ဂျပန်နို့ထွက်ပစ္စည်းနှင့် ဟင်းရွက်များတွင် ရေဒီယိုသတ္တိကြွဓာတ်များ ပါဝင်နေမူနှင့် ဆက်စပ်သတင်းများ

Photobucket


ဖူကုရှိမားရှိ နျူဓာတ်ပေါင်းဖို ပေါက်ကွဲပြီး နောက်မှာ ဂျပန်အစိုးရမှ ကီလို ၃၀ ထိကို အန္တရယ်ဇုံအဖြစ် သတ်မှတ်ထားပြီး၊ စားကုန်သောက်ကုန်အားလုံးကို ဓာတ် ရောင်ခြည်သင့်မသင့်ဆိုတာကို စစ်ဆေးမှုများလုပ်ဆောင်နေလျှက်ရှိရာ  အန္တရယ်ဇုံအဖြစ်သတ်မှတ်ထားသည့် ဖူကုရှိမားမှ နို့ထွက်ပစ္စည်းများတွင် ရေဒီယိုသတ္တိကြွဓာတ်များ ပုံမှန်ထက် ပိုမိုပါဝင်နေကြောင်းတွေ့ရှိရသလို ကီလို ၃၀ ပတ်ဝန်းကျင်တွင် ရှိနေသည့် အိဘရခီ ခရိုင်ဒေသမှာ Hoorensoo( ဂျပန်ဟင်းနုနယ်ရွက်) များတွင်လည်း ရေဒီယိုသတ္တိကြွဓာတ်များ ပုံမှန်ထက် ပိုမိုပါဝင်နေကြောင်းတွေ့ရှိ စစ်ဆေးရကြောင်းကို အစိုးရ ထိပ်တန်း အရာရှိတစ်ဦးဖြစ်သည့် ယူကီယိုအီဒင်နို က တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပြီး၊ လက်ရှိ စစ်ဆေးစမ်းသပ်တွေ့ရှိရသည့် ရေဒီယိုသတ္တိကြွဓာတ် ပါဝင်မှုနှုန်းထားမှာ အလွန်အမင်း မြင့်မားသည်ဟု မဆိုနိုင်သေးကြောင်းနှင့် လူတစ်ဦးအနေဖြင့် ထိုကဲ့သို့ အစားအစာများကို တစ်နှစ်ကြာ စားသောက်ခဲ့ခြင်းမှာ ခန္ဓာကိုယ်တစ်ခုလုံးကို CT Scan တစ်ကြိမ်ရိုက်သည်နှင့် အတူတူပင်ဖြစ်ကြောင်း ထိပ်တန်းအရာရှိမှ ဆက်လက်ပြောကြားသွားခဲ့သည်။ 

 ကီလို ၃၀ အကွာအဝေးမှာရှိသည့် အီဘရခီခရိုင်ဒေသမှ လူအယောက် ၃၀၀ အား နျူဓာတ်ရောင်ခြည်သင့်မသင့်ကို စစ်ဆေးနေပြီဖြစ်ပြီး၊ ဖူကူရှီးမားခရိုင်မှာ လူ တသောင်းကို နျူဓာတ်ရောင်ခြည်သင့်မသင့်ဆိုတာ စစ်ဆေးမှုတွေကို စတင်လုပ်နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။


နျူဓာတ်ပေါင်းဖိုအအေးပေးကန်များကို လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးအတွက် ကြိုးစားနေ

