ခေဘိုထိုင်

စာရေးဆရာ သာဓု

ဂျပန်ခေတ် ဂျပန်တို့၏ ရက်စက်မှုကို ကြားဖူးသူတိုင်း သဲထိတ် ရင်ဖိုစရာ ရော အခဲမကျေစရာရော ဖြစ်ရပ်မျိုးစုံ ရှိခဲ့သည့်အနက် သာဓု ကြုံတွေ့ခဲ့ရသော ဇာတ်လမ်းတစ်ခုကို တင်ပြရသော်

ထိုစဉ်က ရန်ကုန်မြို့လယ် ကုန်သည်ရပ်ကွက်ပမာ လိုရာပစ္စည်းရနိုင်သော ဗဟန်းဈေးတစ်ဝိုက်နှင့် ရေတာရှည်လမ်းသစ် လမ်းဟောင်းစသည်တို့မှာ ယခု သိမ်ကြီးဈေး ဗိုလ်ချုပ်ဈေး လဟာပြင်ဈေး စသည်တို့ကဲ့သို့ပင် စည်ကားလှ၏။ ငွေသာလျှင် တတ်နိုင်လျှင် အလိုရှိရာ ကုန်ပစ္စည်း ဝယ်၍ရ၏။

ပို၍ ရှင်းအောင်ရေးရသော် ထိုအခါကာလအတွင်းက သာဓု၏ မိတ်ဆွေ သတင်းစာတစ်စောင်မှ နာမည်ကြီး စာရေးဆရာ အယ်ဒီတာ တစ်ယောက် ဝမ်း ကိုက်ဝေဒနာကို အလူးအလဲ ခံနေရကြောင်း သတင်းရသည်နှင့် သူ့အိမ်သို့ သွား ကြည့်ရာ လူမမှတ်မိလောက်အောင်ပင် အရိုးပေါ် အရေတင်ရုံသာ ကျန်တော့ သည်ကို တွေ့လိုက်ရသောကြောင့် သာဓုလည်း နီးရာဆရာဝန်တစ်ဦးကို ခေါ်ပြ ရာ ဆရာဝန်လည်း မျက်စိမျက်နှာမကောင်းဖြစ်ကာ သာဓုကို လက်တို့ခေါ်သွား ပြီး အိမ်ပြင်သို့ ရောက်သည်နှင့်

'သူ့ဝမ်းကိုက်ရောဂါက သိပ်ကြီးကို ဆိုးနေတယ်၊ အဲဒါ အင်္ဂလိပ်ထိုးဆေးပဲ မျှော်လင့်ချက်ရှိပေမယ့် ဝယ်လို့တော့ ရမှာမဟုတ်ဘူး'

သာဓုကမူ ရအောင်ရှာမည် ဆေးအမည်သာ ရေးပေးပါဟု ပြောပြီး ရန်ကုန် တစ်ခွင် လိုက်ရှာသည်၌ ဗဟန်း ရေတာရှည်လမ်းမှပင် ထိုဆေး (အယ်မတင်း) ထိုးဆေးပုလင်း ၁၈ဝဝ နှင့် ဝယ်၍ရခဲ့၏။ (အင်္ဂလိပ်ခေတ်က တစ်ပုလင်း နှစ်ရာ ကျော်ရုံသာ ပေးရသည်။) ထိုဆေးကြောင့်ပင် ထိုသတင်းစာဆရာကြီးမှာ ယခု စာရေးနေချိန်အထိ တိုင်းပြည်အတွက် တတ်နိုင်သည့်ဘက်မှ စာပေဖြင့် စွမ်း ဆောင်နေဆဲ ရှိသေးချေ၏။

ထိုမည်သော ဗဟန်းဈေးတစ်ဝိုက်မှာ လိုချင်သော ပစ္စည်း အစုံရသည်။ ထို့ကြောင့် စည်ကားသည်။ ယင်းသည်ကြောင့်လည်း ဂျပန်စစ်သားရော စစ်ဗိုလ် သာမက ဗိုလ်မှူကြီး အဆင့်ထိသော ဂျပန်မာစတာတို့ ခြေချင်းလိမ်မျှ သွားကြ၊ လာကြ၊ ဝယ်ကြ၊ နောက် စစ်တပ်မှ ပစ္စည်းများလည်း ခိုးထုတ်ကြနှင့် ပုရွက် ဆိတ်အုံပမာ တရွရွနှင့် ကျိတ်ကျိတ်တိုး စည်ကားနေ၏။

