တွေ့လား ၊ အရိုးကို အရွက် မဖုံးဘူး

မိုးစို ၊ နှင်းခဲ ၊နေလောင် ၊ အမျိုးမျိုး နဲ့ အဖုံဖုံ
အမိုးက အရိုးပြိုင်းပြိုင်း
Performance လုပ်နေတာလား ၊ ထိုင်လိုက် ၊ ထလိုက်
( ကြော်ညာ ) မဟုတ်ဘူး ၊ ပြောင်းသွားပြီ ၊ မဟုတ်သေးဘူး
ပုံတူ စက်ရုပ်နဲ့ သရုပ်ပြပုံမှာ ၀တ်စုံတွေပြောင်း
Invisible man ဟာ ထွင်းဖောက်မြင်ကွင်း ( သို့ မဟုတ် ) အာကာသ
အညင်းအခုံဟာ အနုပညာလား ၊ ကမုတ်ခွက်မှာ ရေပန်းကိုမြင်
ကြည့်ရင်း အစားပျက် ၊ ဝေဒနာ ၊ ခံစား ၊ ရှုမှတ် ၊ ဖြစ် ၊ ပျက်
နှင်းခဲ ပန်းပု ၊ သဲ ပန်းပု ၊ ဖြစ်ပျက် မြင်အောင်ရှု
ပျက်အောင် လုပ်တာ ၊ ဖြစ်အောင် လုပ်တာ ၊ လူ
လူတွေ ၊ ကျောက်ရုပ်တွေ မဟုတ်ဘူး ၊ အရိုးပြိုင်းပြိုင်း
ပလာစတာ ရုပ်တုကို ဓာတ်ငွေ့ကာ ၀တ်စုံ ၀တ်ပေး
( ကြော်ညာ ) ဘုရင်ကြီး အရိုင်းက ဓာတ်ခဲသုံးဖို့ အမိန့်တော်ထုတ်
ပတ်ဝန်းကျင် ထိန်းသိမ်းရေးလား ၊ ညူကလီယာ ဆန့်ကျင်ရေးလား
ဒီစာကို လျှပ်စစ်မီးအောက်မှာ ရေးတာ ၊ မြှင့်စက်သုံး
/ မသုံး ၊ ယူသွားလို့ ခရမ်းချဉ်သီးမှာ မျက်မှန်တပ်လိုက်တယ်
Installation ဖြစ်ချင် ဖြစ်မယ်
အမိုး ၊ အကာတော့ မရှိဘူး ။ ညာဏ်ဦးဖို့ လိုမယ် ။ ထင်ရဲ့ ။
အထင် နဲ့ အမြင်ဟာ ကျောချင်းကပ်လို့ ...   ... ။                ။

ငြိမ်းစိုးဦး
( July ; 17 ; 2011 )
“ကဗျာတွင် ပါဝင်သော ( ကြော်ညာ ) မှာ မြန်မာ နိုင်ငံ ရုပ်မြင်သံကြား အစီအစဉ်များတွင်
အသုံးပြုနေသော ကြော်ညာများမှ ရယူထားခြင်း ဖြစ်ပါသည် ။ ”
ရွှေမော်ကွန်း 
အသုံးပြုသည့်ရက်စွဲ ၂၀၁၁၊ ဇူလှိုင် ၁၈

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More