မျှော်လင့်ခြင်း “ မောင်စင်ကြယ် ”

Photobucket

သူ့ရဲ့အတ္တ၊ ကိုယ့်ရဲ့အတ္တ
အားလုံးရဲ့ အတ္တ ထိုတခဏ
မြိုချလို့ ရမယ်ဆိုရင်။

သူရဲ့မာန၊ ကိုယ်ရဲ့မာန
အားလုံးရဲ့မာန ထိုတခဏ
ခ၀ါချလို့ ရမယ်ဆိုရင် ။

သူရဲ့သံသယ၊ ကိုယ့်ရဲ့ သံသယ
အားလုံးရဲ့ သံသယ ထိုတခဏ
မေ့ပျောက်ကြမယ်ဆိုရင် ။

သူရဲ့အာဃာတ၊ ကိုယ့်ရဲ့ အာဃာတ
အားလုံးရဲ့ အာဃာတ ထိုတခဏ
ပြာချလို့ ရမယ်ဆိုရင် ။
သူ့ရဲ့ မုဒိတာ၊ ကိုယ်ရဲ့ မုဒိတာ
အားလုံးရဲ့ မုဒိတာ ( ကျန်စစ်မင်း မုဒိတာမျိုး)များ
ပွားများနိုင်မယ်ဆိုရင်။
ဒွပဲဖြစ်စေ တြိပဲဖြစ်စေ
မျက်နှာချင်းဆိုင် ကြာပန်းခိုင်သို့
မွှေးကြိုင်ရနံ သင်းပျံဝေေ၀
လှပေစေမည် မြန်ပြည်အကျိုး
ရည်မျှော်ကိုး၍ ရိုကျိုးလိုက်ရပါသတည်း။   ။

မောင်စင်ကြယ်
၃.၂.၂၀၀၀
ရွှေမော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃)
မတ်လ၊ ၂၀၀၀

ကျန်စစ်မင်း၏ မုဒိတာ ။       ။ များစွာသောခပ်သိမ်းသော သူအပေါင်းတို့သည် သားတကွဲ၊ မယားတကွဲ၊ မိတကွဲ ဘတကွဲ ဖြစ်ကြရကုန်၏ ။ ထိုသူတို့၏ ဆင်းရဲခြင်းဒုက္ခကို ငါငြိမ်းပါအံ့ ။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့  ။ ငါ၏ လယ်ျာလက်ဖြင့် ဆန်စပါး ၇ိက္ခာကို ပေးအံ့ ။ ငါ၏ လက်ဝဲလက်ဖြင့် ၀တ်စားတန်ဆာကို ပေးအံ့ ။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်စေအံ့ ။ ( ကျန်စစ်မင်း- ခရစ်နှစ်( ၁၀၈၄-၁၁၁၂) ရွှေစည်းခုံဘုရားကျောက်စာမှ ..)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More