အင်္ဂလိပ်ပြေးစ ငွေ ၈ဝဝ မျှဖြင့် အချောင်ရလိုက်သော ဟီးလ်မင်းကားလေး ကို သာဓုကိုယ်တိုင်မောင်း၍ ဇနီးကိုဘေးတွင်ထားပြီး အမြိန့်သား မောင်းလာခဲ့ သည်။ ကားရှေ့ ခပ်လှမ်းလှမ်းတွင် မေဂျာအဆင့် ဓာလွယ်ကြီး ဘေးတွင် အဝင့် သားနှင့် သွားနေသူ ဂျပန်တစ်ကောင်ကို မြင်နေရ၍ အထူး သတိထားမောင်းခဲ့ ရာမှ သူ့အနီးသို့ သာဓုကား ရောက်မှပင် မြင်းလှည်းတစ်စီးမှ မြင်းလန့်ပြီး ခုန် ထွက်လာသောကြောင့် ကပျာကယာ ကားကို ယာဘက်သို့ အရှောင်၊ လား လား အဆိုပါ ဂျပန်ကောင်ကို ဆောင့်ခနဲတိုက်မိကာ ဂျပန်မေဂျာလည်း ဖင်ထိုင်လျက် သား လဲကျသွားချေတော့၏။

သာဓု ကြောက်လိုက်သည်မှာ ပြောစရာမရှိ၊ ခေတ်မှာ သူတို့မင်း သူတို့ ချင်း၊ လုပ်သားပြည်သူလူထု ရှေ့တွင်သော်လည်းကောင်း ဂျပန်က သေနတ်နှင့် ပစ်၊ ဓားနှင့်ခုတ် လုပ်ချင်ရာလုပ်ကြစေ၊ ရဲတိုင်ခွင့်မရှိ၊ သူတို့အားလည်း ဖမ်းဆီး တရားစွဲမည့်သူ မရှိ။

ယခု ကားနှင့်တိုက်မိသူ ဂျပန်မှာ နှယ်နှယ်ရရ မဟုတ်၊ ဓားလွယ်ြ<ွကြ<ွက သူရဲကောင်းတံဆိပ်တွေ ဗရပွနှင့် ဖြစ်သည်တွင် ဖင်ထိုက်လျက်လည်း အရှက်ရရ လဲကျသည်၊ ရွှံ့များကလည်း မြင်မကောင်းအောင် ပေကုန်သည်ကြောင့် သူ့ဖင် ကြည့်လိုက်၊ လက်ကိုင်ပုဝါနှင့် သုတ်လိုက်ဖြင့် နှာခေါင်းကြီးပွကာ ဒေါသပုန် ထရင်း သာဓုအား ကားပေါ်မှ အတင်းဆင်းခိုင်းနေချေ၏။ သာဓုကမူ မဆင်း၊ ကားအောက်ရောက်သည်နှင့် သူသည် သာဓုအား ရိုက်ချင်ရိုက်မည်၊ ဓားနှင့်ခုတ် သော် ခုတ် တစ်ခုခုကား လုပ်တော့မည်ကို သိ၏။ နောက်မှ ဖြစ်လိုရာဖြစ်၊ သာဓုလည်း ဖျတ်ခနဲ ကားတံခါးခလုပ်ကို အတွင်းကပိတ်လိုက်ပြီး မှန်ကိုပါ တင်လိုက်ကာ ကားမောင်းလိုက်စင်ကို ထုတ်ပေးရင်း 'မကျေနပ်ရင် လိုက်စင်ဖမ်း ပါ၊ ရဲဌာနသွားမယ်' ဟု အင်္ဂလိပ်စကားဖြင့် ပြောလေသည်၊ မရ။ ကားတံခါးကို အတင်းဖွင့်၏။ ဖွင့်၍မရလေ သူ ဒေါပွလေဖြင့် ဓားကြီး တကိုင်ကိုင် လုပ်နေ၏။ ဝိုင်းကြည့်နေသူလည်း တဖြည်းဖြည်း များလာပြီဖြစ်၏။

သာဓု၏ ဇနီးမှာမူ မျက်နှာတွင် သွေးမရှိလောက်အောင် ကြောက်နေတုန် နေ၏။ သူ၏ တစ်ခုတည်းသော ရေရွတ်သံမှာ ဘာလုပ်ကြမလဲ၊ ဒုက္ခပါပဲ။

ကိုရွှေဂျပန်ကလည်း မရအရသာ သာဓုကို ကားပေါ်မှ ဆင်းခိုင်းနေသည်။ သာဓုကလည်း ခေါင်းတွင်တွင် ခါနေသောကြောင့် သူ့တွင် တစ်ရှက်က နှစ်ရှက် ဖြစ်ကာ ပို၍ ကဲ၍ ရှုးရှုးရှဲရှဲ ဖြစ်နေရာမှ ကားတံခါးကို လက်နှစ်ဘက်ဖြင့်ဆွဲပြီး ခြေဖြင့် ဆောင့်ကန်ဖွင့်နေစဉ် (ယခု ဗိုလ်ချုပ်ဈေးရှိ အိုးဝေ ပန်းချီ ပန်းပု) မောင်လွင်ကြီး ရောက်လာကာ ဂျပန်စကား မတောက်တစ်ခေါက်ဖြင့် တောင်းပန် သည်။ ဂျပန်က မောင်လွင်ကြီးအား ဆောင့်တွန်းပစ်လိုက်စဉ် သာဓု အကြံတစ်ခု ရကာ