ဖူကုရှီးမားရှိ နျူဓာတ်ပေါင်းဖို အမှတ် ၂ အား လျှပ်စစ်ဝါယာကြိုးများကို သွယ်တန်းပြီးစီးပြီဖြစ်ကြောင်း ၊ Tokyo Electric Power ကုမ္ပဏီက ပြောကြားသည်။ စက်ရုံဝန်ထမ်းများမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဓာတ်ပေါင်းဖိုများတွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနိုင်ရန် အပူတပြင်း ကြိုးပမ်းနေကြပြီး။ နျူကလီးယား ဓာတ်ပေါင်းဖိုများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မူမူကြောင့် အအေးပေးစက်များ လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ အအေးခံ ရေကန်အတွင်းရှိရေများ အပူရှိန်ကြောင့် လျှော့နည်း ခြောက်ခမ်း သွားခဲ့ပြီး အပူချိန်မြင့်တက်ကာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပေါင်းဖို အမှတ် ၂ တွင် လျှပ်စစ်ဓာတ်အား စနစ်သစ်တစ်ခုအား လျှပ်စစ်ကြိုး သွယ်တန်းပြီး အအေးပေးစနစ်ကို စတင်လည်ပတ်နိုင်အောင်ကြိုးစားသွားမည်ဖြစ်ပြီး Tokyo Electric Power ကုမ္ပဏီမှ နျူကလီးယား ဓာတ်ပေါင်းဖို အမှတ် ၁၊ ၂၊ ၅နှင့် ၆တို့၏ အအေးပေးစနစ်များကိုပါ ပြန်လည်လည်ပတ်သွားနိုင်အောင် ကြိုးပမ်းသွားမည်ဟု မတ်လ ၁၉ ရက်နေ့က ဂျပန်သတင်းများတွင် ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ဒုက္ခသည်တွေကို စတင်ပြောင်းရွှေ့နေပြီ

ငလျှင်နှင့် ဆူနာမီဒဏ်သင့်ပြီး ငလျှင်ဘေးပုန်းခိုသည့် အဆောက်အဦးများတွင်ရှိနေသည့် ဖူကုရှိမားခရိုင်ဒေသအတွင်းရှိ ဒုက္ခသည်များမှာ၊ လျှပ်စစ်၊ ဂတ်စ်နှင့် ရေကောင်းရေသန့် လုံလောက်စွာမရရှိခြင်း၊ ရာသီဥတုအေးသည့် ဒဏ်ခံစားရမူများကြောင့် ဖျားနာသူများ များပြားလျှက်ရှိပြီး သက်ကြီးရွယ်အို ၈ဦး သေဆုံးသွားခဲ့ရသည်။ နျူဓာတ်ပေါင်းဖို ပေါက်ကွဲသည့် အန္တရယ်ဇုံနှင့် နီးစပ်သည့် ဒုက္ခသည်များကို အပူတပြင်း ပြောင်းရွှေ့ပေးလျှက်ရှိပြီး တစ်ချို့မှာ တိုကျိုနှင့် မဝေးလှသည့် ဆိုက်တမ ခရိုင်ဒေသရှိ ချုးအုဂု အရပ်သို့ ဘစ်စကားများဖြင့် ပြောင်းရွှေ့ခေါ်ဆောင်လာကြပြီ ဖြစ်သည်။
ဂျပန်အစိုးရက ဖူကူရှီးမားစက်ရုံ၏ နျူကလီးယား ဓာတ်ပေါင်းဖိုမှ ထွက်ပေါ်လာသည့် ရေဒီယိုသတ္တကြွမှုများကြောင့် ပြည်သူအချို့ သေဆုံးနိုင်သည်ဟု ဝန်ခံလိုက်ပြီးနောက် ဖူကူရှီးမားစက်ရုံကို ပိုင်ဆိုင်သည့် Tokyo Electric Power ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူမှာ ဝမ်းနည်စွားငိုကြွေးခဲ့သည်။
ဝမ်းနည်းငိုကြွေးနေသည့် Tokyo Electric Power ကုမ္ပဏီအကြီးအကဲ

