နိပွန်းပြည်မှ မိတ်ဆွေများအတွက် မေတ္တာကဗျာ.. “သူရိန်ထက်”

Photobucket
အို.. မိတ်ဆွေများ.. ချစ်လူသားတို့
သင်တို့သည်
လူပီသစွာ လောကအကျိုးဆောင်လျက်...
လူသားအချင်းချင်း ရိုင်းပင်းကူညီခဲ့ဖူးသော.. မေတ္တာ။
လူသားအချင်းချင်း စောင့်ရှောက်ပေးကမ်းလှူဒါန်းခဲ့

ဖူးသော.. ကရုဏာ
လူသားအချင်းချင်း နှလုံးသွင်းအပ်သော.. မုဒိတာ
လူသားအချင်းချင်း ထားရှိအပ်သော.. ဥပေက္ခာ တရားတို့သည် ရှိခဲ့ကုန်၏။
ထိုစကားသည် မှန်၏။
ထိုမှန်သော သစ္စာ ကြောင့်..
မေတ္တာကြောင့်၊
ကရုဏာကြောင့်၊
မုဒိတာကြောင့်၊
ဥပေက္ခာကြောင့်.........

ဆူနာမီလှိုင်း
ရေမုန်တိုင်းလည်း
နှုတ်ဆက်ခွာလျက်.. ငြိမ်သက်အေးချမ်းပါစေသတည်း။

ငလျင်မာန်ပြင်း
လှုပ်ခတ်ခြင်းလည်း
ရပ်တန့်သာ၍ .....အေးမြ စိမ်းလန်းပါစေသတည်း။

အဆိပ်ငွေ့ဖြာ
မယွင်းသာပဲ
ဘေးကင်းစွာဖြင့်.. စိတ်ချမ်းသာကြပါစေသတည်း။

လောကအကျိုး
မေတ္တာမိုး၍
ဆထက်တိုးစွာ .. ဆောင်ရွက်နိုင်ကြပါစေသတည်း။

၁၇၊၃၊၂၀၁၁

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More