'မာစတာ မတော်တဆဖြစ်တာပဲ၊ ဥပဒေအတိုင်း အရေးယူပါ၊ မာစတာ မကျေနပ်ရင် ရဲနဲ့ လာဖမ်းပါ၊ ကျွန်တော့်လိပ်စာ ယူထားပါ' ဟု ကားမှန်တံခါး ကို အနည်းငယ်ဟ၍ ပြောလိုက်သည်တွင်မှ ဂျပုကောင်လည်း ရုတ်တရက် တွေ သွားကာ (အက်ဒရက်စ် အက်ဒရက်စ်) လိပ်စာ လိပ်စာဟု ရေရွတ်နေသော ကြောင့် ဤတွင်မှ ဒီကောင်း အင်္ဂလိပ်စကား ဟုတ်တိပတ်တိ မတတ်ကြောင်း သာဓု ရိပ်မိတော့၏။

'ရက်စ် ရက်စ် အက်ဒရက်စ် လိပ်စာပေးမယ်၊ မှတ်ယူထားပါ' ဟု ထပ်ပြော လိုက်မှ စာအုပ်နှင့် ဖောင်တိန်ထုတ်ကာ ရေးလက်စပြုတော့၏။ သာဓုကလည်း

'မိုင်နိမ်း သခင်ဖေသန်း'

သူလိုက်ရေးနေသည်ကို စောင့်ကြည့်နေရင်းက လိပ်စာအမှန် ပေးလျှင် ဘေးကင်းသော်မှ ကင်းမည်ကို တွေမိသည်နှင့် သင်္ကန်းကျွန်း နေရပ်လိပ်စာကို မပေးဘဲ

'ဝမ်း တူး သရီး ဖိုက် ဖိုး ရွှေဂုံတိုင်'

သို့ပြော၍ စကားမဆုံးမီမှာပင်

'ယူ ခေဘိုတိုင် ယူ ခေဘိုတိုင်'

သို့လျှင် တတွတ်တွတ်မေးရင်း ခွေးကောင်မျက်နှာတွင် ပြုံးရောင်သမ်း လာ ၏။

သူပြောနေသော ခေဘိုတိုင်ဆိုသည်မှာ ဂျပန်များက သူတို့၏ စစ်အောင် နိုင်ရေးအတွက် လည်းကောင်း၊ ရပ်ရွာငြိမ်ဝပ်ပိပြားရေးအတွက် လည်းကောင်း ဂျပန် အသိအမှတ်ပြု တည်ထောင်ပေးထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် အတိုင်း သူတို့ကိုယ်နှိုက်ကလည်း လေးစား၏။ စင်စစ် ဂျပန်နားကြားလွဲပြီး သာဓုဖြီးသော ရွှေဂုံတိုင်လိပ်စာကို ခေဘိုတိုင်ဟု အကြားမှားကာ ပြုံးလာသည် ကိုပင် သာဓု ခုတုံးလုပ်၍

'ရက်စ် ရက်စ် အိုင်အမ် ခေဘိုတိုင်'

'အိုး ယူ ခေဘိုတိုင်'

ဟုပြောရင်း ရွှေနှင့်ငွေ ရောစိုက်ထားသော သွားများ ပေါ်လာအောင်ရယ် ကာ၊ ဟနေသော မှန်ပေါက်မှ လက်ထိုးပေးသဖြင့် သာဓုကလည်း ခပ်တည် တည် ဆွဲ၍ နှုတ်ဆက်လိုက်၏။

နောက် ဂျပုလည်း ဓားကိုင်ထားသော လက်ဝဲဘက်လက်ကို ဖြေချလျက် ကိုယ်ကိုပါ မတ်လိုက်ပြီး သာဓုကိုပင် အလုအယက် အရိုအသေပြု ဆလံပေးနေ ချေတော့၏။ သာဓုကလည်း ဟန်မပျက် ဆလုပြန်ရိုက်ရင်း ခပ်သုတ်သုတ် မောင်းထွက်ခဲ့ရသော ဟူသတတ်။

သာဓု
(သာဓု လူဝါးဝတယ်) စာအုပ်မှ ကူယူဖေါ်ပြပါတယ်။ 
PDF ဖြင့် သိမ်းမယ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More