နျူကလီးယား အန္တရာယ်ကျရောက်မှုကို အဆင့် ၇ ဆင့်ဖြင့် သတ်မှတ်ထားပြီး သမိုင်းတွင် အဆိုးဆုံး နျူကလီးယား စိမ့်ထွက်မူ ကို ၁၉၈၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ယူကရိန်းနိုင်ငံမှ ချာနိုဘိုင်းကို အဆိုးရွားဆုံးအဆင့် ၇ အဖြစ် သတ်မှတ်ခဲ့သည်။ လက်ရှိ နျူပေါက်ကွဲမှူအခြေအနေမှာ အဆင့် ၅ အထိရှိနေပြီး ဂျပန်ကာကွယ်ရေးတပ်၊ မီးသတ်နှင့် ရဲတပ်ဖွဲ့ဝင်များက နျူအမှတ် ၃နှင့် အမှတ် ၄တို့အတွင်းရှိ အအေးပေးရေလှောင်ကန်အတွင်းရှိ ရေများ ခမ်းခြောက်လျှော့နည်းသွားမူကို ကာကွယ်ရန် ၇ နာရီကြာ တစ်ခါ ပေါက်ကွဲနေသည့် အပေါ်ဘက်အပေါက်မှနေ၍ တိုကျိုမီးသတ် သတ်ဖွဲ့မှ မီးသတ်ကားအပါအ၀င် အလိုအလျှောက် ရေပက်ဖြန့်ပေးနိုင်သည့် စက်များကိုအသုံးပြု၍ ပင်လယ်ရေဖြင့် ပက်ဖြန်းပေးလျှက်ရှိပြီး ၇နာရီကြာ ရေပက်ဖြန်းမူမှာ အအေးခံ ပေါင်းအိုးကန်အတွင်းရှိ ရေပမာဏနှင့် ညီမျှသည့် ရေ ၁၂၆၀တန် ညီမျှသည်။ ကန်အတွင်း ရေပက်ဖြန်းမူကြောင့် ရေပမဏာ မည်မျှ ၀င်ရောက်သည်ကိုတော့ ခန့်မှန်း ပြောဆိုလို့ မရနိုင်ပါ။ တိုကျိုမီးသတ်မှ လက်ရှိ အဆင့်မြင့် အကောင်းဆုံး မီးသတ်ကားအစီး ၄၀ နျူဓာတ်ပေါင်းဖိုပေါက်ကွဲသည့် ဖူကူရှိမားသို့ စေလွတ်ထားရှိပြီဖြစ်ကြောင်းလည်း သိရှိရသည်။

နျူ ပေါက်ကွဲမှူကြောင့် ရေဒီယိုသတ္တိကြွ ပစ္စည်းများ လေထုထဲပျံနှံ့ရောက်ရှိ

ဂျပန်အစိုးရနဲ့ မီဒီယာတွေကတော့ ဖူကုရှိမားနျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲပြီး ရေဒီယိုသတ္တိကြွပစ္စည်းများ လေထုထဲပျံနှံနေမှုကို ဖုံးကွဲထားဆဲရှိပြီး ကီလို ၃၀အတွင်းလောက်ဘဲ ပျံနှံနိုင်တာမို့ အဲဒီနေရာဒေသတွေထိဘဲ အန္တရယ်ဇုံအဖြစ် သတ်မှတ်ထားပြီး တစ်ခြားနေရာတွေကို ရောက်ရှိလည်း ဘာမှမဖြစ်နိုင်လို့ ကြော်ငြာပေးနေသော်လည်း၊ ယခု အိဘရခီခရိုင်မှာ ကီလို ၃၀တွင်ရှိနြေ့ပီး Hoorensoo( ဂျပန်ဟင်းနုနယ်ရွက်)များတွင် ရေဒီယိုသတ္တိကြွဓာတ်များ ပုံမှန်ထက် ပိုမိုပါဝင်နေကြောင်းတွေ့ရှိ စစ်ဆေးရခဲ့သည်။ ဖူကုရှိမားနှင့် ဝေးကွာသည်ဆိုသည့် တိုကျိုမှာပင် ပုံမှန်ရှိသင့်သည်ထက် ရေဒီယိုသတ္တိကြွဓာတ်များ အနည်းငယ်ပိုနေသည်ကို တွေ့ရှိရပြီး ၄င်း ဓာတ်ရောင်ခြည်သင့်မူကိုခံစားရသူများမှာ လတ်တလောဘာမှမဖြစ်နိုင်သော်လည်း နှစ်ကာလကြာမြင့်မှ အဆုတ်ကင်ဆာရောဂါနှင့် သွေးကင်ဆာ အပါအ၀င် တစ်ခြားရောဂါများ ဖြစ်ပွားနိုင်မှုနှုန်း ပုံမှန်လူထက် ဖြစ်ပွားမူ ပိုမြန်ဆန်နိုင်ပါသည်။

