မင်းသုဝဏ်ရဲ့ စာ


ငယ်ငယ်တုန်းက လွမ်းစရာ
မင်းသုဝဏ်ရဲ့စာ
သူ့ကဗျာတွေ ကြိမ်ကြိမ်ဖတ်
ဘကြီးအောင်တို့ဇတ်
လွမ်းတတ်သူတိုင်း လွမ်းရတယ်
တို့များမျက်ရည်လွယ်
မျက်နှာငယ်သူ တို့သနား
ကိုယ်ချင်းစာတရား ။ ။
အဘိဓါန်နဲ့ သတ်ညွှန်းကို
ဖတ်တော့ တို့ကြည်ညို
သပြေညို စာဆိုကြီး
ပညာမြတ်ဆီမီး ။ ။
အသက်ကြီးလဲ ရေးတုန်းပါ
ကဗျာတေးနဲ့ ရှေးကစာ
အဖွင့်ဋီကာ စာစုံကိုး
ရေးတုန်းချွတ်တုန်း တို့အဘိုး
အကျိုးရှိရှိ အသက်ရှင်
မေတ္တာကြီးတဲ့ တို့ဖခင်
ဇာတာခွင်က စာအလား
အသက် ၁၂၀ ရှည်စေသား
တင်မိုး
၁.၅.၉၇
ဤကဗျာမှာ ကမ္ဘာသိ သက်တော်ရှည်ကဗျာဆရာကြီး မင်းသုဝဏ်၏ (၈၉)နှစ်မြောက် မွေးနေ့ပွဲကို အသက် ( ၆၃ )နှစ်ရှိ ကဗျာဆရာအကျော်အမော် တင်မိုးမှ ဂုဏ်ပြုရေးသားခဲ့သောကဗျာဖြစ်ပါသည်
ေ၇ွှမော်ကွန်း -အတွဲ ၎

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More