုင်းရင်းသား ချစ်ကြည်ရေး သွေးစည်းရေး ဆိုသည်ကို သဘောပေါက်သွား၍ လည်း မဟုတ်၊ 'ဗိုလ်ချုပ်အောင်ဆန်း' ဟူသော အမည်ကို သာဓု အချိန်မီ သုံး လိုက်မိ၍သာ ဖြစ်သည်ထင်၏။

(သာဓု လူဝါးဝတယ် စာအုပ်မှ)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More