နိုင်ငံတကာ နျူကလီးယား တိုင်းတာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ နျူကလီးယားအန္တရာယ် ကျရောက်မှု အဆင့် ၅ မှာ နျူကလီးယားဓာတ်ပေါင်းဖို၏ အဓိကလောင်စာခန်းများ ဆိုးရွားစွာပျက်စီးပြီး ရေဒီယိုသတ္တိကြွပစ္စည်းများ လွှင့်ထုတ်မှုဖြစ်ပေါ်ကာ ရေဒီယိုသတ္တိကြွမှုကြောင့် သေဆုံးမှုအချို့ ဖြစ်ပေါ်နိုင်ကြောင်းကို ပြောဆိုထားပြီး။  
WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့) က ပြောရေးဆိုခွင့် ရှိသူ ဂရက်ဂိုရီ ဟတ်တ် က တော့ ယခု သောကြာနေ့ အကုန်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ဖူကူရှီးမားက အနုမြူ ယိုစိမ့်မှုဟာ အပြင်ဖက်မှာ ရှိနေတဲ့ လေထု အဆိပ်သင့်မှုဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အဆင့် ရောက်နေပြီဆိုတဲ့ အကြောင်း တရားဝင် ထုတ်ပြန်ကြေငြာ သွားပါတယ်။ ရေဒီယိုသတ္တိကြွအမှုန်အမွှားများဟာ အမေရိကန်တို့ပျံနှံရောက်ရှိသွားပြီဖြစ်ပြီ့း  ဥရောပနိုင်ငံအချို့ကိုပါ မကြာမှီကူးစက်ပျံနှံဖွယ်ရှိကြောင်းကိုလည်း နိုင်ငံခြားသတင်းဌာနတွေရဲ့ သတင်းထုတ်ပြန်မူတွေမှာ ဖော်ပြထားရှိပါသည်။

