အိမ်သို့ဖိတ်ခေါ်ခြင်း























ကျွန်တော့်အိမ်က
အမြဲတံခါးဖွင့်ထားတဲ့ အိမ်ပါ။

ကိုယ်ပိုင် မကောင်းမူတွေ ဖုံးကွယ်ဖို့
တံတိုင်းခတ်စရာ မလိုပါ။

မသင်္ကာတဲ့ မျက်လုံးနဲ့
 ကောက်ကျစ်စဉ်းလဲ ဥာဏ်သုံးပြီး
ခြေပုန်းခုတ်တဲ့နေရာ မဟုတ်ပါ။

ခင်ဗျားလာလာ၊ ဘယ်သူလာလာ
ပျူငှာယဉ်ကျေး
လူသာမန်သွေးတို့ရဲ့  ဓလေ့အတိုင်း
လူကိုချစ်ခင်
 အပြစ်မတင်တတ်တဲ့ နှလုံးသားနဲ့ပါ။

အချင်းချင်း ဈေးတွက် တွက်
ပွေးကွက်ကိုဖုံးကွယ်
ဟန်ဆောင်ပြုံးနဲ့ ပြုံးရယ်တဲ့နေရာ မဟုတ်ပါ။

စင်ကြယ်သန့်ရှင်း
အပြစ်ကင်းပြီး
ဟင်းလင်းဖွင့်ထားတဲ့ အိမ်ကလေးပါ

ကြွပါ လာပါ၊ နားခိုပါ
လူစိတ်မွေး လူယဉ်ကျေးတို့ရဲ့နေရာ

တင်မိုး

ရွှေမော်ကွန်း မဂ္ဂဇင်း ၁၉၉၉၊ နိုဝင်ဘာလ၊ အမှတ် ၂၉ ထုတ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More