လှည်းကျိုးစီးတဲ့ ခရီး “ တင်မိုး ”


သက္ကရာဇ် အပုပ်အသိုးတွေကို
လှည်းကျိုးအောင်ထမ်းတင်ပြီး
ခယောင်းပြင်မှာ မောင်းနှင်လာခဲ့တဲ့
မဟာခရီးကြမ်းကြီးမှာ …။

နေရာကလေးတစ်ခုအတွက်
အလုအယက် အကန်ကျောက်
အိတ်ပေါက်နဲ့ ဖားကောက်သလို
ဟိုကယို သည်ကဖိတ်နဲ့
စိတ္တဇ လူနာတွေ ပြည့်သိပ်လျက်နေ၏ ။

စမြိန်စာကလည်း
 မြိန်စရာမရှိ ။
သဲချောင်းလမ်းမှာ
လှည်းမောင်းတမ်း ကစားနေရသလိုရှိ၏ ။

လှမ်းသာလှမ်းခဲ့ရ
ပန်းတိုင်က ဘယ်မှာမှန်းမသိ ။

မသိခရီးမှာ
သတိကြီးကြီးထားဖို့ လို၏ ။

ဖူးငုံလည်း ရှိ၊ ဆူးချုံလည်း ရှိ ။

တင်မိုး
၁၁၊ ၄၊ ၉၉ တနင်္ဂနွေနံနက်
ရွှေမော်ကွန်း မဂ္ဂဇင်း အမှတ်( ၃၁ )၂၀၀၀၊ ဇန္န၀ါရီ၊
ကဗျာသရုပ်ဖော်ပုံကို ဆရာဝရက မေတ္တာဖြင့် ရေးဆွဲပေးခဲ့တာပါ။


0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More