ဘယ်လိုကာကွယ်မလည်း

ဂျပန်မှာ ရောက်ရှိနေထိုင်နေတဲ့ မြန်မာလူမျိုးတွေအတွက် အပြင်ထွက်ရင် နှာခေါင်းစီးကိုတတ်ဆင်ထားကြဖို့၊ အသီးအရွက်နှင့် အစားအသောက်တွေကို အစိမ်းစားသောက်ခြင်းမှ ရှောင်ကျဉ်ပြီး အစားအသောက်များကို ရေစင်စင်ဆေးပြီး မီးပြင်းပြင်းနှင့် ချက်ပြုတ်စားစောက်ကြဖို့ လိုအပ်ပြီး၊ မလိုအပ်ဘဲ အပြင်ထွက်ခြင်းမှ ရှောင်ရှားကြမယ်၊ နောက်နေ့တွေမှာ မိုးရွာနိုင်တဲ့ အခြေအနေရှိတာမို့ မိုးရေမစိုစွတ်မိအောင် ထီးနှင့် မိုးကာတွေကို ဆောင်ထားပြီး လုံခြုံအောင်ဆောင်းကြဖို့ လိုအပ်ပါသည်။ ကလေးငယ်များကိုပါ နှာခေါင်းစီးပိတ်စတွေ တတ်ဆင်ပေးထားခြင်းဖြင့် ကာကွယ်မူကိုရယူထားခြင်းဟာ အကောင်းဆုံး ဖြစ်ပါသည်။ အိုင်အိုဒင်းဓာတ်ဆားစားသုံးပေးပါ။
တရုတ်ပြည် ဂင်စုပြည်နယ် လင်န်ဇောင်းမြို့ ကုန်တိုက် တခုမှာ ယမန်နေ့က အိုင်အိုဒင်းဆား အလုအယက် ဝယ်ယူနေကြပုံ
ဂျပန်အစိုးရနဲ့ ဂျပန်မီဒီယာတွေ သတင်းအမှန်ထုတ်ပြန်ရဲ့လား ?
ဂျပန်အစိုးရနဲ့ မီဒီယာတွေကသတင်းတွေထုတ်ပြန်ရာမှာ လက်ရှိအဖြစ်အပျက်အခြေအနေတွေနဲ့ ပတ်သက်လို့ အမှန်အတိုင်းအရှိအတိုင်း ထုတ်ပြန်ပေးရဲ့လားလို့ သံသယဖြစ်စရာ တွေ ရှိကောင်းတွေ့ကောင်း တွေ့နိုင်မှာတော့ အမှန်ပါဘဲ။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ တီဗွီသတင်းတွေကနေ အဆက်မပြတ်ထုတ်လွှင့်ပေးနေပြီး နျူပေါက်ကွဲမူကို အမြန်ဆုံး ကြိုးစားလုပ်ဆောင်နေတာတွေကို တွေ့မြင်ရမှာဖြစ်သလို၊ ကယ်ဆယ်ရေးနဲ့ ပက်သက်လို့ အပူတပြင်းလုပ်ဆောင်နေမူတွေကိုပါ တွေ့မြင်ခံစားရမှာပါ။ မီဒီယာသတင်းတွေမှာ ဖော်ပြနေပေမယ့် အထိတ်တလန့်ဖြစ်စေမယ့် သတင်းကြော်ငြာမူမျိုးကို ရှောင်ကျဉ်နေတာဟာ ငလျှင်ဒဏ်နှင့် ဆူနာမီဒဏ်ကို အလူးအလှဲခံစားပြီး ဒုက္ခပင်လယ်ဝေနေသည့် ဂျပန်ပြည်သူများ အထိတ်တလန့်ဖြစ်မည်ကိုစိုးရိမ်ခြင်း၊ အထိတ်တလန့်ဖြစ်ပြီး သွေးလန့်ခြောက်ခြားပြီး မလိုလားအပ်သည့် ပြသနာများဖြစ်ပွားလာနိုင်ခြင်း၊ နိုင်ငံတကာ၏ ပြောဆိုဝေဖန်မှုများနှင့် အပြစ်တင်ခံရနိုင်ခြင်းတို့ကြောင့် သတင်းတွေထုတ်ပြန်ပေးနေပြီး နျူပေါက်ကွဲမှူကို အပူတပြင်းကြိုးစားလုပ်ဆောင်ပေးနေသော်လည်း နောက်ဆုံးအခြေအနေထိ သတင်းတွေကို အထိတ်တလန့်ဖြစ်စေမယ့် ကြော်ငြာမူမျိုး လုပ်ဆောင်သွားမှာမဟုတ်လို့ ခန့်မှန်းတွက်ဆနိုင်ပါသည်။ သတင်းအမှန်ကို လျှော့ပြောတာမျိုးတွေ လုပ်ဆောင်နေတယ်ဆိုရင်တောင် ဒုက္ခပင်လယ်ဝေနေတဲ့ သူ့နိုင်ငံသားတွေအပေါ် ထားရှိတဲ့ စေတနာကြောင့်လို့သာ ခန့်မှန်းသုံးသတ်ရမှာဖြစ်ပါသည်။

သေဆုံးသူအေ၇အတွက်

ငလျင်နှင့်ဆူနာမီကြောင့် သေဆုံးသူ အရေအတွက်မှာ ၆,၉၁၁ ဦးအထိ ဆက်လက်မြင့်တက်လာပြီး ပျောက်ဆုံးနေသူ အရေအတွက်မှာ ၁၀,၃၁၆ ဦးဖြစ်ကြောင်း ဂျပန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ကြော်ငြာသွားသည်။

ယခုရေးသားသည့် သတင်းအား CNN News၊ Ashi news, BB news, NHK newsနှင့် ဂျပန်တီဗွီမှ ထုတ်လွှင့်ပေးနေတဲ့ သတင်းများကို  ဆက်စပ်ကိုးကားရေးသားခြင်းသားခြင်းသာဖြစ်သည်။

ဆူနာမီကျော်

ဓာတ်ပုံများကို CNN NEWS, Chen YangFor China Dailyနှင့် NHK TV NEWS မှပုံများကို တင်ပြသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More